Anthropology Students - University of Yangon

Anthropology Students - University of Yangon Higher Education

04/01/2023
07/12/2022
" အာဇာနည်နေ့ တို့မမေ့ "၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ (၇၅) ကြိမ်မြောက်အာဇာနည်နေ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ န...
19/07/2022

" အာဇာနည်နေ့ တို့မမေ့ "
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
(၇၅) ကြိမ်မြောက်အာဇာနည်နေ့

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအားဂါရဝပြုအပ်ပါသည်။


#အာဇာနည်နေ့

12/07/2022

"စစ်ရှောင်ပညာရေးကူ ၄၀၀၀လှူ"

တဖက်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပြန်ဖွင့်လာတာနဲ့အပြိုင် ကရင်နီစစ်ရှောင်စခန်းပေါင်း ၁၀၀ ကျော်မှာလည်း ကျောင်းသား ၁၀၀၀၀ ကျော် ဆရာ၊ ဆရာမ အင်အား ၁၀၀၀ ကျော်နဲ့ စာသင်ကျောင်းတွေ ပြန်လည် စတင်နေပြီဖြစ်ပါတယ်။ စာသင်ကျောင်းဆောက်ဖို့အတွက် လိုအပ်တဲ့ ဝါးနဲ့ မိုးကာကစလို့ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးအထိ ပြည်သူ့အားနဲ့ တည်ထောင်ကြရတာ ဖြစ်ပါတယ်။

အခု ဒီ "စစ်ရှောင်ပညာရေးကူ ၄၀၀၀ လှူ" ကမ်ပိန်းကတော့ ဒီကရင်နီစာသင်ကျောင်းက ကလေးတွေအတွက် ဖတ်စာအုပ်ဖိုးအလှူခံဖို့ ဖြစ်ပါတယ်။ ဖတ်စာအုပ်တစုံကို ၄၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ကျောင်းသား ၄၀၀၀ အတွက် လိုအပ်နေတာဖြစ်ပါတယ်။ ဒီကမ်ပိန်းကတော့ ဂျူလိုင်လ ၁၂ ရက်ကနေ ၁၆ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ကရင်နီဖက်ကိုရောက်နေတဲ့ သမဂ္ဂအင်အားစုတွေကနေ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တဲ့အတွက် မြေပြင်ကလိုအပ်နေတဲ့ နေရာတွေကို တိုက်ရိုက်ရောက်မှာ ဖြစ်ပါတယ် ခင်ဗျာ။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် သမဂ္ဂ Page Messenger မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။



ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦး စစ်ကြောရေး၌ ကျဆုံးဒီဇင်ဘာ ၂၇၊ ၂၀၂၁ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန...
27/12/2021

ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦး စစ်ကြောရေး၌ ကျဆုံး

ဒီဇင်ဘာ ၂၇၊ ၂၀၂၁

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော် သည် ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေး၌ ကျဆုံးသွားသည်ဟု သိရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦး စစ်ကြောရေး၌ ကျဆုံး

ဒီဇင်ဘာ ၂၇၊ ၂၀၂၁

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော် သည် ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေး၌ ကျဆုံးသွားသည်ဟု သိရသည်။

ကိုအောင်ဘုန်းကျော်ကို စစ်ကောင်စီတပ်များက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တာမွေမြို့၌ ဖမ်းဆီးခဲ့ပြီး ၁ ရက်အကြာတွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကိုအောင်ဘုန်းကျော်နှင့်အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ယခုတွင် စစ်ကြောရေးသို့ ရောက်ရှိနေကြောင်း သိရသည်။

ကိုအောင်ဘုန်းကျော် ကျဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ထားသည်။

01/11/2021

ထန်တလန်အတွက် ထောက်ပံ့ငွေများ လှူဒါန်းရန် နှိုးဆော်ခြင်း
___
စစ်ကောင်စီ၏ ထိုးစစ်များကြောင့် ချင်းပြည်နယ်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးနေရပါသည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း ထန်တလန်တမြို့လုံးနီးပါး မီးလောင်ပျက်စီးခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ထန်တလန်အတွက် ထောက်ပံ့ငွေများပေးပို့နိုင်ရန် အတန်းလိုက်အီးစီများမှတဆင့် အလှူငွေကောက်ခံလျက်ရှိပါသည်။ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာအတန်းကိုယ်စားလှယ်များမှတဆင့် အလှူငွေများလှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အခြားပါဝင်လှူဒါန်းလိုသူများအနေဖြင့်လည်း သမဂ္ဂ Page Messenger မှတဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
___
#ချင်း #ထန်တလန်

ဓာတုလက်နက်အသုံးပြုလာပါက ပြည်သူလူထုတစ်ရပ်အနေဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရန် နည်းလမ်းများSource - Ministry of Education...
21/10/2021

ဓာတုလက်နက်အသုံးပြုလာပါက ပြည်သူလူထုတစ်ရပ်အနေဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရန် နည်းလမ်းများ

Source - Ministry of Education, National Unity of Government

NUGအစိုးရမှ နိုင်ငံတဝန်းအရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီဖြစ်သဖြင့် လိုအပ်သည်များ ပြင်ဆင်ထားနိုင်ကြပါရန် ပြန်လည်ကူးယူဖော်ပြေ...
07/09/2021

NUGအစိုးရမှ နိုင်ငံတဝန်းအရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီဖြစ်သဖြင့် လိုအပ်သည်များ ပြင်ဆင်ထားနိုင်ကြပါရန် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါသည်။ အလန့်တကြားဖြင့် panic buyingမလုပ်ကြရန် တောင်းဆိုပါသည်။

ထပ်ဆင့်မျှဝေခြင်းဖြင့်ကူညီနိုင်ပါတယ်

https://www.facebook.com/100188938917522/posts/160623262874089/?d=n

19/08/2021
“၁၉ ဇူလိုင် မမေ့နိုင်”ယနေ့ကျရောက်သော အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
19/07/2021

“၁၉ ဇူလိုင် မမေ့နိုင်”

ယနေ့ကျရောက်သော အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Address

Pyay Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Anthropology Students - University of Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Anthropology Students - University of Yangon:

Share