18/10/2026
🔴 ဝန်ထမ်းကောင်းများကို ကိုယ့်ဆီလာလုပ်အောင် ဘယ်လို ဆွဲဆောင်မလဲ? အလုပ်ကြိုးစားအောင် ဘယ်လိုလှုံ့ဆော်မလဲ? ထွက်မသွားအောင် ဘယ်လိုထိန်းထားမလဲ?
ကုမ္ပဏီလို့ပြောရင် အဲဒီကုမ္ပဏီက လူမဟုတ်ဘူး။ ဒါပေမဲ့ ကုမ္ပဏီကို ကိုယ်စားပြုနေတဲ့ ဝန်ထမ်းတွေရှိတယ်။ ကုမ္ပဏီရဲ့ရည်မှန်းချက်တွေကို ရအောင်ကြိုးစားပေးနေတာ ဝန်ထမ်းတွေပဲ။ ဝန်ထမ်းတွေတော်ရင် ကုမ္ပဏီအောင်မြင်မယ်၊ ဝန်ထမ်းတွေလုပ်တာကိုင်တာ အဆင်မပြေရင် ကုမ္ပဏီကျရှုံးမယ်။
ဒါကြောင့် ဝန်ထမ်းမရှိရင် ကုမ္ပဏီမရှိဘူး လို့ပြောကြတာ။
ဒီတော့ ဝန်ထမ်းကောင်းတွေကိုယ့်ဆီမှာ လာလုပ်ချင်အောင် ဆွဲဆောင်ရမယ် (attracting)၊ အလုပ်ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်အောင်လုပ်ရမယ် (motivating)၊ ကိုယ့်ဆီကနေ ထွက်မသွားအောင် လုပ်ရမယ် (retaining)။
စီအီးအို တစ်ဦးဟာ attracting, motivating, retaining ဆိုတဲ့ မဏ္ဍိုင် (၃) ရပ်ကို နားလည်ထားရမယ်။ မဏ္ဍိုင်တစ်ခုစီကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ Strategy တွေ ရေးဆွဲထားရမယ်။ ဒီမဏ္ဍိုင် (၃) ရပ်အတွက် နည်းဗျူဟာတွေ ရေးဆွဲတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက် (၄) ချက်ရှိတယ်။
(၁) လုပ်ငန်းတွင်း ယဉ်ကျေးမှု (Organizational Culture)
နိုင်ငံတစ်နိုင်ငံမှာ ယဉ်ကျေးမှု ဆိုသည်ရှိတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဆိုတာ အဲဒီနိုင်ငံမှာ နေထိုင်ကြတဲ့ သူတွေရဲ့ ယုံကြည်ပြုမူလုပ်ကိုင်မှုတွေကနေ ပေါ်ပေါက်လာရတယ်။
နိုင်ငံတစ်နိုင်ငံမှာ ယဉ်ကျေးမှု ရှိသလို ကုမ္ပဏီတစ်ခုမှာလည်း ယဉ်ကျေးမှု ရှိပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ ယဉ်ကျေးမှု ဆိုတာ အဲဒီကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်ပြုမူလုပ်ကိုင်မှုတွေကနေ ပေါ်ပေါက်လာရတယ်။
ကုမ္ပဏီတစ်ခုမှာ အထက်အောက် တန်းတူ ရင်းနှီးစွာ ဆက်ဆံကြတယ် ဆိုပါစို့။ ဒါဟာ ဒီကုမ္ပဏီရဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်တယ်။
ပူးပေါင်းလုပ်ဆောင်တဲ့ Teamwork နဲ့ Collaboration ကို ဦးစားပေးတဲ့ ယဉ်ကျေးမှု ရှိရင် လစာနှင့် အကျိုးခံစားခွင့်တွေကို သတ်မှတ်တဲ့အခါ အလုပ်သမားအားလုံး ညီမျှတဲ့လစာ နှင့် အကျိုးခံစားခွင့်ကို ပေးတတ်တယ်။
ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး နှစ်စဉ်ပုံမှန်လစာ တိုးပေးတဲ့စနစ် (အားလုံးအတွက် သတ်မှတ်ထားသော %) ဆိုရင် Teamwork ကို ဦးစားပေးတဲ့ Culture ဖြစ်တယ်။
စီအီးအိုက ငါဘယ်လိုယဉ်ကျေးမှုမျိုးကို တည်ဆောက်မလဲဆိုတာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်တယ်။
(၂) ဝန်ထမ်းတွေရဲ့ လိုအပ်ချက် (The Needs of Workforce)
ကိုယ့်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ တန်ဖိုးထားတဲ့ (သို့) လိုချင်တဲ့ အကျိုးခံစားခွင့်တွေကို ပေးမှာလား၊ ဒါမှမဟုတ် Industry ထဲက အခြားကုမ္ပဏီတွေ ပေးတဲ့ အကျိုးခံစားခွင့်တွေကို အလားတူ လိုက်ပေးမှာလား? ဒါတွေကို စီအီးအိုက ဆုံးဖြတ်ရမယ်။
အိမ်ထောင်သည်တွေ များတဲ့လုပ်ငန်းမှာ သားသမီးထောက်ပံ့ကြေး ပေးတာမျိုးက ပိုအဆင်ပြေနိုင်မယ်။
(၃) လုပ်ငန်းနယ်ပယ် (The Industry)
တချို့သော လုပ်ငန်းနယ်ပယ် Industry က လစာနဲ့ ခံစားခွင့် နည်းတတ်တယ်။
အချက်အပြုတ်၊ စားပွဲထိုး စတဲ့အလုပ်အကိုင်တွေ ရှိတဲ့ Hospitality Industry ဆိုရင် လစာနည်းတဲ့နယ်ပယ် ဖြစ်တယ်။ လစာနည်းတဲ့ Industry မှာ ကိုယ့်ကုမ္ပဏီက လစာများများပေးလို့ ရနိုင်ပါ့မလား? စဉ်းစားစရာဖြစ်တယ်။
အာမခံလုပ်ငန်းနယ်ပယ်ဆိုရင် ကော်မရှင်များများပေးတဲ့ ပုံစံနဲ့ အလုပ်လုပ်တဲ့နယ်ပယ် ဖြစ်တဲ့အတွက် ဒီလို Industry မျိုးကို ဝင်ရောက်လုပ်ကိုင်ပြီဆိုရင် Industry မှာ ရှိနေပြီးသားဖြစ်တဲ့ အရောင်းဦးစားပေးတဲ့ပုံစံကို မဖြစ်မနေ လိုက်နာရတာ ရှိမယ်။
(၄) ကုမ္ပဏီတွင်း သာတူညီမျှရှိခြင်း (Internal Equality)
ကုမ္ပဏီတွင်းမှာ အကျိုးခံစားခွင့် သာတူညီမျှပေးဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ ဝန်ထမ်းတစ်ဦးနဲ့ တစ်ဦးက ပညာအရည်အချင်း မတူဘူး၊ အတွေ့အကြုံ မတူဘူး၊ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်လည်း မတူနိုင်ဘူး။ ဒါတွေကို ထည့်သွင်းစဉ်းစားထားတဲ့ ရှင်းလင်းတဲ့လမ်းညွှန်ချက် Clear Guidelines တွေ ရှိရမယ်။
Soe Win Khine
GRTD Consulting
–-- 👇👇
CEO တစ်ဦး / လုပ်ငန်းရှင်တစ်ဦး အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရေးထားတဲ့ စာအုပ် မရှိသလောက် ရှားပါတယ်။
လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ် ရေးသားဖော်ပြထားတဲ့ ပထမဆုံး စာအုပ် ထွက်ရှိလာပါပြီ...
#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို့ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် 🔻
https://www.facebook.com/share/p/1Bnr3EceFj/