20/05/2026
Finance, Accounting and Investment (ဘဏ္ဍာရေး၊ စာရင်းကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာရှိစေဖို့ မသိမဖြစ် Terminologies များ။ Part-1
🥰🥰🥰🥰🥰
အပိုင်း (၁) -
အခြေခံအကျဆုံး ငွေရေးကြေးရေး အခေါ်အဝေါ်များ
1. Asset
ကိုယ်ပိုင်ပစ္စည်း (သို့) လုပ်ငန်းပိုင်ဆိုင်တဲ့ အရာဝတ္ထု/အခွင့်အရေး။
ဥပမာ- ငွေကြေး၊ ကားအိမ်၊ စက်ပစ္စည်း၊ လက်ကျန်ငွေ (Accounts Receivable)။
2. Liability
ကျွန်တော်တို့ ပေးရမယ့် ကြွေးမြီ။ ပြန်ဆပ်ရမယ့် အခပေးရမယ့် တာဝန်ယူမှုတွေ။
ဥပမာ- ဘဏ်ကြွေး၊ ပေးရန်ကျန်ငွေ (Accounts Payable)။
3. Equity
Capital လို့လည်း ခေါ်တယ်။ ပိုင်ရှင်ရဲ့ လုပ်ငန်းအတွင်း ရှယ်ယာပမာဏ။ ရိုးရိုးရှင်းရှင်းပြောရင် Assets - Liabilities = Equity။ Net Assets လို့လည်း ခေါ်။
4. Revenue
ရောင်းအား/ဝန်ဆောင်မှုကနေ ရရှိလာတဲ့ စုစုပေါင်းဝင်ငွေ။
ဥပမာ- ကားShowroom မှာ တစ်လတိတိ ကားရောင်းရတဲ့ ငွေစုစုပေါင်း။ (အသားတင်မဟုတ်သေး၊ ကုန်ကျစရိတ်မနုတ်ရသေး)။
5. Expenses
Revenue ရအောင် ကုန်ကျခဲ့ရတဲ့ စရိတ်တွေ။ ဥပမာ- လစာငွေ၊ စျေးကြော်ငြာရန်စရိတ်၊ မီတာခ၊ အိမ်ငှားခ။
6. Profit
Revenue ကနေ Expenses တွေကို နုတ်လိုက်ရင် ကျန်တဲ့ အမြတ်ငွေ။
7. Loss
Expenses က Revenue ထက် များနေရင် ဆုံးရှုံးမှု (အရှုံး) ဖြစ်တယ်။
8. Cash Flow
ငွေသားစီးဆင်းမှု။
ငွေဝင်တာ၊ ငွေထွက်တာ။
Profit ရနေပေမယ့် Cash Flow ပြဿနာရှိနိုင်တယ် (လုပ်ငန်းကရောင်းထားပြီးသော်လည်း ဝယ်ယူသူ Customer တွေက ပြန်လာမပေးသေးလို့)။
9. Balance Sheet
ကိုယ့်လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု (Assets)၊
ကြွေးမြီ (Liabilities) နဲ့ ကိုယ်ပိုင်အရင်းအနှီး (Equity) ကို သတ်မှတ်ငါလ ကုန်ဆုံးသောအချိန်တစ်ခုတည်းမှာ ပြထားတဲ့ စာရင်း။
10. Income Statement
Profit & Loss Statement လို့လည်းခေါ်တယ်)။ ကာလတစ်ခု (တစ်လ၊ တစ်နှစ်) အတွင်း Revenue, Expenses, Profit/Loss ဘယ်လိုဖြစ်လာသလဲဆိုတာ ပြသတဲ့ စာရင်း။
အပိုင်း (၂)
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းများ
1. Dividend
ကုမ္ပဏီက ရရှိထားတဲ့ အမြတ်ငွေထဲကနေ ရှယ်ယာရှင်တွေကို အမြတ်ဝေစုအနေနဲ့ နဲ့ ပြန်ဝေပေးတဲ့ငွေ။
2. Interest
ချေးငွေရဲ့ အတိုး။
သူများထံမှ ငွေချေးယူရင် ပေးရတဲ့အတိုး စရိတ် (Expenses/ Cost)၊
ကိုယ်က ချေးပေးရင် ရတဲ့အတိုးဝင်ငွေ (Income)။
3. Amortization
တန်ဖိုးလျှော့ (ဥပမာ- အိမ်ချေးငွေ Loan) ကို လစဉ်ပေးသွင်းရင်း တဖြည်းဖြည်းချင်းလျှော့ချသွားတဲ့ ဖြစ်စဉ်။
4. Depreciation
ရေရှည်သုံး Asset (ကား၊ စက်ပစ္စည်း) တွေရဲ့ တန်ဖိုးကို နှစ်အလိုက် ချသွားတဲ့ စာရင်းရေးသွင်းနည်း။ (တကယ်ကျတဲ့ တန်ဖိုးနဲ့ တစ်ထပ်တည်ူတူမှာ မဟုတ်)။
5. Liquidity
ငွေဖြစ်လွယ်မှု။ ပစ္စည်းတစ်ခုကို ငွေအဖြစ် မြန်မြန်ပြောင်းလို့ရမရ။
ငွေကြေးက အလွယ်ဆုံး Liquid Asset။
အိမ်/ကားကတော့ Liquid မဖြစ်ဘူး။
6. Diversification
နေရာ တစ်ခုတည်းမှာ ရင်းနှီးမြှပ်နှံ မထားနဲ့" ဆိုတဲ့ နည်းဗျူဟာ။ ရင်းနှီးမြှုပ်နှံမှုကို နေရာအမျိုးမျိုးခွဲခြားထားပြီး Risk ကိုလျှော့ချတာ။
7. Portfolio
ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ စုပေါင်းအစု။ (Stock, Bond, Property စတာတွေအားလုံးပါဝင်တယ်)။
8. ROI (Return on Investment) - "ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရသော အကျိုးအမြတ်"။
ရင်းနှီးငွေ ကျပ် ၁၀၀ ထည့်ပြီး ၁၂၀ ပြန်ရရင် ROI 20% ရတယ်။
9. Bull Market
စျေးတက်ကာလ။ စီးပွားရေးကောင်းနေတယ်၊ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချမ်းသာနေတဲ့ အချိန်။
10. Bear Market
စျေးကျကာလ။ စီးပွားရေးမှာ စိုးရိမ်စိတ်တွေများနေပြီး စျေးကွက်ကျနေတဲ့အချိန်။
အပိုင်း (၃) - ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများနှင့် ကိန်းဂဏန်းများ
1. Hedging
ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဆုံးရှုံးမှုဖြစ်နိုင်ခြေရှိရင်၊ နောက်တစ်ဖက်က လုပ်ဆောင်ချက်တစ်ခုနဲ့ ကာကွယ်တားဆီးတဲ့ ဗျူဟာ။
(ဥပမာ- ကုန်ကြမ်းဈေးကျမှာစိုးရင် Futures Contract လုပ်ထားတာ)။
2. 401(k)
အမေရိကန်မှာ လစာထဲက နှုတ်ပြီး ငွေစုတဲ့ ပင်စင်စနစ်။ Company Match ဆိုရင် ကုမ္ပဏီကပါထည့်ပေးတယ်။
3. Stock
ကုမ္ပဏီတစ်ခုခုရဲ့ ရှယ်ယာ။ Stock ဝယ်ထားတယ်ဆိုတာ ကုမ္ပဏီရဲ့ ပိုင်ရှင်အသေးစားတစ်ယောက်ဖြစ်သွားတာပဲ။
4. Bond
ကြွေးစာချုပ်။ ကုမ္ပဏီ (သို့) အစိုးရကို ငွေချေးပြီး ရတဲ့အတွက် သူတို့ကနေ အတိုးနဲ့အတူ ပြန်ဆပ်မယ်လို့ ကတိပေးထားတဲ့ စာချုပ်။
5. Mutual Fund
ရင်းနှီးမြှုပ်နှံသူတွေအများကြီးရဲ့ ငွေတွေကို စုပြီး Professional Fund Manager တစ်ယောက်က Stock, Bond တွေကို ဝယ်ယူအုပ်ချုပ်ပေးတဲ့ အစု။
6. ETF (Exchange-Traded Fund)
Mutual Fund နဲ့ဆင်တယ်။ ဒါပေမယ့် Stock ဈေးကွက်မှာပဲ နေ့တိုင်းရောင်းဝယ်လို့ရတယ်။ ပိုပြီး ဈေးချိုပြီး လွယ်ကူတယ်။
7. Derivative
တန်ဖိုးကို တခြားအရာ (Underlying Asset) (ဥပမာ- ရွှေဈေး၊ စတော့ဈေး) ပေါ်မှီခိုနေတဲ့ ငွေကြေးကိရိယာ။ Futures, Options တွေက Derivative ပဲ။
8. Capital Gain
ရင်းနှီးမြှုပ်နှံမှုပစ္စည်း မှ တိုးလာသော ပမာဏ (Stock, အိမ်) ကို ဝယ်ထားတဲ့ဈေးထက် ဈေးမြင့်နဲ့ ပြန်ရောင်းပြီး ရလာတဲ့ အမြတ်။
9. Debt-to-Equity Ratio
လုပ်ငန်းတစ်ခုရဲ့ ကြွေးမြီးပမာဏ (Debt) နဲ့ ပိုင်ရှင်ရဲ့ အရင်းအနှီး (Equity) ကို နှိုင်းယှဉ်ပြထားတဲ့ Ratio။
ဒီ Ratio မြင့်ရင် ကြွေးများတဲ့လုပ်ငန်းလို့ သိရမယ်။
10. Risk Management
လုပ်ငန်းလည်ပတ်ရာမှာ ကြုံတွေ့လာနိုင်တဲ့ ဘယ်လို Risk တွေရှိလဲ ကြိုတွေးပြီး ဘယ်လိုကာကွယ်မလဲဆိုတဲ့ လုပ်ငန်းစဉ်။
_____________
အပိုင်း (၄) - ကုမ္ပဏီဘဏ္ဍာရေးကို ခွဲခြမ်းစိတ်ဖြာခြင်း
1. Net Income - Income Statement ရဲ့ အောက်ဆုံးမှာရှိတဲ့ Amount။
Revenue ကနေ Expenses, Tax, Interest အားလုံးကို နုတ်ပြီးတော့ ကျန်ရှိတဲ့ အမြတ်ငွေ။ (အမြတ်ဝေစုတော့ မပေးရသေး)
2. P/E Ratio (Price-to-Earnings Ratio)
ကုမ္ပဏီတစ်ခုရဲ့ Stock ကို ဝယ်ရတာ ဈေးကြီးသလား? သက်သာလားဆိုတာ ကြည့်တဲ့ Ratio။
Market Stock Price တစ်ခုရဲ့ Earning Per Share နဲ့စားတာ။
3. Dividend Yield
Stock တစ်ခုဝယ်ရင်
ရှယ်ယာဈေးနှုန်း၏ ရာခိုင်နှုန်းအနေနဲ့ ဘယ်လောက် Dividend ပြန်ရမလဲဆိုတာ တွက်တဲ့ ဖေါ်မြူလာ။
4. ROA (Return on Assets)
ကုမ္ပဏီက သူ့ရဲ့ Asset စုစုပေါင်းကို ထိထိရောက်ရောက် သုံးပြီး အမြတ်ရနိုင်ခြေရှိရဲ့လား ဆိုတာ တိုင်းတာတဲ့အချက်။
5. ROE (Return on Equity)
ပိုင်ရှင်တွေထည့်ထားတဲ့ အရင်းနှီး (Equity) ကနေ ဘယ်လောက် အမြတ်ရနေသလဲဆိုတာ တိုင်းတာတဲ့အချက်။ ပိုင်ရှင်တွေအတွက် အရေးကြီးတဲ့အချက်။
6. CFO (Chief Financial Officer)
ကုမ္ပဏီရဲ့ ဘဏ္ဍာရေး၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြီးဆုံးတာဝန်ခံ မန်နေဂျာ။
7. SEC (Securities and Exchange Commission)
အမေရိကန်မှာ Stock Market, Broker, Company တွေရဲ့ လုပ်ရပ်တွေကို ကြီးကြပ်ကွပ်ကဲတဲ့ အစိုးရအဖွဲ့။
8. Market Capitalization
ကုမ္ပဏီတစ်ခုလုံးရဲ့ စုစုပေါင်းဈေးနှုန်း။ (Share စုစုပေါင်းအရေအတွက် x တစ်ခုချင်းစီရဲ့ ဈေးနှုန်း)။
9. Leverage
ကြွေးယူပြီး ရင်းနှီးမြှုပ်နှံတာ။
ကိုယ်ပိုင်ငွေနဲ့ပဲ မဟုတ်ဘဲ ဘဏ်ကနေချေးငွေယူပြီး စီးပွားရှာတာ။
အမြတ်များနိုင်သလို Risk လည်းများတယ်။
10. Blue Chip Stocks
နာမည်ကြီး၊ ရှိပြီးသား၊ ငွေကြေးခိုင်မာပြီး Dividend မှန်မှန်ပေးနေကျဖြစ်တဲ့ ကြီးမားတဲ့ကုမ္ပဏီတွေရဲ့ Stock။ (ဥပမာ- Coca-Cola, Microsoft)။
__________________
အပိုင်း (၅) - ဈေးကွက်နှင့် စည်းမျဉ်းစည်းကမ်းများ
1. IPO (Initial Public Offering)
ကုမ္ပဏီက Stock Market မှာ ပထမဆုံးအကြိမ် Share တွေကို အများပြည်သူကို ရောင်းချခြင်း။ Public Company အဖြစ် စတင်ခြင်း။
2. Fiscal Year
ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနှစ်။
ဇန်နဝါရီ ၁ ကနေ ဒီဇင်ဘာ ၃၁ မဟုတ်ပဲ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ ၁၂ လပတ် စာရင်းကာလ။
ဥပမာ
2024 ဧပြီ ၁ မှ 2025 မတ် ၃၁ အထိဖြစ်စေ
2022 October 1 မှ 2023 September 30 အထိ ဖြစ်စေ
2021 July 1 မှ 2022 June 30 အထိ ဖြစ်စေ
3. Treasury Bonds
အမေရိကန်အစိုးရကနေ ငွေရေးကြေးရေးအတွက် ထုတ်ဝေတဲ့ ကြွေးစာချုပ်။ ကမ္ဘာမှာ စိတ်အချရဆုံး Investment တစ်ခုလို့ သတ်မှတ်ကြတယ်။
4. Risk Tolerance
ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အတက်အကျကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲဆိုတဲ့အဆင့်။
5. Bond Rating
(Moody's, S&P လို) Agency တွေက Bond ထုတ်တဲ့သူ (ကုမ္ပဏီ/အစိုးရ) ရဲ့ ကြွေးပြန်ဆပ်နိုင်စွမ်း Creditworthiness ကို Grade သတ်မှတ်ပေးတာ။
AAA ဆိုရင် အမြင့်ဆုံး၊
D ဆိုရင် Default ဖြစ်နေပြီ။
6. Market Order
Broker ကို "အခုချက်ချင်း လက်ရှိဈေးနှုန်းအတိုင်း ဝယ်/ရောင်းခိုင်းတဲ့" အမိန့်။
ဈေးနှုန်းအတိအကျမဟုတ်၊
လုပ်ငန်းပြီးမြောက်မှုကို ဦးစားပေးတယ်။
7. Limit Order
Broker ကို "ဈေး ကျပ် ၁၀၀၀ ကျော်ရင် ရောင်းမယ်" (သို့) "ဈေး ကျပ် ၉၀၀ အောက်ရောက်မှ ဝယ်မယ်" လို့ ကန့်သတ်ချက်နဲ့ပေးတဲ့အမိန့်။
ဈေးနှုန်းအတိအကျကို ဦးစားပေးတယ်။
8. 403(b)
401(k) နဲ့ဆင်တယ်။ ဒါပေမယ့် ဒါက Government, Non-profit, Educational Institution တွေမှာ သုံးတဲ့ ပင်စင်စနစ်။
9. Blue Sky Laws
အမေရိကန်ပြည်နယ်တစ်ခုချင်းစီမှာ ရှိတဲ့ စည်းမျဉ်းတွေ။ သူတို့ပြည်နယ်အတွင်းမှာ Security တွေရောင်းဝယ်ဖို့ လိုက်နာရမယ့် စည်းကမ်းချက်တွေ။
10. Tax Liability
ဥပဒေအရ တွက်ချက်ပြီးသား
ကိုယ်ပေးရမယ့် အခွန်ငွေပမာဏ။
Part 2 ကို နောက်တစ်ကြိမ်မှာ ထပ်တင်ပေးပါ့မယ်။
__________________________________
ACCA+ LCCI တန်းခွဲသစ်များ စဖို့ ရှိပါတယ်။📣📣
Foundation Level 1&2
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၄ ရက်တက် Monday to Friday
Foundation Level 3
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၅ ရက်တက် Monday to Friday
ACCA Part -1
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၃ ရက်တက် Monday to Friday
++++++++++++++++++++++++
သင်တန်းအကြောင်း အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။
လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922
#သတိ
- မူရင်းပို့စ်ကို Share နိုင်ပါသည်။
- Copy ကူးယူပြီး တင်ခြင်း ခွင့်မပြုပါ။
- Page ကို Favorites, Like & Sharing လုပ်ထားနိုင်ပါတယ်။
- အတိအကျ ဘာသာပြန်ထားတာ မဟုတ်ပါ။ သင်တန်းသား/သူများအတွက် နားလည်လွယ်စေဖို့သာရည်ရွယ်ပါသည်။
- အကျိုးရှိရင် Like & Share လုပ်ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။
- ထပ်သိချင်တဲ့ ခေါင်းစဉ်ကိုလည်း Comment မှာ ရေးပေးခဲ့ပါ။