American University of Yangon

American University of Yangon မြန်မာနိုင်ငံတွင် ၁၆ လ တက်ရောက်ပြီး နိုင်ငံတကာတက္ကသိုလ်များတွင် ၂ နှစ် တက်ရောက်နိုင်သော Global Transfer Program
(357)

“𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐢𝐬 𝐧𝐨𝐭 𝐭𝐡𝐞 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐨𝐟 𝐟𝐚𝐜𝐭𝐬, 𝐛𝐮𝐭 𝐭𝐡𝐞 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐦𝐢𝐧𝐝 𝐭𝐨 𝐭𝐡𝐢𝐧𝐤.”"ပညာသင်တယ်ဆိုတာ အချက်အလက်တွေကို အလွတ်ကျက...
23/03/2026

“𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐢𝐬 𝐧𝐨𝐭 𝐭𝐡𝐞 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐨𝐟 𝐟𝐚𝐜𝐭𝐬, 𝐛𝐮𝐭 𝐭𝐡𝐞 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐦𝐢𝐧𝐝 𝐭𝐨 𝐭𝐡𝐢𝐧𝐤.”

"ပညာသင်တယ်ဆိုတာ အချက်အလက်တွေကို အလွတ်ကျက်တာထက်၊ ဘယ်လို စဉ်းစားတွေးခေါ်ရမလဲဆိုတာကို လေ့ကျင့်ပေးတာမျိုး ဖြစ်ပါတယ်။"

— Albert Einstein

ဒီနေ့ မတ်လ ၂၀ ရက်နေ့လေးကတော့ အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬) လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေ...
20/03/2026

ဒီနေ့ မတ်လ ၂၀ ရက်နေ့လေးကတော့ အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬) လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ကျောင်းသူ၊ ကျောင်းသားတွေ၊ မိဘတွေနဲ့ ပြည်သူတွေအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင်ကြပါစေလို့ American University of Yangon ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 🙌🙌🙌

𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐃𝐚𝐲 လို့လည်းခေါ်တဲ့ ဒီနေ့လေးကို ၂၀၁၂ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) ကနေ စတင်သတ်မှတ်ပေးခဲ့တာပါ။ တိုင်းပြည်ရဲ့ စီးပွားရေးထုတ်ကုန် (Gross National Product - GNP) ထက် ပြည်သူတွေရဲ့ ပျော်ရွှင်မှုအညွှန်းကိန်း (Gross National Happiness - GNH) ကို ပိုပြီးအလေးထားတဲ့ ဘူတန် (Bhutan) နိုင်ငံကနေ စတင်ပြီး ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ 👏👏👏

ဒီနေ့လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘဝမှာ ကျန်းမာပျော်ရွှင်ဖို့က ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို အားလုံး သတိရပြီး ပိုအလေးထားလာစေချင်လို့ပဲ ဖြစ်ပါတယ်။ 🙌🙌🙌

ကဲ... ဒီနေ့လေးကို ဘယ်လို ဖြတ်သန်းကြမလဲ? 🤔

• တခြားသူတွေကို သနားကြင်နာတဲ့ အပြုအမူလေးတွေ လုပ်ပေးတာတို့၊ ကျေးဇူးတင်စကား ပြောတာတို့နဲ့ ပျော်ရွှင်မှုတွေကို မျှဝေပေးလို့ ရပါတယ်။
ကိုယ့်ကိုယ်ကိုယ် တကယ်ပျော်ရွှင်စေမယ့် လှုပ်ရှားမှု (Activity) လေးတွေ လုပ်ပေးပါ။

• လက်ရှိ ပစ္စုပ္ပန်အချိန်လေးကိုပဲ အာရုံစိုက်ပြီး စိတ်ကြည်နူးမှုကို ရှာဖွေပါ။
မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ စကားတွေပြောကြတာတို့၊ အနီးနားက ပွဲလေးတွေ အတူတူသွားတာတို့ လုပ်လို့ရပါတယ်နော်။

• ဖုန်းတွေ အများကြီးသုံးပြီး Social Media ပေါ်မှာပဲ အချိန်ကုန်နေမယ့်အစား စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေမယ့် ယောဂကျင့်တာတို့၊ လေ့ကျင့်ခန်းလုပ်တာတို့၊ လမ်းလျှောက်ထွက်တာတို့ လုပ်ပေးပါ။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့လည်း မမေ့နဲ့ဦးနော်။ 🤗🤗🤗‌

Campus moments at AUY ✨🍳 Cooking together🎨 Painting freely🎹 Piano melodies🍪 Sharing snacksSimple activities, great memor...
12/03/2026

Campus moments at AUY ✨

🍳 Cooking together
🎨 Painting freely
🎹 Piano melodies
🍪 Sharing snacks

Simple activities, great memories.

ဩစတီးယား၊ ဂရိ၊ ဆွစ်ဇလန် နဲ့ နယ်သာလန် တို့မှာ နေထိုင်ရင်း အမေရိကန်ဘွဲ့ဒီဂရီကို ရယူချင်ပါသလား။ 🇪🇺✨၁၉၁၅ ခုနှစ်ကတည်းက အမေရိက...
10/03/2026

ဩစတီးယား၊ ဂရိ၊ ဆွစ်ဇလန် နဲ့ နယ်သာလန် တို့မှာ နေထိုင်ရင်း အမေရိကန်ဘွဲ့ဒီဂရီကို ရယူချင်ပါသလား။ 🇪🇺✨

၁၉၁၅ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ Webster University ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျောင်းခွဲပေါင်းများစွာရှိပြီး ဥရောပရဲ့ အချက်အချာ နိုင်ငံတွေမှာ အခြေစိုက်ထားတာဖြစ်တာကြောင့် ပညာရေး အရည်အသွေးရော၊ လူနေမှုဘဝအတွက်ပါ သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်လို့ AUY ကျောင်းသားတွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။

📍 Webster University ရဲ့ အားသာချက်ကတော့ ဥရောပရှိ မိမိနှစ်သက်ရာ မြို့ကြီးတွေမှာ အမေရိကန် ပညာရေးစနစ်အတိုင်း သင်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Austria (Vienna): 🇦🇹 ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံး မြို့စာရင်းဝင် ဗီယင်နာမြို့ရဲ့ အချက်အချာမှာ တည်ရှိတာကြောင့် ဂန္တဝင်အနုပညာနဲ့ ခေတ်မီစီးပွားရေး အဝန်းအဝိုင်းကြားမှာ တက္ကသိုလ်တက်ရောက်နိုင်မဲ့ အခွင့်အရေးပါ။

Greece (Athens): 🇬🇷 ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ကြွယ်ဝတဲ့ အေသင်မြို့မှာ တည်ရှိပြီး၊ ကုန်ကျစရိတ် သက်သာစွာနဲ့ ဥရောပရဲ့ အလှအပတွေကို ခံစားရင်း ပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Switzerland (Geneva): 🇨🇭 ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်းများစွာ ရုံးစိုက်ရာ ဂျနီဗာမြို့မှာ တည်ရှိတာကြောင့် အေးချမ်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) နဲ့ စီးပွားရေး ဘာသာရပ်တွေကို လေ့လာလိုသူတွေအတွက် အကောင်းဆုံးပါ။

The Netherlands (Leiden): 🇳🇱 သမိုင်းဝင်ပြီး သာယာလှပတဲ့ Leiden မြို့လေးမှာ တည်ရှိကာ မြို့တော် အမ်စတာဒမ်နဲ့လည်း နီးကပ်တာဖြစ်လို့ နည်းပညာနဲ့ စီးပွားရေးပိုင်းမှာ အားကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

📚 Webster University မှာ ဘွဲ့ကြို (Undergraduate)၊ ဘွဲ့လွန် (Graduate) တန်းများအတွက်ပါ
✅ Business Administration (MBA)
✅ International Relations & Global Politics
✅ Psychology
✅ Computer Science & Cybersecurity
✅ Media Communications
✅ Finance & Economics တို့ကို အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ယူနိုင်ပါတယ်။ 🎓

ကျောင်းသားတွေအနေနဲ့ ဥရောပရှိ Campus တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ သင်ယူနိုင်ရင်း ကမ္ဘာက အသိအမှတ်ပြုတဲ့ အမေရိကန်ဘွဲ့ဒီဂရီကို ရရှိမှာပါ။ နိုင်ငံတကာမှ ကျောင်းသားပေါင်းစုံနဲ့ Network ရရှိမှာဖြစ်သလို၊ ဘွဲ့ရပြီးနောက်ပိုင်း လုပ်ငန်းခွင်ဝင်ရောက်နိုင်မှုနှုန်းထားလည်း မြင့်မားတာကြောင့် ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

🎯 Spring/ Summer Intake အတွက် ကျောင်းအပ်နှံမှုများကို AUY မှ တစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးပြီး လျှောက်ထားနိုင်ပါပြီ။
ဥရောပရဲ့ ခေတ်မီဆန်းသစ်မှုတွေနဲ့ အမေရိကန် ပညာရေးကို ပေါင်းစပ်ပြီး သင့်ရဲ့ အနာဂတ်ကို စတင်လိုက်ပါ။ 🇪🇺🌍

အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် နိုင်ငံတကာအဆင့်မီ ပညာရေးဝန်းကျင်ကောင်းတစ်ခုကို အတူတကွ ဖန်တီးတည်ဆောက်ရန်အတွက် ...
07/03/2026

အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် နိုင်ငံတကာအဆင့်မီ ပညာရေးဝန်းကျင်ကောင်းတစ်ခုကို အတူတကွ ဖန်တီးတည်ဆောက်ရန်အတွက် AUY တွင် တက္ကသိုလ်အဆင့် ဘာသာရပ်များကို ဦးဆောင်သင်ကြားပေးနိုင်မည့် မဟာဘွဲ့ (𝗠𝗮𝘀𝘁𝗲𝗿’𝘀 𝗗𝗲𝗴𝗿𝗲𝗲) ရရှိထားသူများကို ဖိတ်ခေါ်အပ်ပါသည်။

သင်ကြားရမည့် ဘာသာရပ်များ

𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬
• Principles of Sociology
• Cultural Geography
• History

𝐇𝐮𝐦𝐚𝐧𝐢𝐭𝐢𝐞𝐬
• Introduction to Literature
• Advanced English Strategies
• Humanities

𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 & 𝐒𝐓𝐄𝐌
• Mathematics
• Computer and Applications
• General Chemistry

𝐀𝐫𝐭𝐬
• Introduction to Music

𝐒𝐓𝐄𝐌 𝐄𝐥𝐞𝐜𝐭𝐢𝐯𝐞𝐬
• Calculus I
• Calculus II

လိုအပ်ချက်များ:
• သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် မဟာဘွဲ့ (𝗠𝗮𝘀𝘁𝗲𝗿’𝘀 𝗗𝗲𝗴𝗿𝗲𝗲) ရရှိထားသူဖြစ်ရမည်။
• တက္ကသိုလ်အဆင့် သင်ကြားမှုအတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
• အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form များကို [email protected] သို့ အမြန်ဆုံး ပေးပို့လျှောက်ထားနိုင်ပါသည်။

US နဲ့ UK ဗီဇာ မသေချာမှုတွေကြားမှာ မြန်မာကျောင်းသားတွေ ဘယ်လို plan လုပ်သင့်လဲ?🌍 US, UK  နိုင်ငံတွေ Visa Policies မကြာခဏပ...
06/03/2026

US နဲ့ UK ဗီဇာ မသေချာမှုတွေကြားမှာ မြန်မာကျောင်းသားတွေ ဘယ်လို plan လုပ်သင့်လဲ?

🌍 US, UK နိုင်ငံတွေ Visa Policies မကြာခဏပြောင်းလဲနေတဲ့အချိန်မှာ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် ‌ရေရှည်အစီအစဉ်က ပိုပြီးအရေးကြီးလာပါတယ်။ နိုင်ငံတကာရဲ့ ဗီဇာမသေချာမှုတွေကြားမှာ ကျောင်းသားတွေအတွက် အရေးကြီးဆုံးက
✅ Strong Academic Foundation
✅ International-Standard Education
✅ Flexible Pathways တွေ ရရှိနိုင်ဖို့ဖြစ်ပြီး

ဒါတွေကို AUY (American University of Yangon) မှာ ခိုင်မာစွာ ပေးအပ်နေပါတယ်။ AUY မှာ
📚 English-Medium Programs
🤝 International Partnerships
🎓 Transfer Opportunities တို့နဲ့ ကျောင်းသားတွေကို ကမ္ဘာတဝှမ်းလုံးမှ အခွင့်အရေးများကို လက်လှမ်းမှီစေဖို့အတွက် ပြင်ဆင်ပေးနေတာပါ။

ဗီဇာသတ်မှတ်ချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်မှီ ပညာရေးကတော့ အနာဂတ်အခွင့်အလမ်းတွေအတွက် အမြဲတမ်း အရေးကြီးဆုံးပါပဲ။ ဒါ့အပြင် နိုင်ငံတကာသို့ Flexible ဖြစ်တဲ့အနေအထားနဲ့အတူသွားရောက်ဖို့ AUY မှာ ဘယ်လိုအခွင့်အရေးတွေရှိနိုင်မယ်ဆိုတာကို ဖုန်းနံပါတ် 09779000900 သို့ ဆက်သွယ်ပြီးဖြစ်စေ၊ အမှတ် ၁၁ အေ၊ အင်းယားလမ်း၊ ရန်ကုန်သို့ လာရောက်ပြီးဖြစ်စေ အသေးစိတ်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 📣

Sunrise. Sweat. Smiles. ☀️🌿Before running became a trend, AUY's Social Club was already on the track. 🏃‍♂️✨📍 Keeping the...
02/03/2026

Sunrise. Sweat. Smiles. ☀️🌿

Before running became a trend, AUY's Social Club was already on the track. 🏃‍♂️✨

📍 Keeping the Fun Run tradition alive at Kandawgyi

Run with purpose. Run with people who push you forward. 💪

Cheers to our February babies! 🥳Born in a month of strength and uniqueness, you carry resilience, creativity, and determ...
27/02/2026

Cheers to our February babies! 🥳

Born in a month of strength and uniqueness, you carry resilience, creativity, and determination wherever you go.

May this year bring bold dreams and even bigger achievements! 🚀🎓

PSC is on a break..  We’ll be back. Stay tuned!
19/02/2026

PSC is on a break.. We’ll be back.
Stay tuned!

Address

11A Inya Road, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959779000900

Alerts

Be the first to know and let us send you an email when American University of Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to American University of Yangon:

Share

American University of Yangon

အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားနှင့် နယူးယောက်ပြည်နယ်တက္ကသိုလ်များ၏ ပထမနှစ်နှင့် ဒုတိယနှစ်ကို မြန်မာနိုင်ငံရှိ American University of Yangon (အမေရိကန်တက္ကသိုလ်ရန်ကုန်) တွင်တက်ရောက်နိုင်ပြီး တတိယနှစ်နှင့်နောက်ဆုံးနှစ်ကို အမေရိကန်အစိုးရတက္ကသိုလ်ကြီးများတွင် ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။ ၂ နှစ် + ၂ နှစ် တက်ရောက်ပြီးအမေရိကန် Bachelor ဘွဲ့ ( B.A. သို့ B.Sc ) ရရှိမည်ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်သည်။ မြန်မာနိုင်ငံတွင် တက်ရောက်ရသည့်တက္ကသိုလ်ပထမ ၂ နှစ်တွင် နိုင်ငံခြားပါမောက္ခများကိုယ်တိုင် အမေရိကန်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ကြားမှုအပြင် အမေရိကန်သံရုံးနှင့် Save the Children မှ ထောက်ပံ့ထားသည့် ကျောင်းသူ၊ကျောင်းသားများ ဦးဆောင်သည့် လေထုသန့်စင်ရေးပရောဂျက်နှင့် အခြား လူမှုလှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ပြီး အဘက်ဘက်မှ မျှတအောင် တွေးခေါ်နိုင်စွမ်းနှင့် ခေါင်းဆောင်နိုင်စွမ်းများကိုပါ လေ့လာရသည်။

American University of Yangon ၏ 2 + 2 University Pathway


  • ရန်ကုန်တွင် (၂) နှစ် + အမေရိကန်တက္ကသိုလ်တွင် (၂) နှစ် တက်ရောက်နိုင်ရန် အမေရိကန်နိုင်ငံအစိုးရတက္ကသိုလ်များ၏ အသိအမှတ်ပြုခွင့်ပြုချက်ရရှိထားသည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ Undergraduate Study Abroad Pathway ‌ကျောင်းသူ၊ ကျောင်းသားများအတွက် သင်လျော်သော အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပါသည်။