ပညာရေးနဲ့စည်းကမ်းပိုင်းမှာဆိုရင်တော့ ဂျပန်နိုင်ငံကို အထူးတလည်မိတ်ဆက်ပေးစရာတောင်လိုမယ်မထင်တော့ပါဘူး။ အာရှတိုက်အတွင်းမှာခေတ်ရှေ့ ပြေးနေပြီး နယ်ပယ်မျိုးစုံမှာ ထူးချွန်ထက်မြတ်သူတွေလဲအင်မတန်များပြားတဲ့အပြင် စည်းကမ်းနဲ့သန့်ရှင်းမှုအပိုင်းမှာလဲ တကမ္ဘာလုံးကလေးစားအားကျရတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အဲ့လိုနိုင်ငံမျိုးမှာပဲ ကိုယ်ရဲ့သား၊သမီးတွေကို စနစ်တကျပညာသင်ကြားပေးနိုင်တဲ့အခွင့်အရေးရောက်ရှိလာပါပြီ။
”Faci
lity အပြည့်အဝနဲ့ OISCA Hamamatsu Kokusai High School”
အထက်တန်းကျောင်းသား၊ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးကျောင်းတွေထဲကတခုဖြစ်တဲ့ OISCA Hamamatsu Kokusai High School မှာဆိုရင် ပညာရေးအတွက်သာမက အနာဂတ်တက်လမ်းနဲ့လူနေမှုဘဝကိုပါ လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတကျောင်းပဲဖြစ်ပါတယ်။ ကျောင်းတည်ရှိရာနေရာဆိုရင်လဲ ဂျပန်နိုင်ငံရဲ့ Main Island ဖြစ်တဲ့ Honshu မှာတည်ရှိပြီး Motorcycles နဲ့ Musical instruments တွေထုတ်လုပ်မှုနဲ့နာမည်ကြီးတဲ့ Hamamatsu မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင်ကျောင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်လဲ Hamana ရေကန်လဲရှိနေတာမို့သဘာဝအငွေ့သက်တွေနဲ့အေးဆေးသက်သာစွာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။
ကျောင်းရဲ့ Main Facility တွေအနေနဲ့ဆိုရင်တော့
- Artificial turf soccer field
- Baseball ground
- Gymnasium
- Men's dormitory "Yamato dormitory"
- Women's dormitory "Seiwa dormitory"
- Cafeteria / Tea ceremony room
- Computer Room & Astronomical dome and reflecting telescope
- Vegetable garden & Vending machine corner
စတဲ့ အရည်သွေးကောင်းမွန်ပြီးအဆင့်မြင့် Facility တွေနဲ့ကျောင်းသားတွေစိတ်ကြိုက်သင်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ International Students တွေလဲအများပြားရှိနေပြီးသားဖြစ်တာမို့ Culture Shocks တွေနဲ့ Language Barrier တွေဖြစ်မှာအတွက်လဲသိပ်ပြီးစိုးရိမ်စရာမလိုအပ်ပါဘူး။ ကျောင်းကနေ Scholarships တွေလဲ Type အမျိုးမျိုးနဲ့ Offer ပေးတာမျိုးတွေလဲရှိတာမို့ ကိုယ့်ရဲ့ပညာရေးကိုအကောင်းဆုံးစတင်ချင်တဲ့ ကျောင်းသား၊ကျောင်းသူ တွေအနေနဲ့အခုပဲဆက်သွယ်မေးမြန်းနိုင်ပါပြီ။
Alerts
Be the first to know and let us send you an email when OISCA Hamamatsu Kokusai High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.