Yangon Buddhist University - Shwe Pyi Thar

Yangon Buddhist University - Shwe Pyi Thar တက္ကသိုလ်၏ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်‌ကြေညာချက်များ၊ သတင်းများ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)M.A. နှင့် B.A. တန်း ကျမ်းခေါင်းစဉ် ရွေးချယ်အတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်မှုရန်ကုန်ဗု...
24/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

M.A. နှင့် B.A. တန်း ကျမ်းခေါင်းစဉ် ရွေးချယ်အတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်မှု

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ) ၏ M.A. နှင့် B.A. တန်း ကျောင်းသူ၊ ကျောင်းသားများ၏ သုတေသနကျမ်းခေါင်းစဉ်များ ရွေးချယ်အတည်ပြုနိုင်ရေးအတွက် တက္ကသိုလ်ပညာရေးအဖွဲ့မှ လိုအပ်သော စိစစ်ရွေးချယ်မှုနှင့် အတည်ပြုရေးလုပ်ငန်းများကို ကျောင်းပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေ နှစ်ရက်တာကာလအတွင်း စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါလုပ်ငန်းစဉ်တွင်—
တင်ပြလာသော M.A. နှင့် B.A. တန်း ကျမ်းခေါင်းစဉ်များကို သုတေသနပြုလုပ်ရန် သင့်လျော်မှု၊ အကြောင်းအရာဆီလျော်မှုနှင့် ပညာရပ်ဆိုင်ရာ အကျိုးရှိမှုတို့အပေါ် အခြေခံ၍ စိစစ်သုံးသပ်ခြင်း၊

ကျောင်းသူ၊ ကျောင်းသားများအား ၎င်းတို့ရွေးချယ်ထားသည့် ကျမ်းခေါင်းစဉ်နှင့် သုတေသနရည်ရွယ်ချက်များအပေါ် မေးမြန်းဆွေးနွေး၍ သုတေသနဆောင်ရွက်နိုင်မှုကို စိစစ်ခြင်း၊

စိစစ်မှုအရ သုတေသနပြုရန် သင့်လျော်သည့် ကျမ်းခေါင်းစဉ်များအား အတည်ပြုပေးခြင်း၊
လိုအပ်ချက်များရှိနေသေးသည့် ကျမ်းခေါင်းစဉ်များအတွက် ပြင်ဆင်ဖြည့်စွက်ရန် လမ်းညွှန်ပေးခြင်း၊
အတည်ပြုခြင်း မရရှိသေးသော ကျောင်းသူ၊ ကျောင်းသားများအား လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီး ပြန်လည်တင်ပြနိုင်ရန် သတ်မှတ်ရက် ပြန်လည်ပေးအပ်ခြင်း
စသည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။

ဤသို့ ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ သုတေသနလုပ်ငန်းများသည် ပညာရပ်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်၊ သုတေသနပြုလုပ်ရန် သင့်လျော်သည့် ခေါင်းစဉ်များကို စနစ်တကျ ရွေးချယ်နိုင်စေရန်နှင့် ကျမ်းရေးသားမှုလုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာ ဆက်လက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တက္ကသိုလ်ပညာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)ညီစွာဆောင်ရွက် သာသနာအတွက် တက္ကသိုလ်၏ ပုံမှန် လစဉ်အစည်းအဝေးကို 19.8.2026 နေ့ တက္ကသိုလ်၏...
20/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

ညီစွာဆောင်ရွက် သာသနာအတွက်

တက္ကသိုလ်၏ ပုံမှန် လစဉ်အစည်းအဝေးကို

19.8.2026 နေ့ တက္ကသိုလ်၏ အစည်းအဝေးခန်းမမှာ

ပြုလုပ်ခဲ့ပြီး သင်ကြားရေး ကျမ်းခေါင်းစဉ်ရွေးချယ်ရေး

ဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး သွေးလှူအသင်းဖွဲ့စည်းရေး

ပြင်ပကျောင်းသူ တစ်ဦးက တင်သွင်းမည့် M.A. ဘွဲ့ယူကျမ်းအတွက် အတည်ပြုမှု စသည်များကို ညှိနှိုင်း

တိုင်ပင် ဆွေးနွေးခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ
20.8.2026

17/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

လေးရက်မြောက် ည
ပါဠိကထာသလ္လာပ သင်တန်းပို့ချ
ပို့ချပေးသူ ဒုပါချုပ်ဆရာကြီး ဦးမြသိန်း
အချိန် ည 7:00 နာရီ
နေရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

16/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

ပါဠိကထာသလ္လာပ သင်တန်း တတိယည

ပို့ချသူ ဒုပါချုပ်ဆရာကြီး ဦးမြသိန်း

အချိန် ည 7:00 နာရီ

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

09/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

ဒုတိယ ပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်း ၏
ပါဠိ ကထာသလ္လာပ ပထမ ည ပို့ချချက်

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)ဒုပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်း၏ ပါဠိစကားပြော ပါဠိကထာသလ္လာပ ပထမ ည သင်တန်း၊ ။သင်တန်းသ...
05/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

ဒုပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်း၏
ပါဠိစကားပြော
ပါဠိကထာသလ္လာပ
ပထမ ည သင်တန်း၊ ။

သင်တန်းသား စုစုပေါင်း 35 ပါး

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ
5.8.2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)ပါဠိ သင်တန်းဖွင့်မည်။
03/08/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)

ပါဠိ သင်တန်းဖွင့်မည်။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)B.A. ဘွဲ့ယူစာတမ်း တင်သွင်းကြမည့် ၂၀၂၄-၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ Report တင...
25/07/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

B.A. ဘွဲ့ယူစာတမ်း တင်သွင်းကြမည့် ၂၀၂၄-၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ Report တင်သွင်းနိုင်ရန် အသိပေးကြေညာခြင်း

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် အောင်မြင်ပြီးမြောက်ကြသော ကျောင်းသား၊ ကျောင်းသူများသည် B.A. ဘွဲ့အတွက် မိမိတို့ ရေးသားလျက်ရှိသော B.A. ဘွဲ့ယူစာတမ်းကို မည်သို့ပြုလုပ်၍ မည်မျှပြီးမြောက်နေကြောင်းနှင့် ရှေ့အခန်းများကို မည်သို့ ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေကြောင်းကို Supervisor မှ အရည်အချင်းစစ်သည့် Report စာ တစ်စောင်ကို (25.8.2026) အင်္ဂါ‌နေ့တွင် မော်ကွန်းထိန်းရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။



မှတ်ချက် ။ ။ တင်သွင်းရမည့်ပုံစံများကို မော်ကွန်းထိန်းရုံးတွင် (1.8.2026) နေ့မှစ၍ လာရောက် ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။

သတင်းနှင့် ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)M A. & B.A.ဘွဲ့ ကျမ်းတင်သွင်းကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ‌ကျမ်းခေါင်းစဉ်တင်သွ...
25/07/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

M A. & B.A.ဘွဲ့ ကျမ်းတင်သွင်းကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ‌ကျမ်းခေါင်းစဉ်တင်သွင်းရမည့်ရက် ထုတ်ပြန်ကြေညာခြင်း

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် အောင်မြင်ပြီးမြောက်ကြသော ကျောင်းသား၊ ကျောင်းသူများသည် M.A, B.A. ဘွဲ့အတွက် မိမိတို့ ရွေးချယ်ထားသော ကျမ်းခေါင်းစဉ် (၃) ခုနှင့်အတူ အောက်ပါ သတ်မှတ်ထားသော နေ့ရက်များတွင် ကိုယ်တိုင်လာရောက် တင်သွင်းရမည် ဖြစ်သည်။

တင်သွင်းရမည့်အစီအစဉ်များ
---------------------------

နေ့ရက်။ ။ (22.8.2026) စနေနေ့
M.A. & B.A. (Buddhism)ကျောင်းသားများ

နေ့ရက်။ ။ (23.8.2026) တနင်္ဂနွေနေ့၊
B.A. (Indo-Aryan) ကျောင်းသားများ

နေရာ။ ။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ) အစည်းဝေးခန်းမ

အချိန်။ ။ နေ့လယ် (၁း ၀၀) နာရီ

သတင်းနှင့် ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ဝါဆိုကျောင်းပိတ်ရက် ထုတ်ပြန်ကြေညာခြင်း၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှ...
23/07/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

ဝါဆိုကျောင်းပိတ်ရက် ထုတ်ပြန်ကြေညာခြင်း

၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အတန်းအသီးသီးတို့အား (28.7.2026) ရက်နေ့မှ (30.7.2026) ရက်အထိ (၃) ရက်ကို ဝါဆိုကျောင်းပိတ်ရက်အဖြစ် သတ်မှတ် ထုတ်ပြန်ကြေညာအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Address

Btw Corner Of Nawarat Market & U Uttama Street, 8 Quarter, Shwepyitha Tsp
Yangon

Opening Hours

Monday 12:00 - 17:00
Tuesday 12:00 - 17:00
Wednesday 12:00 - 17:00
Thursday 12:00 - 17:00
Friday 12:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Yangon Buddhist University - Shwe Pyi Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share