18/08/2026
MCIC ရဲ့ ပထမအကြိမ်မြောက် President Cup Futsal Tournament စတင်ပြီ 🏆⚽🔥
ဒီနေ့မှာတော့ MCIC ကျောင်းသားတွေရဲ့ အားကစားစိတ်ဓာတ်နဲ့ တက်ကြွမှုတွေကို ဖော်ထုတ်ပြသခွင့်ရမယ့် President Cup Futsal Tournament ပွဲစဉ်တွေကို ကျောင်းသားအသင်း (၅) သင်းနဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။
အသင်းတစ်သင်းချင်းစီရဲ့ ပြင်ဆင်လာမှု၊ ကွင်းအတွင်း ခွန်အားပြည့်ကစားဟန်တွေနဲ့အတူ ပွဲစဉ်တိုင်းက အကြိတ်အနယ်ရှိလှတာကြောင့် ပွဲစကတည်းက ပရိသတ်တွေပါ စိတ်လှုပ်ရှားစွာ အားပေးခဲ့ကြပါတယ်။
ယှဉ်ပြိုင်ကြမည့် အသင်းများ
-BE 1
-BE 2
-Advance Diploma
-Diploma
-Foundation
မိမိတို့အားပေးတဲ့ အသင်းတွေ Champion ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ကွင်းအတွင်းလာရောက်ပြီး သောင်းသောင်းဖျဖျ အားပေးလိုက်ကြရအောင်။ ပွဲစဉ်အလိုက် ရလဒ်တွေနဲ့ ထူးခြားချက်တွေကိုလည်း MCIC Page မှတစ်ဆင့် ပုံမှန်တင်ဆက်ပေးသွားပါမယ်။