သန်လျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ မိသားစု

  • Home
  • Myanmar
  • Yangon
  • သန်လျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ မိသားစု

သန်လျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ မိသားစု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သန်လျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ မိသားစု, Community College, Thanlyin, Yangon.

21/06/2016

ဆရာဦးဟန်အေး ကွယ်လွန်သွားပြီကြားသိရပါတယ်
ဆရာ ကောင်းရာဘုံဘ၀ ရောက်ရှိပါစေဆရာ

02/12/2015

၁ .၁၂.၂၀၁၅ရက်နေ့တွင်ပြုလုပ်သော သန်လျင်နည်းပညာတက္ကသိုလ် ITC - GTI - GTC - TU ကျောင်းသားဟောင်း ဖြစ်မြောက်ရေး အစည်းအဝေးအရ နောက်တစ်ကြိမ် ကျောင်းသားဟောင်းများ အစည်းအဝေးသို့ အဆင်ပြေပြေ တက်ရောက်နိုင်ရန်အတွက် ရုံးပိတ်ရက် တနင်္ဂနွေနေ့ ဒီဇင်ဘာ ၂၀ရက်နေ့တွင် ကျောင်းတော်ကြီးရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ကျင်းပမည်ဖြစ်သည်။
ကျောင်းသားဟောင်းအသင်း စနစ်တကျဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံနှင့် နည်းဥပဒေများကို Facebook Groupဖြစ်သော Thanlyin Technological University ITC - GTI - GTC - TU Alumni Association တွင် ကြိုတင် ဆွေးနွေးကြမည်ဖြစ်သည်။
သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းအသင်း၏ ရည်ရွယ်ချက် (အကြမ်းများ)မှာ အောက်ပါအတိုင်းဖြစ်သည်။ ထပ်မံဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်လိုသည်များလဲ ဆွေးနွေးနိုင်သည်။
၃။ ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ကျောင်းသားများ တက္ကသိုလ်၌ ပညာသင်ယူမှု ပြီးဆုံးသွားသော်လည်း တက္ကသိုလ်မှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ လက်ရှိကျောင်းသားများ၊ အခြား ကျောင်းသားဟောင်းများ နှင့် ကွန်ယက်သဖွယ် ဆက်သွယ် ကူညီနိုင်စေရန်။
(ခ) ကျောင်းသားဟောင်းများ အလုပ်အကိုင်ရရှိ အဆင်ပြေစေရေးအတွက် အခမဲ့ ကူညီ ဆောင်ရွက်ပေးရန်။
(ဂ) တက္ကသိုလ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တတ်စွမ်းသည့် အပိုင်းမှ ပါဝင် ကူညီအားဖြည့်ရန်။ အထူးသဖြင့် တက္ကသိုလ်စာကြည့်တိုက်ကို နိုင်ငံတကာတက္ကသိုလ်အဆင့်မီ ကျောင်းသား များ အားကိုးအားထားပြုနိုင်သည့် စာကြည့်တိုက်ဖြစ်လာစေရန် ဖော်ဆောင်ပေးရန်။
(ဃ) ကျောင်းသားများ ပညာသင်ယူခြင်းအပိုင်း၌လဲ တတ်စွမ်းသည့် အထောက်အပံ့များ အကူအညီပေးခြင်းနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများကျင်းပပေးနိုင်ရန်။
(င) သန်လျင်နည်းပညာတက္ကသိုလ် ဆရာကန်တော့ပွဲများနှင့် ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို အခါအားလျှော်စွာ ဦးစီးကျင်းပပေးရန်။
(စ) သန်လျင်နည်းပညာတက္ကသိုလ် ဆရာ၊ဆရာမဟောင်းများနှင့် လက်ရှိဆရာ၊ဆရာမများ၏ ကျန်းမာရေး ကိစ္စများ တတ်စွမ်းသ၍ ကူညီထောက်ပံ့ပေးရန်။
(ဆ) သန်လျင်နည်းပညာတက္ကသိုလ်သို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသော်လည်း ငွေကြေး အခက်အခဲရှိသော ကျောင်းသားအချို့အား စီစစ်ရွေးချယ်၍ ပညာသင်ဆု (Scholarship)များ ပေးအပ်ရန်။
ဝိုင်းဝန်း ဆွေးနွေး အကြံပြုနိုင်သည်။

သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းအသင်း ဖြစ်မြောက်ရေး (ယာယီကော်မတီ)

19/11/2015

နည်းပညာတက္ကသိုလ် (သန်လျင်) မှ အကို အမ များနှင့် သူငယ်ချင်းများ ညီ ညီမ များ ခင်ဗျာ
ကျနော်တို့ GTC သန်လျင် စက်မှုအင်ဂျင်နီယာ မိသားစု၏ ဒုတိယအကြိမ် အာစရိယ ပူဇော်ပွဲကို ယခုနှစ်တွင် ဒုတိယ အကြိမ် အဖြစ် ထပ်မံကျင်းပ ဖြစ်ဖို့ အားလုံး ဝိုင်းဝန်းကူညီ ပါဝင် ကြပါစို့
ကျနော်လည်း တက်နိုင်တဲ့ဘက်က ပါဝင်ပါ့မယ်

Congratulation!
30/06/2015

Congratulation!

ီDecember 28 Mechanical ဆရာ ကန် တော့ ပွဲ အကြောင်း*******************************************************************Cred...
07/12/2014

ီDecember 28 Mechanical ဆရာ ကန် တော့ ပွဲ အကြောင်း
*******************************************************************
Credit: Aung Htet

မသိသေးသော သူငယ်ချင်းများ စီနီယာ ဂျု နီ ယာ များ ရှိ သေးသဖြင့်
မကြား မသိ မရှိရအောင် အမြန် Share ပေးစေလိုပါသည်။
အလှူ ငွေများကို ၁၄ ရက် နေ့ နောက် ဆုံး ထား၍ ကောက်ခံပါမည်။

၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်အထိ

သန်လျင် နည်းပညာတက္ကသိုလ် တွင် ပညာသင်ကြားခဲ့သော စက်မှုအင်ဂျင် နီယာ
ညီအကိုမောင်နှမ များ၏ ပထမအကြိမ် အာစရိယ ပူဇော်ပွဲ အခမ်းအနားကြီးကို
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်(လှည်းတန်းမီးပွိုင့်)
နားရှိ တက္ကသိုလ်များ ဓမ္မာရုံ တွင် စည်ကားသိုက်မြိုက်စွာကျင်းပပါမည်။

အခမ်းအနားကို မနက် ၉း၀၀ တိတိတွင် စတင်မည်ဖြစ်ပြီး ၁၂း၀၀ တွင်ပြီးဆုံး
မည်ဖြစ်ပါသည်။

၁၉၉၉-၂၀၀၀ ပညာသင်နှစ်၊ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်၊ ၂၀၀၁-၂၀၀၂
ပညာသင်နှစ်၊ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ်၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်၊ အထက်ပါနှစ်များတွင်ပထမနှစ်စတင်တက်ရောက်
ခဲ့သော ကျောင်းသူ ကျောင်းသားများ ခြောက်နှစ်စာ ပါဝင်မည်ဖြစ်ပါသည်။

***အလှူ ငွေများကို ၁၄ ရက် နေ့ နောက် ဆုံး ထား၍ ကောက်ခံပါမည်။***

အရင်နေ့တွေကထက် လူပိုစုံလင်စွာ တက်ရောက် လာပြီ ဖြစ်တဲ့အစည်းအဝေးမှာကိုအောင်သူခိုင် (ကိုခိုင်ကြီး) နဲ့ ကို ဝေဖြိုးဟန် ( ကိုဝ...
07/12/2014

အရင်နေ့တွေကထက် လူပိုစုံလင်စွာ တက်ရောက် လာပြီ ဖြစ်တဲ့အစည်းအဝေးမှာ
ကိုအောင်သူခိုင် (ကိုခိုင်ကြီး) နဲ့ ကို ဝေဖြိုးဟန် ( ကိုဝင်းဥိး ) တို့က စီစဉ်ချင် တာများကို မေး မြန်းခြင်း ကျန်တက်ေ၇ာက် သူ များက ဆွေးနွေးခြင်း အတည်ပြုခြင်း
များကို လုပ်ဆောင် ခဲ့ ကြပြီး ဆပ်ကော်မတီများဖွဲ့စည်းခဲ့ကြသည်။ ဦးဆောင်စီစဉ်
သူအဖြစ် ကိုအောင်သူခိုင် ကိုဝေဖြိုးဟန်
ကျောင်းသားများကို လက်ဆောင်ကီးချိန်း စာအုပ်ပေးခြင်း နဲ့ မှတ်တမ်းတင်ခြင်း
ကိစ္စများကို ကိုသီဟနိုင်၊ ကိုကျော်ကျော်ခိုင်၊ မစုစန္ဒာမြင့်၊ မမေဦးဆွေ ။
ဆရာ ဆရာမ များကို ရင်ထိုး မှတ်တမ်းတင် ကိစ္စများကို ကိုဖြိုးေ၀၀င်း၊ မစုအိမွန်၊ မထက်ထက်လှိုင်။ ဆရာများထိုင်ခုံနေရာ စီစဉ်ခြင်းနဲ့ ကြိုဆိုရေးကို မ၀တ်ရည်နန္ဒာ၊
မချိုချို ခိုင်၊ မဇင်ဖူးဖူး။ ဖျော်ဖြေရေး မြတ်ဆရာ သီချင်းကို ကိုအောင်ထက်လှိုင်၊ ကိုကျော်မောင်မောင်စိန်၊ မမီမီကျော်၊ မစုနှင်းဖြူ။ လုံခြုံရေးကို ကိုဖြိုးဝေလင်း၊ ကိုသော်ဦးဇော် ကိုစိုးနန္ဒ၊ ကိုနော်ဇန်း။ ကန်တော့ချိုး တိုင်ခြင်း ကိုကျော်မောင်မောင်စိန်၊ ဆရာမိတ်ဆက် မ၀တ်ရည်နန္ဒာ၊ ဘဏ်ဒါရေးရှင်းတမ်းဖတ်
ခြင်း ကိုအောင်ထက်လှိုင်တို့မှ အသီးသီးတာဝန်ယူ လုပ်ကိုင်ခဲ့ပါသည်။
ဆက်လက်၍ တစ်တပ်တစ်အားပါဝင် မည့် သူငယ်ချင်းများကို လိုအပ်လျှက် ရှိပါ
သည်။ Credit; Aung Htet

14/11/2014
09/11/2014

2006 intake (2010မှာဘွဲ့ယူသူများ) သူငယ်ချင်းများ ကိုတင်မောင် ကိုနိုင်လင်းကိုကျော်မောင်မောင်စိန် ကိုသူရိန်မွန်တို့မှ ဦးဆောင်ပြီး အလှုငွေ
ကောက်ခံနေကြပါတယ်။
အခြားနှစ်မှ စီနီယာများက နောက်တပတ် ဖြစ်မြောက်ရေး အစည်းအဝေးကို 2006 ကိုယ်စားလှယ်တစ်ဦး တက်ရောက် စေချင်ပါတယ်။ အဆင်ပြေပြီး
လာနိုင်တဲ့လူရှိပါက comment ရေးပေးပါရန် ။

ဒီနေ့အစည်းအဝေး လုပ်ကြသည်
09/11/2014

ဒီနေ့အစည်းအဝေး လုပ်ကြသည်

ယနေ့စက်မှုအင်ဂျင်နီယာဌာန၏ပထမအကြိမ်အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး စတုတ္ထအကြိမ်မြောက်အစည်းအဝေးအား ကိုအောင်သူခိုင်၏နေအိမ်တွင် နေ့လည်တစ်နာရီခန့်၌ ကျင်းပခဲ့ကြပါသည်။ 2000၊ 2001၊ 2002၊ 2004၊ 2005 Intake မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်လာကြပါတယ်။ 16.11.2014 sunday နေ့လည်တစ်နာရီတွင် ကိုအောင်သူခိုင်၏နေအိမ်မှာ အစည်းဝေး ထပ်မံပြုလုပ်မည် ဖြစ်ပါသောကြောင့် ကျန်ရှိနေသေးတဲ့ 2003၊ 2006 Intake မှ ကျောင်းသားကျောင်းသူ ဟောင်းများ တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Key chainCredit - ကိုစိုးကျော်စိုး
07/11/2014

Key chain
Credit - ကိုစိုးကျော်စိုး

02/11/2014

သန်လျင်GTC မှ ၂၀၀၆ Intake Mechanical မှ ညီ ညီမ များ ရှိရင် မန့်ခဲ့ပေးပါ
ဆရာကန်တော့ပွဲအတွက် ဆွေးနွေးချင်ပါတယ်

ကျနော်တို့ ၂၀၀၅ intake များအတွက် သီးသန့် ဘဏ်အကောင့် နံပါတ်ပါ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲကို စီနီယာ များနှင့် ပူးပေါင်း၍ ...
01/11/2014

ကျနော်တို့ ၂၀၀၅ intake များအတွက် သီးသန့် ဘဏ်အကောင့် နံပါတ်ပါ
ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲကို စီနီယာ များနှင့် ပူးပေါင်း၍ ပြုလုပ်မည် ဖြစ်ပါတယ်

Address

Thanlyin
Yangon

Alerts

Be the first to know and let us send you an email when သန်လျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ မိသားစု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share