YYM Institute

Call Directions Contact the university

YYM Institute Yangon Youth Management Institute

Senior accountant 3 ယောက်နှင့် Junior accountant 3 ယောက်အလိုရှိပါတယ်။ဆိုင်ခွဲပေါင်းများစွာရှိသော F & B လုပ်ငန်းတွင်တာဝန်...
22/09/2026

Senior accountant 3 ယောက်နှင့် Junior accountant 3 ယောက်အလိုရှိပါတယ်။
ဆိုင်ခွဲပေါင်းများစွာရှိသော F & B လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန်
Senior accountant (လစာ ၈ - ၁၂ သိန်း)
Junior accountant (လစာ ၄ - ၆ သိန်း)
သုံးဦးစီ အလိုရှိပါတယ်။
Accounting software နှင့် Excel အသုံးပြုနိုင်သူပိုအဆင်ပြေပါသည်။
သက်ဆိုင်ရာ software training ပေးပါမည်။
လှိုင်သာယာမြို့နယ် ရှိ ရုံးခန်း တွင်ရုံးတက်ရပါမည်။
နယ်မှသူများအတွက် နေစားငြိမ်း စီစဉ်ပေးပါမည်။
အဆောင်နေသူမဟုတ်ပါက ferry မရှိပါ။
စိတ်ဝင်စားပါက အောက်ပါ viber သို့ CV form ပေးပို့ဆက်သွယ်နိုင်ပါသည်။
09 530 2629

📣 Invitation for Panel Discussion “Value Creation Through Finance”လုပ်ငန်းတွေမှာ Finance ကို Reporting တစ်ခုအဖြစ်သာမက Va...
29/08/2026

📣 Invitation for Panel Discussion

“Value Creation Through Finance”

လုပ်ငန်းတွေမှာ Finance ကို Reporting တစ်ခုအဖြစ်သာမက Value Creation အတွက် ဘယ်လိုအသုံးချနိုင်မလဲ?

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် Sales နဲ့ Marketing ကောင်းရုံနဲ့ မလုံလောက်ပါဘူး။

Cash Flow, Profitability, Investment, Valuation, Governance နဲ့ Financial Decision Making တွေကလည်း လုပ်ငန်းရဲ့ ရေရှည်တန်ဖိုးကို တိုက်ရိုက်သက်ရောက်စေပါတယ်။

ဒီ Panel Discussion မှာတော့ Finance နယ်ပယ်တစ်ခုလုံးကို အမြင်တစ်ဖက်တည်းနဲ့ မကြည့်ဘဲ Accounting, Corporate Finance, Valuation & Investment, Governance & Audit, Education & Capacity Building ဆိုတဲ့ မတူညီတဲ့ Expertise တွေကို စုစည်းပြီး လုပ်ငန်းရှင်တွေအတွက် လက်တွေ့အသုံးချနိုင်မယ့် အမြင်တွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

💡 ဘာတွေကို ဆွေးနွေးကြမလဲ?
🔹 လုပ်ငန်းတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ Finance Challenges တွေကို ဘယ်လိုဖြေရှင်းမလဲ?
🔹 Cash Flow & Working Capital ကို ဘယ်လိုထိရောက်စွာ စီမံမလဲ?
🔹 Profit ရှိပေမယ့် Cash မရှိတဲ့အခြေအနေကို ဘယ်လိုကာကွယ်မလဲ?
🔹 လုပ်ငန်းတန်ဖိုး (Business Valuation) ကို ဘယ်လိုမြှင့်တင်မလဲ?
🔹 Investment နဲ့ Financial Decisions တွေကို ဘယ်လိုဆုံးဖြတ်မလဲ?
🔹 Governance & Audit က လုပ်ငန်းတန်ဖိုးဖန်တီးရာမှာ ဘယ်လောက်အရေးကြီးသလဲ?
🔹 လုပ်ငန်းကြီးထွားလာတဲ့အခါ Finance Function ကို ဘယ်လိုတည်ဆောက်မလဲ?

🎤 Expert Panelists
Daw Tin Tin Nyo — Panelist
Dr. Yu Yu Myint — Panelist
U Khin Zaw Win — Panelist
Dr. Si Thu Phyo — Panelist
🎙️ Moderator — Daw Su Mon Htwe

မတူညီတဲ့ Finance Expertise တွေကနေ အမြင်မျိုးစုံကို တစ်နေရာတည်းမှာ နားထောင်နိုင်မယ့်အပြင် Academic Theory ထက် လုပ်ငန်းခွင်မှာ တကယ်အသုံးချနိုင်မယ့် Practical Insights တွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

📅 29 August 2026 (Saturday)
⏰ 7:00 PM – 9:00 PM
💻 Online Panel Discussion
Zoom ID: 861 4056 5989
Passcode: bcd

Register Here https://tinyurl.com/4hv3aecb

📌 Organized by Myanmar Business Executives Association (MBE)

👉 လုပ်ငန်းတန်ဖိုးကို Finance နဲ့ ဘယ်လိုဖန်တီးမလဲဆိုတာ သိချင်တဲ့ လုပ်ငန်းရှင်များ၊ Business Leaders များ၊ Finance Professionals များအနေနဲ့ မဖြစ်မနေ ပါဝင်သင့်တဲ့ Panel Discussion တစ်ခု ဖြစ်ပါတယ်။

မနေ့ကကမ္ဘာ့ရွှေစျေး ဘာလို့ ရုတ်တရက်ထိုးတက်လဲဆိုရင်  “အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က U.S. Treasury bonds တွေကို အနည်းဆုံး ...
21/08/2026

မနေ့ကကမ္ဘာ့ရွှေစျေး ဘာလို့ ရုတ်တရက်ထိုးတက်လဲဆိုရင် “အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က U.S. Treasury bonds တွေကို အနည်းဆုံး နှစ်ဆတိုးမြှင့်ဝယ်မယ်လို့” ကြေညာခဲ့တာကြောင့်ပဲ ဖြစ် ပါတယ်။
bond ပြန်ဝယ်တာနဲ့ရွှေစျေးနဲ့ ဘယ်လိုဆက်စပ်လဲ မသိသူတွေအတွက်သိသလောက် နဲနဲပြောပြပေးပါမယ်။
အစိုးရက bondတွေပြန်ဝယ်ခြင်းနဲ့ ရွှေစျေးဆက်စပ်ပုံ ၄ ချက်ရှိပါတယ်။
Investors တွေက မိမိရှိတဲ့ငွေလေးကိုအကျိုးအမြတ်များမဲ့ တနေရာရာမှာရင်းနှီးမြှပ်နှံပါတယ်။
၁။ ငွေချေးစာချုပ်(bond) တွေ ဒေါ်လာပေးပြီးပြန်ဝယ်တဲ့အတွက် စျေးကွက်ထဲ(လူတွေလက်မှာထဲ)ဒေါ်လာတွေပိုများလာပါမယ်။ ဒေါ်လာတွေများနေတဲ့အတွက် ဒေါ်လာတန်ဖိုးကျတဲ့ဘက်ကိုဦးတည်လာမှာကြောက်လို့ ရွှေကို ပိုဝယ်ကိုင်ကြလို့ရွှေစျေးမြှင့်တဲ့ဘက်ဦးတည်ပါတယ်။ (ပုံမှန်ဒေါ်လာနဲ့ရွှေကပြောင်းပြန်သွားပါတယ်)
၂။ bond ကိုင်လို့ရတဲ့အကျိုးအမြတ် (yield)နည်းသွားပါမယ်။ ဆိုလိုတာက bond တွေ ပြန်ဝယ်လို့ bond စျေးနှုန်းမြှင့် သွားပါမယ်။ bond မှာရင်းနှီးမြှပ်နှံချင်ရင် ငွေများများပေးဝယ်ရမှာမို့ အရင်းများလို့ မကိုက်တဲ့သဘောပြောတာပါ။ ဒါကြောင့် မကိုက်ဘူးထင်လို့ bond မှာရင်းနှီးမြှပ်နှံတဲ့သူတွေက ရွှေဘက်လှည့်မှာမို့ရွှေစျေးတက်စေပါတယ်။
၃။ bond yield % (ငွေချေးစာချုပ်ကိုင်လို့ရတဲ့အကျိုးအမြတ်%) နည်း လာလို့ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း လိုက်လျော့ချဖို့ အထောက်အကူ ဖြစ်လာလို့ အတိုးနှုန်းကျဆင်းမဲ့အလားအလာကြောင့်အတိုးရတဲ့ငွေမကိုင်ပဲရွှေကိုင်ချင်ကြလို့ ရွှေစျေးတက်ဖို့အကြောင်းဖြစ်လာပါတယ်။
၄။ စျေးကွက်ထဲငွေဒေါ်လာတွေပြန်ရောက်လာလို့ ငွေကြေး ဖောင်းပွလာနိုင်ပါတယ်။ ရွှေက ငွေဖောင်းပွမှုဒဏ်ကိုကာကွယ်တဲ့ အကောင်းဆုံး ပိုင်ဆိုင်မှုဖြစ်လို့ ရွှေဝယ်ယူစုဆောင်းမှုပိုမိုလာနိုင်လို့ရွှေစျေးတက်ဖို့အကြောင်းဖြစ်စေပါတယ်။
ဒီလောက်ဆိုရင်မနေ့က ဘာလို့ ကမ္ဘာ့ရွှေစျေးတက်ရလဲနဲနဲနားလည်မယ်ထင်ပါတယ်နော်။

အလိုရှိသည် (company တိုက်ရိုက်)အောက်ပါရာထူးများအတွက် အတွေ့အကြုံရင့် စာရင်းကိုင်များ ခေါ်ယူအလိုရှိပါသည်။𝟭. Senior Executi...
09/06/2026

အလိုရှိသည် (company တိုက်ရိုက်)
အောက်ပါရာထူးများအတွက် အတွေ့အကြုံရင့် စာရင်းကိုင်များ ခေါ်ယူအလိုရှိပါသည်။

𝟭. Senior Executive Accountant (လစာ ၁၀ - ၁၅ သိန်း)
𝟮. Senior Accountant (လစာ ၇ - ၁၀ သိန်း)
𝟯. Junior Accountant (လစာ ၅ - ၆ သိန်း)

တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်း – Trading နှင့် Manufacturing ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်ရမည်။

အရည်အချင်း

· Accounting software နှင့် Excel ကျွမ်းကျင်စွာသုံးနိုင်သူ (ပိုအဆင်ပြေသည်)
· သက်ဆိုင်ရာ software သင်ပေးပါမည်။

အလုပ်ချိန် / ရုံးတည်နေရာ

· မြို့တွင်း၊ ကန်တော်ကြီးရိပ်မွန်ရှိ ကုမ္ပဏီများတွင် ရုံးတက်ရန်
· တနင်္ဂနွေ + အစိုးရရုံးပိတ်ရက်များ ပိတ်သည်

ခံစားခွင့်များ

· ထမင်းကျွေးသည်။
· ရက်မှန်ကြေး၊ TA များခံစားခွင့်ရှိပါသည်။
· အလုပ်အရည်အချင်းပေါ်မူတည်၍ ထိုက်တန်သောလစာ ထပ်မံချီးမြှင့်မည်

စိတ်ဝင်စားပါက အောက်ပါ Viber သို့ CV form (သို့) CV ပေးပို့ ဆက်သွယ်နိုင်ပါသည်။

09 530 2629

Senior accountant နှင့် Junior accountant အလိုရှိပါတယ်။F & B လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန် Senior accountant (လစာ ၇ - ၁၀...
28/04/2026

Senior accountant နှင့် Junior accountant အလိုရှိပါတယ်။
F & B လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန်
Senior accountant (လစာ ၇ - ၁၀ သိန်း)
Junior accountant (လစာ ၅ - ၆ သိန်း)
တစ်ဦးစီ အလိုရှိပါတယ်။
Accounting software နှင့် Excel အသုံးပြုနိုင်သူပိုအဆင်ပြေပါသည်။
သက်ဆိုင်ရာ software training ပေးပါမည်။
မြို့ထဲ ယောက်လမ်းရှိ ရုံးခန်း တွင်ရုံးတက်ပြီး စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။
စိတ်ဝင်စားပါက အောက်ပါ viber သို့ CV form ပေးပို့ဆက်သွယ်နိုင်ပါသည်။
09 530 2629

အစိုးရဌာန၊အစိုးရနှင့်ပူးပေါင်းဆောင်ရွတ်နေသောလုပ်ငန်းများ၊အစိုးရ၏အစုရှယ်ယာပါဝင်နေသောလုပ်ငန်းများ Audit Rotation လုပ်ရမည်လ...
16/12/2025

အစိုးရဌာန၊အစိုးရနှင့်ပူးပေါင်းဆောင်ရွတ်နေသောလုပ်ငန်းများ၊အစိုးရ၏အစုရှယ်ယာပါဝင်နေသောလုပ်ငန်းများ Audit Rotation လုပ်ရမည်လို့ အမိန့်ကြော်ငြာစာထွက်တော့ company တွေအနေနဲ့ audit rotation လုပ်ရင်ကောင်းမလားမေးလာကြပါတယ်။ ဘယ်ဟာမဆိုကောင်းကျိုးဆိုးကျိုးတွဲနေတာပဲလေ။
စာရင်းစစ်သက်တမ်းရှည်လာတာနဲ့ ရင်းနှီးမှုများလာပြီးဘက်လိုက်မှုများလာနိုင်တယ်။ ရင်းနှီးမှုကြောင့်လာဘ်ပေးလာဘ်ယူလျော့ချနိုင်မယ်။ စာရင်းစစ်တယောက်နဲ့တယောက်အမြင်မတူနိုင်ဘူး။မတူညီတဲ့ရှုဒေါင့်ကကြည့်ပြီး တယောက်မမြင်တာ နောက်တယောက်မြင်ပြီးအားနည်းချက်ဖော်ထုတ်နိုင်တယ်။

မကောင်းတာက ရေရှည်စာရင်းစစ်တ​ယောက်ကလုပ်ငန်းရဲ့ထူးခြားချက်များ၊ လုပ်ပုံလုပ်နည်းများကိုနက်ရှိုင်းစွာနားလည်ပြီးပိုမိုထိရောက်တဲ့စစ်ဆေးမှုပြုလုပ်နိုင်မယ်။စာရင်းစစ်ပြောင်းတဲ့အချိန်မှာ စာရင်းစစ်အသစ်ကလုပ်ငန်းရဲ့အသေးစိတ်ဗဟုသုတတွေပြန်ရှာရတဲ့အတွက် ယာယီအရည်အသွေးကျနိုင်တယ်။
မိမိလုပ်ငန်းကော audit rotation system သုံးရင်ကောင်းမလားဆိုတာ မိမိ company အရွယ်အစား၊ လုပ်ငန်းသဘာဝ၊ risk level၊ စည်းမျဉ်းစည်းကမ်းတွေပေါ်မူတည်ပြီးချိန်ဆသင့်ပါတယ်။
ပုံမှန်စာရင်းစစ်ရဲ့လွတ်လပ်မှုနဲ့ထိရောက်မှုကိုစောင့်ကြည့်ဖို့ကတော့မဖြစ်မနေလိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စာရင်းစစ်လောကအနေနဲ့တော့ ဒီအပြောင်းအလဲကြောင့် စာရင်းစစ်လုပ်ငန်းများအကြားယှဉ်ပြိုင်မှုတိုးလာပြီးအရည်အသွေးပိုမိုမြင့်မားလာနိုင်မယ်လို့ထင်မြင်မိတာကြောင့် welcome policyပါ

Address

Latha Street
Yangon

Telephone

+9595014563

Website

Alerts

Be the first to know and let us send you an email when YYM Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to YYM Institute:

Shortcuts

Share