Sir Zaw-Basic Civil Engineering Class

Sir Zaw-Basic Civil Engineering Class Engineering Services College & University

 ငလျင်လှုပ်ပြီးနောက်ပိုင်း Code ကို Update လုပ်ထားတဲ့ MNBC 2025 ထွက်လာပြီမလို့MNBC 2020 နဲ့မသုံးရတော့ဘူးလို့သိရတယ်အခုအကြ...
02/07/2025



ငလျင်လှုပ်ပြီးနောက်ပိုင်း Code ကို Update လုပ်ထားတဲ့ MNBC 2025 ထွက်လာပြီမလို့
MNBC 2020 နဲ့မသုံးရတော့ဘူးလို့သိရတယ်

အခုအကြမ်းဖတ်ကြည့်တာမှာ
MNBC 2025မှာ 0.2sec Spectral Acceleration နဲ့ 1sec Spectral Acceleration Factor တွေကွာသွားတယ် Seismic Design Category မှာ ပိုပြီးပြည့်စုံလာတယ်
2025မှာ မြို့တစ်မြို့ချင်းစီရဲ့ factor တွေအသေးစိတ်ရေးပေးထားသလို factor တန်ဖိုးတွေလည်းကွာသွားတာတွေ့ရတယ်
ဥပမာ မန္တလေးဆို
MNBC 2020မှာ Ss 1.2 နဲ့ S1 က 0.7
MNBC 2025 မှာ Ss 1.8နဲ့ S1 က 1.31
ဖြစ်သွားတယ်

MNBC 2025 English Version

MNBC - 2025 pdf file download ရယူရန်

PART1-ADMINISTRATION OF PLANNING, BUILDING AND BUILT ENVIRONMENT
PART2-ARCHITECTURE AND URBAN DESIGN

https://drive.google.com/file/d/1SClcgZHC3pa3I-x4p4mnE5_SF5VLih44/view?usp=sharing

PART3-STRUCTURAL DESIGN
PART4-SOIL AND FOUNDATION

https://drive.google.com/file/d/1AWDYPEWjsolKYlwUD4v8bqJSAeojX3wm/view?usp=sharing

PART5 BUILDING SERVICES
PART5A- LIGHTING
PART5B- ELECTRICAL AND ALLIED INSTALLATIONS
PART5C- INSTALLATION OF LIFTS AND ESCALATORS
PART5E- HEATING, MECHANICAL VENTILATION AND AIR-CONDITIONING SERVICES
PART5F- FIRESAFETY, FIREPROTECTION SYSTEMS AND MEANS OF ESCAPE

https://drive.google.com/file/d/15ESMtEZLG367UBsOpjF4X5wp03Ac4nWM/view?usp=sharing

PART5D- WATERSUPPLY, DRAINAGE AND SANITATION

https://drive.google.com/file/d/1GiPIeR5d5nz4HwM8ZSUvQ57MYpT5HQXq/view?usp=sharing

PART 6- BUILDING MATERIALS
PART 7-CONSTRUCTION MANAGEMENT AND PLANNING, CONSTRUCTION PRACTICES,
SAFETY AND BUILDING MAINTENANCE

https://drive.google.com/file/d/1dcvBghT2iwufieriuIg97Ca5Psc9pMkB/view?usp=sharing

MNBC 2025 Myanmar Version

အပိုင်း ၁- မြို့ပြစီမံကိန်း၊ အဆောက်အအုံနှင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း

https://drive.google.com/file/d/1_h2YraXyZYUas8mr3HDmMCmPp_U8gfD_/view?usp=sharing

အပိုင်း ၂ - ဗိသုကာနှင့် မြို့ပြပုံစံထုတ်ခြင်း

https://drive.google.com/file/d/1LWiqJLCG4Lb7cBsHE-O_qVBpFhREfsAr/view?usp=sharing

MNBC - 2025 (pdf file download ရယူရန်)

အပိုင်း ၃ - ဖွဲ့စည်းပုံ ဒီဇိုင်း
အပိုင်း ၄ - မြေနှင့် အုတ်မြစ်

https://drive.google.com/file/d/1ZIyaVaYMCiIKzfAHY1MTlFRHw4WW29BX/view?usp=sharing

အပိုင်း ၅ - အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (က) - အလင်းရောင်
အပိုင်း ၅ (ခ) - လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း
အပိုင်း ၅ (ဂ) - ဓါတ်လှေကားများနှင့် စက်လှေကားများ တပ်ဆင်ခြင်း

https://drive.google.com/file/d/1OnsVjaq7ZgR762OVZWRMzMvorO3g-_A5/view?usp=sharing

အပိုင်း ၅- အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (င) - အပူပေးခြင်း၊ စက်စွမ်းအားသုံး လေဝင်/လေထွက်စနစ်နှင့် လေအေးပေးခြင်း လုပ်ငန်းများ
အပိုင်း ၅ (စ) - မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေးစနစ်များနှင့် အရေးပေါ် လွတ်မြောက်ရေးဆိုင်ရာ နည်းလမ်းများ

https://drive.google.com/file/d/1xqHe5PT220aZf9Ykf5-t0IEQFD6R_DB6/view?usp=sharing

အပိုင်း ၅ (ဃ) - ရေပေးဝေခြင်း၊ မိလ္လာပိုက်ဆက်ခြင်းနှင့် သန့်ရှင်းမှု

https://drive.google.com/file/d/1MlbO1e6nkG0LE0l6m80geLPHWYaXcBTJ/view?usp=sharing

အပိုင်း ၆ - အဆောက်အအုံဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ

https://drive.google.com/file/d/1Qw_sLDiQ0m66ZpBcelzBjs62iDrVUJdt/view?usp=sharing

Credit Khun Pyae

အဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းအနုပညာ • • •ကျတော်ကို သူငယ်ချင်းတွေ၊ အသိဘော်ဒါတွေ နဲ့ သင်တန်းသားဟောင်းတွေက အင်ဂျင်နီယာသင်တ...
07/04/2025

အဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းအနုပညာ • • •
ကျတော်ကို သူငယ်ချင်းတွေ၊ အသိဘော်ဒါတွေ နဲ့ သင်တန်းသားဟောင်းတွေက အင်ဂျင်နီယာသင်တန်းပြန်ပေးဖို့ အမြဲပြောတယ် ကျတော် လုံး၀မသင်တော့ဘူးဆိုပြီး ဆုံးဖြတ်ထား​တယ်လို့ ပြောလိုက်တယ် • • •
ဒါပေမဲ့ ကျတော်လွန်ခဲ့တဲ့ ၂၀၂၄နှစ်မကုန်ခင် ၁၁လပိုင်းလောက်မှာသင်တန်းပြန်ဖွင့်မယ်ဆိုပြီး တွေးမိတယ် • • •
ဘာကိုသင်မလဲဆိုတော့ • • • အခု ငလျင်ဖြစ်မှ လူတွေအသဲအသန်လိုအပ်နေတဲ့အရာ အဆောက်အအုံပြန်လည်ပြုပြင်ခြင်းအနုပညာ • • • အဆောက်အအုံတစ်ခုမှာ ငလျင်ကြောင့်ဖြစ်ဖြစ် သက်တမ်းကြာလို့ဖြစ်ဖြစ် သံတွေ သံချေးကိုက်လို့ဖြစ်ဖြစ် structure member တွေပျက်စီးတာ၊ နံရံတွေ ကွဲလာတာ၊ Foundation တွေ ပျက်စီးလာတာ အဆောက်အအုံးတွေယိုင်နဲ့လာတာ တွေကို ဘယ်လိုပြုပြင်လဲဆိုတဲ့အရာတွေ သင်ဖို့ကျန်နေသေးတာသတိရလို့ ပြန်သင်မယ်စိတ်ကူးမိတယ် • • •
အရင်က ကျတော်သင်ခဲ့တာက အင်ဂျင်နီယာတွေက အဆောက်အအုံးတစ်လုံး အစကနေအဆုံးထိ ဘယ်လိုဆောက်ရမလဲ၊ ကုန်ကျမဲ့စရိတ်တွေကိုဘယ်လိုတွက်ရမလဲ၊ ဆောက်လုပ်ရေး အတွက် Structure member တွေ load ဘယ်လိုသက်ရောက်လို့ ဘယ်လိုသံထည့်ထားလဲ အဲဒါတွေသင်ခဲ့ပြီးပြီ ငါတာ၀န်ကျေနေပြီဆိုပြီး မသင်တော့ဘူးဆုံးဖြတ်ခဲ့တာ • • •
ကျတော်တို့မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ ပျက်စီးတာကိုဘယ်လိုပြင်ရမယ်ဆိုတဲ့ သင်တန်းဘယ်သူမှသင်တာမရှိသေးတော့ ငါကအဲဒါတွေလုပ်လာခဲ့ပြီး အင်ဂျင်နီယာတွေကို ဘာလို့အဲအသိပညာတွေမပေးပဲ ထားခဲ့သင့်သလားဆိုတဲ့အတွေးရလို့ ပြန်သင်ဖို့စိတ်ကူးပြီး ဆရာ ကိုကျော်သူနိုင်၊ ဆရာစောတို့ ကျတော်သူငယ်ချင်းတွေကိုပြောတော့ သင်တင့်တဲ့အရာပဲဆ်ိုလို့ သင်ဖို့လုပ်နေရင်းနဲ့မှ ကျတော်အလုပ်တွေများလာလို့မသင်ဖြစ်သေးတာ အခုတော့ကျတော် လိုအပ်လို့သင်ပေးမယ်ဆိုတဲ့အရာက မဖြစ်မနေ လူတွေလိုအပ်တာ စောလွန်တယ်ပဲ ပြောချင်တယ်ဗျာ 😌
အခုလဲကျတော်မှာသင်ပေးဖို့အချိန်မလုံလောက်သေးတာရယ် အလုပ်တွေက ကိုယ်တိုင်သွားလုပ်ရအုံးမှာနဲ့ ကျတော်သင်ဖို့အဆင်မပြေသေးတာ ကြိုတောင်းပန်ပါရစေ • • •
မကြာခင်အချိန်မှာ အဲဒီအတွေ့အကြုံတွေ အသိတွေကို အမြန်ဆုံး မျှဝေပေးနိုင်ဖို့ကျနော်ကြိုးစားပါမယ်လို့ပြောပါရစေ • • •


ရန်ကုန်မြို့တွင်း တာ၀န်ထမ်းဆောင်ရန် • • •Site Engineer (Civil -1) ဦး  စိတ်၀င်စားသူများ 09450015750 သို့ viber မှ CV ပေး...
21/03/2025

ရန်ကုန်မြို့တွင်း တာ၀န်ထမ်းဆောင်ရန် • • •
Site Engineer (Civil -1) ဦး
စိတ်၀င်စားသူများ 09450015750 သို့ viber မှ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

ရန်ကုန်မြို့တွင် တာ၀န်ထမ်းဆောင်ရန် အတွက်  (1) မ ၁ဦး နှင့်အတူ  (1) အမျိုးသမီး ၁ဦး ခန့်အပ်ရန် ရှိပါသဖြင့် စိတ်ပါ၀င်စားသူ...
14/02/2025

ရန်ကုန်မြို့တွင် တာ၀န်ထမ်းဆောင်ရန် အတွက်
(1) မ ၁ဦး နှင့်အတူ
(1) အမျိုးသမီး ၁ဦး ခန့်အပ်ရန် ရှိပါသဖြင့် စိတ်ပါ၀င်စားသူ အမျိုးသမီး Civil အင်ဂျင်နီယာများ
095083300 သို့ Viber ကနေ CV လေးများပေးပို့ လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
အသေးစိတ်သိချင်တာရှိပါက ဖုန်းနံပါတ်ကိုသာ ဖုန်းဆက်ပြီးမေးကြပါရန်။

10”x10” RC column တိုင် တစ်လုံးသည် တန်ဘယ်လောက် ထမ်းနိုင်ပါသလဲfc’ = 2500 Psi ရှိတဲ့ ကွန်ကရိကို သုံးပါမယ်P=0.44 fc’AgP= 0....
14/11/2024

10”x10” RC column တိုင် တစ်လုံးသည် တန်ဘယ်လောက် ထမ်းနိုင်ပါသလဲ

fc’ = 2500 Psi ရှိတဲ့ ကွန်ကရိကို သုံးပါမယ်

P=0.44 fc’Ag
P= 0.44x 2500x 100
P= 110000Lb
P= 55 tons

ကွန်ကရိသား ချည်းပဲ ၅၅ တန် ထမ်းနိုင်ပါတယ်

Fy= 50000 Psi ရှိတဲ့ rebar ကို 1% ထည့်ပါမယ်
P’= 0.44 fy As
P’= 0.44x 50000x 1
P’= 22000Lb
P’= 11 tons

သံချောင်းထည့်ပေးရင် 1% တိုင်းသည် ၁၁ တန် (ကွန်ကရိနေရာ အစား ပြန်ဖယ်ပါက ~ ၁၀ တန်) ကူထမ်းပေးပါတယ်

သည့်အတွက် 10”x10” RC column တိုင် တစ်လုံးသည် ပျမ်းမျ
P=55+10= 65 tons ထမ်းနိုင်ပါတယ်။

fc’= 2000psi ပဲ ရှိတဲ့ ကွန်ကရိကို သုံးရင်တော့
ကွန်ကရိသားချည်း 44 tons နဲ့ သံချောင်းအား 1% အတွက် ၁၁ တန် အပြည့်ယူလိုက်ရင် 55 တန် ထမ်းနိုင်ပါမယ်။

သာမန် လူနေအိမ်တွေမှာ ပုံမှန် ခန်းဖွဲ့ ဖွဲ့ရင် တိုင်တစ်လုံးသည် တစ်ထပ်ကို 25 တန်ခန့် ထမ်းရပါတယ်။
10”x10” တိုင်သည် ၂ ထပ်စာ တော့ ကောင်းကောင်းနိုင်ပါတယ်၊ rebar ကစားပေးပြီး ပုံမှန်ခန်းဖွဲ့ သုံးထပ် အထိ သုံးနိုင်ပါတယ်၊
Rebar 1sqin သည် ၁၀ တန် ဝန်းကျင် ထမ်းတာမို့ သံချောင်း သက်သက် ကစားမယ် ဆိုရင် တစ်ထပ်စီ အတွက် 2.5 sqin လောက် ကစားပေးလို့ ရပါတယ်။

Engineering practice အရတော့ အရွယ်တူ Column ထဲ rebar ထည့်ရင်
Ground floor အတွက် 3%
1st floor အတွက် 2%
2nd floor အတွက် 1% ထည့်လေ့ ရှိကြပါတယ်
(Theory အရတော့ 5%, 3%, 1% ဖြစ်သင့်ပါတယ်)

Seithu Min ရေးသားသည်

ကျတော်နဲ့အတူ Projectတစ်ခု အတွက် အတူ လက်တွဲလုပ်ဆောင်ရန်   Engineer (1) post • • •  or   (Ok)  location Area (Yangon)  (Ne...
27/10/2024

ကျတော်နဲ့အတူ Projectတစ်ခု အတွက် အတူ လက်တွဲလုပ်ဆောင်ရန်
Engineer (1) post • • •
or (Ok)
location Area (Yangon)
(Negotiation)
စိတ်ပါ၀င်စားသူများနေဖြင့် 09450015750 or 09252232223 ကို viber ကနေ CV များပေးပို့နိုင်ပါသည်။ မပေးပို့ခင် ဖုန်းဆက်ပြီးလဲအသေးစိတ်မေးမြန်းနိုင်ပါသည်။


သင်တန်းသားတွေထဲက ရန်ကုန်မှာ ဆိုဒ်ထဲနေပြီး ပညာတကယ်လိုချင်တဲ့ Estimate တကယ်နားလည်တဲ့ အင်ယာတစ်ယောက်လောက်တော့ကျတော်နဲ့အတူလက်...
06/08/2023

သင်တန်းသားတွေထဲက ရန်ကုန်မှာ ဆိုဒ်ထဲနေပြီး ပညာတကယ်လိုချင်တဲ့ Estimate တကယ်နားလည်တဲ့ အင်ယာတစ်ယောက်လောက်တော့ကျတော်နဲ့အတူလက်တွဲလုပ်ဖို့ခေါ်ချင်မိတယ်

အားကစားကွင်းဆိုင်ရာသိမှတ်ဖွဟ်ရာများ။______________________ #ဘောလုံးကွင်း__________(၁)ဂိုးတိုင်အမြင့်     =၈ပေ(၂)ဂိုးတိုင...
06/12/2022

အားကစားကွင်းဆိုင်ရာသိမှတ်ဖွဟ်ရာများ။
______________________
#ဘောလုံးကွင်း
__________
(၁)ဂိုးတိုင်အမြင့် =၈ပေ
(၂)ဂိုးတိုင်အကျယ် =၂၄ပေ
(၃)ကွင်းအလျား =ကိုက်၁၁၀မှ၁၂၀
(၄)ကွင်းအနံ =ကိုက်၇၅မှ၈၀
(၅)ဂိုးဧရိယာ =၆ကိုက်
(၆)ပင်နယ်တီဧရိယာ =၁၈ကိုက်
(၇)ပင်နယ်တီအမှတ် = ဂိုးတိုင်မှ ၁၂ကိုက်
(၈)ဘီးဂုတ်စက်ဝိုင်းအချင်း=၁၀ကိုက်
(၉)ကွင်းလယ်စက်ဝိုင်းအချင်း=၂၀ကိုက်
(၁၀)ကွင်းဘေးအလံတိုင်အမြင့်=၅ပေ
(၁၁)ဘောလုံးအလေးချိန် =၁၄မှ၁၆အောင်စ့

#ဘော်လီဘောကွင်း
_____________
(၁)အလျား =၁၈မီတာ
(၂)အနံ =၉မီတာ
(၃)ပိုက်အမြင့်=၂.၄၁မီတာ

#ပိုက်ကျော်ခြင်းကွင်း
_______________
(၁)အလျား =၁၃.၄မီတာ
(၂)အနံ =၆မီတာ
(၃)ပိုက်အမြင့် =၁.၅၅မီတာ
(၄)ပိုက်အလျား =၆.၁၁မီတာ
(၅)ပိုက်အနံ =၀.၇မီတာ
(၆)ကွင်းလယ်ပိုက်အမြင့်=၁.၅၂မီတာ

#ဘတ်စကက်ဘောကွင်း
_________________
(၁)အလျား =၂၈မီတာ
(၂)အနံ =၁၅မီတာ
(၃)ဂိုးတိုင်အမြင့်=၆.၂၅မီတာ
(၄)ဂိုးအကျယ် =၆မီတာ

#တင်းနစ်ကစားကွင်း
______________
(၁)အလျား =၇၈ပေ
(၂)အနံ =၂၇ပေ
(၃)ပိုက်အမြင့်=၃.၅ပေ

#ကြက်တောင်ကွင်း
_____________
(၁)အလျား = ၄၄ပေ
(၂)အနံ =၂၀ပေ
(၃)ပိုက်ကပ်စည်းများ=၆.၅ပေ
(၄)တိုင်အမြင့် =၅ပေ၂လက္မ

#ဖူဆယ်ကွင်း
_____________
(၁) အလျား = ၁၃၈ ပေ (42m)
(၂) အနံ = ၈၂ ပေ (25 m)
(၃) ဘီးကုတ် = ၁၉ ပေ ၆ လက်မ (6 m)
(၄) ကွင်းလယ် စက်ဝိုင်း = ၉ ပေ ၈ လက်မ (3 m)
(၅) ဂိုးတိုင်အမြင့် = ၆ ပေ ၆ လက်မ (2 m)
(၆) ဂိုးတိုင်အကျယ် = ၉ ပေ ၉ လက်မ (3 m)
👉ဖူဆယ် ဆိုက် ပြည့်ကို ရေးပေးထားသည် ။

the ant

“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”RC slab တွေမှာ အုတ်ရိုးအပေါ်ကို တိုက်ရိုက်တင်ထားတဲ့ ရေကန်အဖုံး၊ မြောင်းဖုံး၊ s...
28/07/2022

“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”

RC slab တွေမှာ အုတ်ရိုးအပေါ်ကို တိုက်ရိုက်တင်ထားတဲ့ ရေကန်အဖုံး၊ မြောင်းဖုံး၊ septic tank အဖုံးကျောက်ပြား စတာတွေသည် simply supported များ ဖြစ်ကြပါတယ်၊

RC building တွေရဲ့ ကြမ်းခင်း Floor slab, Roof slab တွေကတော့ အများအားဖြင့် beam တွေနဲ့ တသားတည်း monolithic လောင်းကြတာမို့ fixed end တွေ ဖြစ်ကြပါတယ်၊

အကယ်၍ simply supported ကျောက်ပြား ဖြစ်ခဲ့မယ်ဆိုရင် အလယ်မှာ maximum positive moment
⅛ ω L² တစ်မျိုးပဲ ရှိပါမယ်၊ အဆိုပါ 1/8 ပမာဏ အထိ ထမ်းနိုင်မယ့် reinforcement ထည့်ပေးရပါမယ်၊ အောက်ဘား bottom layer ပဲ လိုအပ်ပါတယ်၊

အပေါ်လွှာ temperature and shrinkage တွေ မစဉ်းစားပါနဲ့ အောက်သံတစ်လွှာသည် သူ့အပေါ်က ကွန်ကရိသား 450mm အထိကို အပူအအေး ကိစ္စ ထိန်းချုပ်ပေးပါတယ်၊ ကွန်ကရိရဲ့ thermal expansion သည် 5.5 ဝန်းကျင်ဖြစ်ပြီး rebar က 6.5 ဝန်းကျင်မို့ သိပ်လည်း မကွာလှပါဘူး၊

Fixed end ဖြစ်လာပြီဆိုရင်တော့ နှစ်လွှာ လိုအပ်လာပါပြီ၊ ဒါကလည်း အလယ်မှာ ထမ်းနေရတဲ့ ⅛ ω L² ကိုပဲ အချို့တစ်ဝက် မျှဝေပြီး အစွန်အစပ် နှစ်ဖက်ဆီကို ပို့ပေးလိုက်လို့ပါ၊ အစွန်အစပ်တွေ မရွေ့အောင် beam နဲ့ ချုပ်ထားပါတယ်လို့ ယူဆလိုက်တဲ့ အတွက် အဆိုပါ အစွန်ချုပ်အား FEM ဖြစ်ပေါ်လာအောင် ဝေပေးလိုက်တဲ့ သဘောပါ (Calculus င်္သချာသဘောအရတော့ boundary conditions အနေနဲ့ fixed ဖြစ်နေတဲ့ နေရာတွေမှာ deflection angle ကို zero ပေးပစ်လိုက်တဲ့အတွက် ပေါ်ပေါက်လာရတဲ့ မျှဝေမှု moment ပါ)

သည့်အတွက် RC building floor တွေမှာရော
⅛ ω L² ခံနိုင်အောင် အောက်သံတစ်လွှာပဲ ခင်းမယ်၊ မရဘူးလား၊ ရပါတယ်၊
အစွန် နှစ်ဖက်မှာ ပေါ်လာနိုင်တဲ့ အရွေ့တွေကို ထိန်းချုပ်မထားတော့တဲ့ အတွက်၊
(၁) အစွန် support နေရာတွေမှာ အက်နိုင်ပါတယ်၊ (သီအိုရီ အရပါ၊ မြေပြင်မှာတော့ အက်တာ မမြင်ဖူးပါဘူး)
(၂) သေချာတာကတော့ အလယ်မှာ အိုက်ကျမှု deflection က (၅) ဆ ကြီးမားနေမှာမို့ ကြိုတင်ပြီးသာ camber ပေးမထားခဲ့ရင် အလယ်မှာ အနည်းငယ် အိကျနေမှာကတော့ သေချာပါတယ်။
ပြိုမှာလား ဆိုတော့
⅛ ω L² ကို ထမ်းပေးနေတဲ့အတွက် မပြိုနိုင်ပါဘူး

နှစ်လွှာအဖြစ် ပြောင်းလဲ ဆင်တဲ့အခါ
⅛ ω L² ကို ဝေမျှထမ်းခိုင်းတာမို့ steel area ပိုပြီး လိုအပ်လာတာမျိုးတော့ မဟုတ်ရပါဘူး၊ တစ်လွှာတုန်းက သုံးရမယ့် steel ကိုပဲ တစ်ဝက်စီ ဝေပြီး ထည့်ပေးလိုက်လို့ ရပါတယ်၊
အကျိုးတရား (၂) ခု ရပါတယ်
အစွန် support နေရာတွေမှာ ချုပ်အား ပေါ်လာတဲ့အတွက်
(၁) မအက်တော့ပါဘူး
(၂) ညွှတ်ကျမှု deflection သည်လည်း ငါးပုံလေးပုံ လျော့ကျသွားပါတယ်၊ ငါးပုံတစ်ပုံစာသာ ညွှတ်ကျပါတယ်

အပိုင်း (၂)

သည်နေရာမှာ—
အလယ် ⅛ ω L² အတွက် steel ကို တစ်ဝက်စီ ဝေပြီး 1/16 စီ ထည့်လို့ ရပါတယ် လို့ ကျနော် ပြောခဲ့ပေမယ့် ဒါကတော့ plastic အရမ်းဆန်သွားပါတယ်၊ elastic သီအိုရီ သဘောအရတော့ top အလွှာအတွက် 1/12 အထိ ရှိနေမှာပါ၊ လက်တွေ့မြေပြင်မှာလည်း နှစ်လွှာစလုံးကို 1/12 ပမာဏစီ ထည့်ပေးနေကြတာပါ၊ အချို့ designer တွေဆိုရင် top bar ကို beam လိုပဲ 1/9 ပမာဏ အထိတောင် ထည့်ပေးကြပါတယ်။

ကောင်းပါပြီ
သည်တော့ 1/12 ပမာဏကို ထည့်ပေးမယ်၊ bent up/ bent down နဲ့ ချိုးချ-ပြန်တင် လုပ်ပြီး တစ်လွှာတည်း ဆင်မယ်၊ ရနိုင်မလား

***ကျနော့ စမ်းသပ်ချက်အရတော့ ရပါတယ်***

ချိုးချ ချိုးတင် လုပ်ရမယ့် inflection point နေရာကို အရမ်းကြီး စဉ်းစား ရွေးချယ်ရမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အစွန် L/7 နဲ့ အလယ်အကွက် L/4 သည် အတော်လေးပဲ အဆင်ပြေကြောင်း တွေ့ရပါတယ်။

ကျန်တာကို အထူးတလည် မပြောလိုပေမယ့် သံတစ်လွှာချင်းအတူတူ bent up/ bent down style သည် Deflection ကို ငါးပုံလေးပုံ သက်သာသွားစေတာတော့ အငြင်းပွါးဖွယ်ရာ မရှိပါဘူး၊

RC slab မှာ သံတစ်လွှာ bent up/ bent down style သည်
သုတေသန Research တစ်ခုအတွက် လိုအပ်တဲ့
၁- သီအိုရီ—- ရှိပါတယ်
၂- အောင်မြင်မှု ( သီအိုရီနဲ့ လိုက်​လျောညီထွေရှိမှု) —— ကြုံတွေ့ရပါတယ်
ဒါပေမယ့် ကျနော့်အနေနဲ့
၃- Compare data analysis လုပ်မပြနိုင်ခဲ့ပါဘူး

နိဂုံးချုပ် ပြောရရင်…

“Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”
-ရပါတယ်၊ bent up/ bent down သံတစ်လွှာနဲ့ ခိုင်ခန့်တဲ့ မြေပြင် သက်သေတွေ ရှိိပါတယ်
-မရပါဘူး ဟိုလို ဖြစ်သွားမှာ ဒီလိုဖြစ်သွားမှာ ဆိုတာသည် စိတ်ကူးယဉ် အတွေးသက်သက်ပါ

အင်ယာ နည်းပညာ နယ်ပယ်ထဲက အကြောင်းအရာပါ၊ သုတေသန လုပ်နိုင်စွမ်း ရှိသူ၊ စိတ်ဝင်စားသူ၊ လက်တွေ့ စမ်းသပ်ကြည့်နိုင်သူတွေ အတွက်သာလျှင် ရေးပြပေးတာပါ၊ စိတ်ကူးယဉ် ဝေဖန်သုံးသပ် တွေးပြမယ့်သူတွေအတွက် မဟုတ်ပါဘူး။

Crd

Address

M301, Sanchaung Garden Residence, Sanchaung Street, Sanchaung Tsp
Yangon

Alerts

Be the first to know and let us send you an email when Sir Zaw-Basic Civil Engineering Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Sir Zaw-Basic Civil Engineering Class:

Share