03/05/2026
ပန်းချီပညာမှာ Composition (အထားအသို) ဟာ အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုပါ။ အနုပညာလက်ရာတစ်ခုကို “ကြည့်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းမကောင်း” ဆိုတာကိုဆုံးဖြတ်ပေးတဲ့အချက်တွေထဲမှာ Composition က အဓိကပါဝင်ပါတယ်။
🎨 Composition ဆိုတာဘာလဲ?
Composition ဆိုတာက— 👉 ပန်းချီထဲရှိ အရာဝတ္ထုများ၊ လိုင်းများ၊ အရောင်များ၊ အလင်း
အမှောင်များကို
👉 ဘယ်နေရာမှာ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို ဆိုလိုပါတယ်။
အလွယ်ပြောရရင်— “မျက်စိကိုဘယ်လိုလမ်းညွှန်မလဲ” ဆိုတာပါ။
🌟 Composition ကဘာကြောင့် အရေးကြီးသလဲ?
1. 👁️ Viewer’s Eye ကို ထိန်းချုပ်ပေးတယ်
Composition က ကြည့်ရှုသူရဲ့ မျက်စိကို
👉 ဘယ်နေရာကို အရင်ကြည့်မလဲ
👉 ဘယ်လိုလှည့်ပတ်ကြည့်မလဲ
ဆိုတာကို လမ်းညွှန်ပေးပါတယ်။
2. 💡 Message ကို ပိုမိုရှင်းလင်းစေတယ်
ကောင်းမွန်တဲ့ Composition မရှိရင် ပန်းချီ
ကားက ဆွဲဆောင်မှု အားမကာင်းနိုင်ပါဘူး။
မိမိဖော်ပြလိုရာကို ကြည့်သူအာရုံ မရောက်ပဲမျက်စိထဲမှာ “ရှုပ်ထွေး” သွားတတ်ပါတယ်။
3. ⚖️ Balance (ညီမျှမှု) ဖန်တီးပေးတယ်
👉 မျက်စိအတွက် အေးချမ်းမှု (visual comfort) ပေးတယ်
👉 မညီမညာ ဖြစ်ရင် စိတ်အနှောင့်အယှက်ဖြစ်စေတတ်တယ်
4. 🎯Focus (အဓိကအချက်) ဖော်ထုတ်ပေးတယ်
👉 Subject ကို ထင်ရှားစေတယ်
👉 ကြည့်သူကို “ဒီဟာက အရေးကြီးတယ်” လို့ ပြောပေးတယ်။
📐 Composition Theory
(အထားအသိုနည်းလမ်းများ)
Composition theory ဆိုတာ တစ်ခုတည်းတစ်ခုတည်း တစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။
အဓိကအသုံးများတဲ့ နည်းလမ်း 10မျိုးေကျာ်ခန့်ရှိပါတယ်။
အောက်မှာ အရေးကြီးဆုံးတွေကိုရှင်းပြပါမယ်။—
1. Rule of Thirds (သုံးပိုင်းခွဲစည်းမျဉ်း)
👉 Canvas ကို 3×3 grid ခွဲထားပြီး
👉 အရေးကြီးသော object ကို လိုင်းတန်းတွေ ပေါ်မှာထားတယ်
✔ Natural-looking composition
✔ Beginner တွေအတွက်အရေးကြီးဆုံး
2. Center Composition (အလယ်ဗဟိုထား)
👉 Subject ကို တိတိကျကျ အလယ်မှာထားတယ်
✔ Powerful / dramatic feel
✔ Portrait တွေမှာ အသုံးများ
3. Leading Lines (လမ်းညွှန်လိုင်း)
👉 လိုင်းတွေက viewer’s eye ကို subject ဆီ လမ်းညွှန်ပေးတယ်
ဥပမာ
👉 လမ်း
👉 ရေမြောင်း
👉 အဆောက်အဦးလိုင်း
4. Symmetry & Balance (ညီမျှမှု)
👉 ဘယ်ဘက်-ညာဘက် တူညီမှု
✔ Calm & stable feeling
✔ Architecture / reflection art
5. Asymmetrical Balance (မညီမျှသော်လည်းညီ)
👉 မတူညီပေမယ့် visual weight တူညီအောင်ညှိထားတယ်
✔ Modern & dynamic feel
6. Framing (ဘောင်အတွင်းထည့်ခြင်း)
👉 Subject ကို တခြား object တွေနဲ့ ဝိုင်းထားတယ်
ဥပမာ
👉 တံခါး
👉 ပြတင်းပေါက်
👉 သစ်ပင်
7. Depth (အလျားအနံအတိမ်အနက်)
👉 Foreground / Midground / Background
✔ 3D feeling ဖြစ်စေတယ်
8. Contrast (အပြိုင်အဆိုင်)
👉 Light vs Dark
👉 Color contrast
✔ Focus ကို ထင်ရှားစေတယ်
9. Negative Space (အလွတ်နေရာ)
👉 Subject ပတ်လည်မှာ space လွတ်ထားတယ်
✔ Minimalist art
✔ Subject ကို ပိုထင်ရှား
10. Golden Ratio (သဘာဝအချိုး)
👉 Nature မှာတွေ့ရတဲ့ ratio (1:1.618)
✔ Highly aesthetic
✔ Advanced artists တွေ အသုံးများ
11. Rule of Odds (အမူအရာအရေအတွက်)
👉 3, 5, 7 object တွေက ပို natural ဖြစ်တယ်
🧠 Composition Rules တွေကို သိနားလည်ထားပြီး လိုအပ်သလို အလျော့အတင်းပြုပြင်
ဖန်တီးခြင်းဖြင့် မိမိဖော်ပြလိုရာကို ပိုမို မျက်စိရောက်စေနိုင်ပြီး ပေးချင်တဲ့ရသကို ပိုထိရာက်
ေစမှာပါ။
✔ Beginner ဖြစ်ဖြစ်
✔ Professional ဖြစ်ဖြစ်
👉 Composition ဟာ Visual Art တိုင်းအတွက်
အရေးကြီးတဲ့ ပညာရပ်တစ်ခုပါပဲ...။
OGRE Art House
တိုက်(၄၁),အခန်း(၂၁),ဒုတိယအထပ်(UAB)အပေါ်ထပ်,ရွှေအုန်းပင်အိမ်ယာ(၂)(မျက်နှာစာတန်း)(Shop House),
ရန်ရှင်းလမ်း,
(အနောက်ရန်ကင်းဈေးမှတ်တိုင်),
ရန်ကင်းမြို့နယ်,ရန်ကုန်မြို့.
ဖုန်း:၀၉၄၃၁၄၀၉၀၄,၀၉၉၆၄၃၁၄၀၉၀