25/05/2026
#စီမံခန့်ခွဲမှုမှတ်စု
🏆🪴လုပ်ငန်းခွင်ထဲမှာ တိုးတက်ချင်ရင် ဒါတွေကိုဆောင်ပါ🪴🏆
၁။ မိမိကိုယ်တိုင်တိုးတက်ဖို့လေ့လာမှုတွေလုပ်ပါ။
(စာဖတ်တာ၊ သင်တန်းတက်တာ၊ အလုပ်ထဲကသူတွေဆီကလေ့လာ သင်ယူတာ)
၂။ ဝန်ထမ်းစည်းကမ်းကျင့်ဝတ်တွေကို လေးစားစွာလိုက်နာပါ။
( အနည်းမျှလောက်ပါဆိုပြီး မချိုးဖောက်မိပါစေနဲ့)
၃။မိမိနှင့်အတူတူလုပ်နေကြတဲ့ ကိုယ့်အနီးကသူတွေအပေါ် အသိအမြင် စိတ်ထားခံယူချက် တိုးတက်အောင်လုပ်ပေးပါ။
(သူတို့မတိုးတက်ပဲ ကိုယ်နဲ့အဖွဲ့အစည်းမတိုးတက်လာပါ)
၄။အရေးကြီးတဲ့အလုပ်၊ မိမိရဲ့လူကြီးတာဝန်ပေးထားတဲ့အလုပ်တွေကို သေချာဦးစားပေးလုပ်ပါ။
(အလုပ်အဆင့်တိုင်း ပြီးမြောက်မှုကို သေချာ အစီရင်ခံ Report လုပ်ပါ။)
၅။မိမိတို့ရဲ့ Customer တွေကို အလေးပေးအရေးထားပြီး ဆက်ဆံဆောင်ရွက်ပေးရေးမှုကို အမြဲဦးထိပ်ထားလုပ်ကိုင်ပါ။
( အခြားပြိုင်ဘက်တွေရဲ့ ဝန်ဆောင်မှုပုံစံ ဘာထူးခြားလဲ လေ့လာပါ)