17/07/2025
မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ တော်လှန်ရေးကာလအတွင်း တက္ကသိုလ် တက်လက်စ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေး အဆက်မပြတ်သွားစေရန်ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားမှု ပြီးမြောက်သူများကို ဘွဲ့လက်မှတ်အပ်နှင်းရန် တက္ကသိုလ်၏ ပညာရေးအဖွဲ့မှ ဆုံးဖြတ်ပြီး ဖြစ်ပါသည်။
ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ တဆင့် မြန်မာ့နွေဦးတက္ကသိုလ်၌၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း တွင် ဖွင့်လှစ်ခဲ့သော စီးပွါးရေးပညာမဟာဌာန ၊ ဘောဂဗေဒဘာသာရပ်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘာသာရပ် စတုတ္ထနှစ် အတန်းတို့၏ Batch - 1 ဒုတိယပညာသင်ကာလ (Second Semester) စာမေးပွဲတွင် အောင်မြင်သူများ အနေဖြင့် ဘွဲ့ယူရန် စာရင်း ပေးသွင်းနိုင်ရန်ဖြစ်ပါသည်။
အသေးစိတ်ကို
https://www.facebook.com/share/1FRvoNg28f/?mibextid=wwXIfr
မှာ ကြည့်ရှုနိုင်ပါသည်။
ဘွဲ့ရ ရန်ကုန်စီးပွါးရေးတက္ကသိုလ် ကျောင်းသားများ အနေဖြင့် [email protected] သို့လည်း email ပေးပို့ ဆက်သွယ်နိုင်ပါသည်။