07/02/2022
မင်္ဂလာညချမ်းလေးပါဗျ့.......
မနက်တုန်းက ကြိုတင်ကြေညာထားခဲ့သလိုပဲ ဒီ Post လေးမှာတော့ New Member Registration အကြောင်းကို ဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
E-Library တစ်ခုအနေနဲ့ စာအုပ်အမျိုးအစားပေါင်း စုံလင်စွာ စုစည်းထားနိုင်ဖို့ လုံလောက်တဲ့ Storage နဲ့ External Feature တွေကိုအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ကော်မတီအနေနဲ့ Google Drive ကို Year Plan နဲ့ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါတယ်။ ယခုဝယ်ယူထားတဲ့ Plan သက်တမ်း ကုန်ဆုံးချိန်မှာတော့ နောက်ထပ်
သက်တမ်းတိုးဝယ်ယူရန် လိုအပ်တာကြောင့် ကျွန်တော်တို့ E-Library လေး ဆက်လက် တည်ရှိနိုင်ရေးအတွက် Library Member ကြေးကောက်ခံဖို့ကို စိတ်မကောင်းစွာပဲ သတ်မှတ်လိုက် ရပါတယ်။ 😢😢
ဒါပေမယ့် Member ကြေးက ကျောင်းသား၊ ကျောင်းသူများအားလုံးဝ အဆင်ပြေနိုင်စေဖို့အတွက် တစ်နှစ်စာအတွက်ကိုမှ မြန်မာငွေကျပ် ၂၀၀၀ သာ ကောက်ခံဖို့ ရည်ရွယ်ထားပါတယ်ဗျာ့။
ဒါကြောင့် အုပ်ရေ ထောင်ကျော်ရှိတဲ့ စာအုပ်တွေကို ၁နှစ်တာလုံး အလွယ်တကူ ဖတ်ရှုနိုင်ဖို့အတွက် တစ်ဦးလျှင် ၂၀၀၀ ကျပ် နဲ့ Registration ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါတယ်။ ပညာရေးကော်မတီ မှတဆင့် သက်ဆိုင်ရာကျောင်းသားကိုယ်စားလှယ်များထံ ဖြန့်ဝေပေးထားသော Registration Form မှ တဆင့် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျာ။
Registration ပြုခြင်းကို ၁၂.၂.၂၀၂၂ စနေနေ့ ည (၁၂) နာရီအထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်သို့ ဝင်ခွင့်ရရှိသူများအား Mail ဖြင့် ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ E-mail အား ၁၅.၂.၂၀၂၂ အင်္ဂါနေ့ ည (၁၂) နာရီအတွင်း Reply ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ (Email စစ်ရာ၌ Inbox တွင်မတွေ့ပါက Spam Catagory တွင် ရှာပေးဖို့လိုအပ်ကြောင်း အသိပေးပါရစေခင်ဗျာ)
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ Library Member အဖြစ်နဲ့စာအုပ်များကို စတင်ဖတ်ရှုနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ထပ်မံ ပြောကြားလိုတာကတော့ လက်ရှိမှာ Library Assess ရရှိထားသူ Old Member တွေအနေနဲ့ နောက်ထပ် ထပ်မံပြီး Registration ပြုလုပ်စရာမလိုပဲ Drive ရဲ့ Premium Plan သက်တမ်းကုန်ဆုံးမယ့် ဩဂုတ်လ ၃၁ ရက်နေ့အထိ အခမဲ့ ဆက်လက်ဖတ်ရှုခွင့်ရရှိနေဦးမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ရှင်းပြခဲ့တဲ့ အချက်တွေနဲ့ပတ်သတ်ပြီး တခုခုသိချင်တာ မရှင်းလင်းတာမျိုးရှိခဲ့ရင် Page chatbox (သို့) [email protected] ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။