Aung Ning Sho

Aung Ning Sho Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Ning Sho, College & University, Kuala Lumpur.

12/08/2025
02/06/2025

AA ရဲ့ တရားဥပဒေစိုးမိုးရေးတည်ဆောက်နေမှုအပေါ် ဘာပြောကြသလဲ

(ဓာတုရေးသားသည်)

ရခိုင်ပြည်သူလူထု၏ထောက်ခံမှုရရှိထားသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/အာရက္ခတပ်တော် (AA)သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားများကို ပြီးခဲ့သည့်လေးနှစ်ကတည်းက လည်ပတ်ခဲ့ သည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူလူထုအနေဖြင့် မတရားမှု၊ အကြမ်းဖက်မှု၊ လုယက်မှု စသည့် အမှုအခင်းဆိုင်ရာကိစ္စရပ်များကို အီးမေးလ်၊ တယ်လီဂရမ်၊ ဗွီကေ စသည့်ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ထံ တိုင်ကြားနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် AA ကကြေညာခဲ့သည်။

တရားစီရင်ရေးနှင့်ပတ်သက်ပြီး ကျေးရွာအုပ်စု၊ တိုက်နယ်၊ ခရိုင်အဆင့် စသည့်သတ်မှတ်နေရာများ တွင် တရားရုံးများကိုဖွင့်ထားကာ တိုင်ကြားစာကို ကျူးလွန်ခံရသူဖြစ်စေ၊ ဆွေမျိုးတော်စပ်သူ တစုံ တဦးမှဖြစ်စေတိုင်ကြားနိုင်ပြီး တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှုဖြစ်စဉ် ပြီးမြောက် သည့်အဆင့်ဆင့်အထိ တိုင်တန်းသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ မပေါက်ကြားစေရန် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(United League of Arakan)လက်အောက်တွင် ကျေးရွာအုပ်စု၊ တိုက်နယ်၊ ခရိုင်အဆင့်အသီးသီးရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ တိုက်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး စသည်ဖြင့် ပိုင်းခြားထားသည်။

၂၀၂၃ တကျော့ပြန်တိုက်ပွဲနောက်ပိုင်း ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဌာန (Department of Law Enforcement and Public Security- DLEPS တပ်ဖွဲ့ ဖွဲ့စည်းပြီး ရခိုင်ဒေသရှိ AA စိုးမိုးနယ်မြေများတွင်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင်း အာရက္ခတပ်တော်(ULA / AA)မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အာရက္ခပြည်သူ့အစိုးရ ဥပဒေရေးရာဌာနမှ တရားရုံးများဖွင့်လှစ်၍ ဥပဒေနှင့်အညီဆောင် ရွက်နေ သည်ဟုဆိုသော်လည်း လက်တွေ့တွင် ဥပဒေနှင့်အညီဆောင်ရွက်ပိုင်း၌ အားနည်းမှုများရှိနေ ကြောင်း ရခိုင်ဒေသတွင်း ဝေဖန်သံများထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ULA/AA မှ တရားမစီရင်ခင်ကာလစပ်ကြား အချိန်ကြာမြင့်စွာ ဖမ်းဆီးထိန်း သိမ်းထားခြင်းများ၊ ချုပ်နှောင်ထားစဉ်ကာလအတွင်း သေဆုံးသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲမစခင်ကာလက ကျောက်ဖြူမြို့နယ်၊ ကျွဲတဲကျေးရွာခံ ကိုအောင်နိုင်ကို ဆိုင်ကယ်ခိုးမှုဖြင့် ULA/AA ကဖမ်းဆီးခဲ့ရာ ဖမ်းဆီးထားစဉ်ကာလအတွင်း အတွင်းဒဏ်ရာများဖြင့် လက်လွန်သေဆုံးသွားခဲ့ရကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများတွင် ဖော် ပြထားသည်။

ပြစ်ဒဏ်စီရင်ချက်မချမီ AA ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် အတွင်းဒဏ်ရာများရရှိထားရာ ရေ သောက်မိ၍သေဆုံးသွားသည်ဟု AA ပြောခွင့်ရခိုင်သုခက ရခိုင်ဒေသအခြေစိုက် Western News ကို ဖြေဆိုထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပုဏ္ဏားကျွန်းမြို့မှ အရပ်သားမိသားစုဝင်ငါးဦးကို အာရက္ခတပ်တော် (AA) က ရွှေထည်များခိုးယူမှုဖြင့် စွပ်စွဲဖမ်းဆီးထားပြီးနောက် လေးလကျော်အကြာတွင် အဆိုပါမိသား စုထဲမှ ကိုအေးမင်းဆွေသည် ၂၀၂၅ ခုနှစ်ဧပြီလအတွင်း ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးနောက် ကျန်မိသားစုဝင်လေးဦးကို ပြန်လွှတ်ပေးလိုက်သည့်သတင်းများထွက်ပေါ်လာသည်။

ထိုယာဉ်တိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူ ဗိုလ်မှူးထွန်းမင်းနိုင်က လုံခြုံရေးတပ်သား ဦးဝင်းဌေးမောင်းနှင်လာသည့်ကားသည် ဘရိတ်မကောင်း သဖြင့် တိုက်မိပြီး လမ်းဘေးသို့ထိုးဆင်းသွားခြင်းဖြစ်ကြောင်းနှင့် ယာဥ်မောင်းဦးဝင်းဌေးအား ဒေသ အချုပ်ထောင်၌ ထိန်းသိမ်းထားပြီးသေဆုံးသူ ကိုအေးမင်းဆွေ၏ ရုပ်အလောင်းအားဆေးစစ်ချက်ရယူ ထားကြောင်း ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ယင်းနောက်တွင် ကျပ်သိန်းပေါင်းသောင်းဂဏန်းတန်ဖိုးရှိ ရွှေထုပ်ပျောက်ဆုံးသူမိသားစုမှ စွပ်စွဲထား သော အဓိကစွပ်စွဲခံရသူမှာ သေဆုံးသွားပြီဖြစ်သောကြောင့် အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်မှုကြောင့်ဝေဖန်မှုများ မြင့်တက်လာသဖြင့် ဖမ်းဆီးခံထားရသူမိသားစုဝင်များကို AA က ပြန်လွှတ်ပေးခဲ့သည်။

“၂၀၂၃ ခုနှစ်က ကျောက်ဖြူမြို့မှာဆိုင်ကယ်ခိုးတဲ့သူကို ဖမ်းဆီးချုပ်နှောင်စဉ်မှာပဲ ကွယ်လွန်သွားတဲ့ အခါကျတော့ ULA/AA ကနေပြီးတော့ အရာရှိတွေကို ပြစ်ဒဏ်ပေးပြီးသားဖြစ်ပါတယ်။ ULA/AA ရဲ့ တရားစီရင်ရေးလမ်းကြောင်းမှာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာလည်း မှန်ပါတယ်၊ ဘာလို့လည်းဆို တော့ ဒါကလုံခြုံရေးအရ လုပ်ရတာဖြစ်တယ်။ နောက်နောင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရတဲ့အခါ တရားစီရင်ရေးတို့၊ အုပ်ချုပ်ရေးတို့ ပီပီပြင်ပြင်ဖြစ်လာ အောင် ကျွန်တော် အမြဲတမ်းအကြံပေးပါတယ်၊ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ရခိုင်ပြည် နယ်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအသင်း ဒါရိုက်တာဦးမြတ်ထွန်းက မှတ်ချက်ပြုသည်။

ဖမ်းဆီးခံထားရသူ သေဆုံးခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများကို ကာလရှည်ချုပ်ရမာန်မယူဘဲ ထိန်း သိမ်းထားခြင်း၊ ULA လက်အောက်ရှိ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) တပ်ဖွဲ့ဝင်များက ရိုင်းပြစွာပြောဆိုဆက်ဆံ ခြင်း၊ အကျဉ်းသား၊ အချုပ်သားအခွင့်အရေးမရရှိခြင်းများဖြစ်ပေါ်နေကြောင်း အမည်မဖော်လိုသူ ရခိုင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဖမ်းဆီးခံထားရသူ၏မိသားစုဝင်များက ဆိုသည်။

“မြို့နယ်တရားရုံးမှာ ချုပ်ရမာန်ယူထားတယ်၊ ချုပ်ရမာန်က ၁၅ ရက်တခါယူရတာ၊ ဖမ်းဆီးထားတဲ့ ပုဒ်မက အာမခံပေးလို့ရတဲ့ပုဒ်မနဲ့ဖမ်းဆီးထားတာ။ တရားရုံးကအာမခံပေးပေမယ့် DLEPS အဖွဲ့က မပေးတော့ဘူး။ အချိန်ပြည့်ပြီဆို ခင်ဗျားသွားတော့ ဘာညာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေရှိတယ်၊ မချေမငံပြောဆိုဆက်ဆံတာ။ တရားသူကြီးဘက်က အမှုကိုအာမခံပေးဖို့ပြောရင် အထက်ကအမိန့် မရလို့ အာမခံပေးလို့ မရဘူးလို့ပြောတာတွေရှိတယ်”ဟု အမ်းမြို့နယ်ရှိ ဖမ်းဆီးခံထားရသူမိသားစုဝင် တဦးကပြောသည်။

စွပ်စွဲခံ၊ တရားခံများကို မိသားစုဝင်များနှင့် ပေးတွေ့ခြင်း၊ မတွေ့ခြင်းမှာ စစ်ရေးကာလဖြစ်နေခြင်း ကြောင့် လေကြောင်းတိုက်ခိုက်မှုလုံခြုံရေးအပေါ်မူတည်ပြီး စိစစ်ထားခြင်းဖြစ်ကြောင်း အာရက္ခတပ် တော်(AA)၏ ပြောရေးဆိုခွင့်ရ ခိုင်သုခက မဇ္ဈိမ၏မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေကြားသည်။

“အချုပ်တရားခံတွေကို မိသားစုတွေနဲ့တွေ့ခွင့်ပေးပါတယ်။ ၁၅ မိနစ်ဆိုတာတော့ မဟုတ်ပါဘူး။ လို အပ်ရင်လိုအပ်သလို အခြေအနေအပေါ်မူတည်ပြီးတော့မှ အမြဲတမ်းပေးတွေ့နေတာရှိပါတယ်။ တချို့ နေရာတွေမှာ အမြဲတမ်းပေးမတွေ့တဲ့အနေအထားတွေလည်း ရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုက စစ်ကာလဆိုတော့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကျွန်တော်တို့ အမြဲတမ်းစိုးရိမ်နေရ တယ်။ ဒါကြောင့်မို့လို့ တခါတလေမှာ လုံခြုံရေးအရ အရေးကြီးတဲ့အခြေအနေတွေမှာ အမြဲတမ်းပေး မတွေ့နိုင်တာမျိုး တခါတလေရှိတာပေါ့။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး၊ ဒါ လုံခြုံရေးအပေါ် မှာပဲမူတည်ပါတယ်”ဟု ၎င်းကပြောသည်။

ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(DLEPS)တပ်ဖွဲ့ဝင်များ ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့ပါ က ဆက်ဆံခံရသူ၊ စခန်း စသည့်တိကျခိုင်မာသည့်အချက်အလက်များဖြင့်တိုင်တန်းပါက တည့်မတ် ပြုပြင်ပေးကြောင်း ခိုင်သုခကထပ်ဆောင်းပြောကြားသည်။

ULA/AA အနေဖြင့် အမှုကျုးလွန်သူမိသားစုဝင်များကို မြို့ပေါ်တွင်ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ လုံခြုံ သည့်အနေအထားတွင် ချုပ်နှောင်ထိန်းသိမ်းထားခြင်းဖြစ်သည်။

ဖမ်းဆီးနေစဉ်အတွင်း ရမာန်ယူရန် သုံးလ၊ ငါးလ အချိန်ကာလကြာမြင့်နေသည်မှာလည်း တော်လှန် ရေးခရီးစဉ်အတွင်း ပီပီပြင်ပြင်မဖြစ်မြောက်သေးသည့် တရားစီရင်ရေးစနစ်ကြောင့် လိုအပ်ချက်အချို့ ရှိနေသေးကြောင်း ရခိုင်ဒေသခံများကသုံးသပ်သည်။

“ကျွန်တော်တို့ရဲ့တရားစီရင်ရေးကာလက ပီပီပြင်ပြင် မဖြစ်သေးပါဘူး၊ တရားသူကြီးတွေ၊ တရားရေး ဝန်ထမ်းတွေနဲ့ တရားစီရင်မှုအောက် သွားနေရတာမျိုးမဟုတ်ပါဘူး။ အခြေအနေအရ ရှေ့နေတွေကို သင်တန်းပေးပြီး တရားသူကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေရတဲ့အခါကျတော့ ဒီလိုပုံစံမျိုးဖြစ်တယ် လို့ လေ့လာသိရှိရပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့တော်လှန်ရေးကာလမှာ လိုအပ်ချက်တခုလို့ ပြောလို့ရပါတယ်”ဟု ဦးမြတ်ထွန်းက ထောက်ပြသည်။

တရားစီရင်ပြီးနောက် အကျဉ်းကျခံနေရသူများ၏မိသားစုဝင်များမှာလည်း လုံခြုံရေးကြောင့် ထောင် ဝင်စာ ပါဆယ်ပစ္စည်းများပေးပို့ရန် ကန့်သတ်ခံရသည့် အခက်အခဲလည်း ကြုံတွေ့နေရသည်။ ကုန် ဈေးနှုန်းကြီးမြင့်မှုကြောင့် စားနပ်ရိက္ခာခက်ခဲမှု၊ ဆေးဝါးရှားပါးမှုများရင်ဆိုင်နေရသည့် ရခိုင်ဒေသ တွင် အကျဉ်းကျခံထားရသူများအတွက် မိသားစုများက စိုးရိမ်နေကြရသည်။

“ပါဆယ်ပို့လို့မရဘူး။ အထဲမှာ သူတို့ကျွေးတာပဲ စားရတာ။ လုံခြုံစိတ်ချရတဲ့နေရာမှာ တလတခါ မိသားစုနဲ့တွေ့ခွင့်ပေးစေချင်တယ်။ ဆေးဝါးတွေက ရခိုင်မှာခက်ခဲနေတော့ လုံလောက်တဲ့ဆေးဝါး တွေတော့ မရှိဘူးတဲ့။ အချုပ်တရားခံတွေကိုယ်တိုင်ပြောတာ။ ဖမ်းဆီးထားတဲ့လူဦးရေများတဲ့အတွက် ထမင်းတနပ်ကို သိန်းရာနဲ့ချီပြီးကုန်တယ်”ဟု ရခိုင်ဒေသတွင်း တက်ကြွလှုပ်ရှားသူတဦးကပြော သည်။

AA နှင့်နီးစပ်သူအဆိုအရ ရခိုင်ဒေသအတွင်းရှိ အာရက္ခတပ်တော်စိုးမိုးနယ်မြေများတွင် အကျဉ်းသား၊ အချုပ်သား ၈,၀၀၀ အထက်ရှိနိုင်ကြောင်းဆိုသည်။ ယင်းအရေအတွက်ကို မဇ္ဈိမဘက်က သီးခြား အတည် မပြုနိုင်ပါ။

ULA/AA ၏ တရားစီရင်ရေးယန္တရားက လက်တွေ့မြေပြင်တွင် အမှန်တကယ်တရားမျှတရန် အရမ်းအ ရေးကြီးပြီး စနစ်ကျသည့်တရားစီရင်ရေး ဆောင်ရွက်ရန် လုံလောက်သည့် ရှေ့နေ၊ တရားသူကြီး၊ အခြေခံအဆောက်အအုံရှိရန်လိုအပ်ပြီး ကိုယ်ကျင့်တရား၊ စွမ်းဆောင်ရည် အရည်အချင်းကောင်းသည့် ရဲတပ်ဖွဲ့၊ ဝန်ထမ်းကောင်းများ သေချာစိစစ်ရွေးချယ်ခန့်အပ်ရန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ(နိုင်ငံရေးအကျဥ်းသားဟောင်း)ဦးထွန်းကြည်က အကြံပြုသည်။

"တရားစီရင်ရေးမဏ္ဏိုင်/ယန္တရားက ရဲတပ်ဖွဲ့ ဒါတွေအရေးကြီးတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေမဖြစ်ဖို့ လိုအပ်တယ်။ ထိန်းချုပ်နယ်မြေပေါ်လာလေလေ အမှုအခင်းမျိုးစုံ များလာလေလေ ပဲ။ အဲဒီအခါကျတော့ အားလုံးလွှမ်းခြုံပြီး ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ အချိန်ဆွဲကြန့်ကြာတာ မျိုးဖြစ်လာတာတွေကို တရားဥပဒေစိုးမိုးရေး သေချာထိန်းကျောင်း တည့်မတ်ဖို့လိုတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ဒေသတွင်နေထိုင်သူများအားလုံး တန်းတူညီတူ တရားမျှတမှုရရှိရန် ULA/AA က ကြိုးပမ်းဆောင် ရွက်မည်ဆိုသည့် သတင်းစကားဆောင်ပုဒ်နှင့်လျော်ညီရန်လိုအပ်ပြီး တရားဥပဒေပုံရိပ်မထိခိုက်ရန်ဆောင်ရွက်သင့်ကြောင်း ဦးထွန်းကြည်က မှတ်ချက်ပြုသည်။

AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(EAOs)များစိုးမိုးထားသည့်နယ်မြေများတွင် တရားစီရင် ရေးစနစ်နှင့်ပတ်သက်၍ မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရုံးတည်ထောင်ထားကြောင်း နှင့် တရားရုံးများသည် မည်ကဲ့သို့စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးမည်ဖြစ်ကြောင်း အများပြည်သူရှေ့ တရားဝင်ချပြထားခြင်း မရှိသေးပေ။

“AA အပေါ်မှာတော့ လူတွေကယုံကြည်တယ်။ ဒါပေမယ့် တရားရေးကိုကိုင်တွယ်လိုက်တဲ့အချိန်မှာ လူထုက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အပေါ်မှာတော့ ယုံကြည်မှုတွေ တဖြည်းဖြည်း ကျဆင်းလာ တယ်။ တပ်တော်ဘက်ကိုယုံကြည်ပေမယ့် ULA ရဲ့တရားစီရင်ရေးနဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ တိုက်နယ်မှူးတွေက အချိန်တိုအတွင်း ပိုင်ဆိုင်မှုတွေများလာတာမြင်တော့ အယုံအကြည်ပျက်လာ တယ်။ AA တပ်ဖွဲ့ဝင်တွေကျတော့ လစာမရဘူး၊ စားနပ်ရိက္ခာနဲ့ပဲ ရပ်တည်နေရတော့ AA တပ်ဖွဲ့ဝင် တွေကို လူထုကယုံကြည်မှုရှိတယ်” ဟု အမည်မဖော်လိုသူ ရခိုင်ဒေသတွင်း တက်ကြွလှုပ်ရှားသူတဦး က ပြောသည်။

တိုင်းစစ်ဌာနချုပ်အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ ၁၄ မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်တိုကို AA က သိမ်းပိုက်ထားသည်။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန်ကျန်သည်။

ULA/AA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်သည် ရခိုင်အမျိုးသားများ လွတ်မြောက်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရရှိရေး၊ ရခိုင်လူမျိုးများ၏ကံကြမ္မာကို မိမိတို့ လက် အတွင်း ထားရှိနိုင်ရေး၊ အမျိုးသားရေးဆုံးရှုံးမှုများ ပြန်လည်ရရှိရေးတို့ ဖြစ်သည်။

တော်လှန်ရေးခရီးစဉ်ဆုံးခန်းတိုင်လျှင် AA ၏ ရက္ခိတလမ်းစဉ်လျှောက်လမ်းရာတွင် စစ်မှန်သော တရားမျှတမှုရရှိန်ရန် ရခိုင်လူထုတရပ်လုံးကလည်း မျှော်လင့်နေကြသည်။

#အာရက္ခတပ်တော်
#တရားဥပဒေစိုးမိုးရေး
#ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
#တရားစီရင်ရေး
#ရခိုင်ပြည်နယ်

23/05/2025
19/04/2025
07/04/2025

In Northern Maungdaw, AA Forces Clearing and Forcing Many Local Rohingya to Flee

April 6 - The Arakan Express News- English Edition

In Maungdaw Township, Chan Pyin village, a Rakhine man named U Aye Tun Maung have been disappeared, some Rakhine media outlets and well-known Facebook users have been posting timely incitement posts claiming that the missing U Aye Tun Maung has been captured by the ARSA in Rohingya villages. A group of Rakhine people from Ngakhura and Chan Pyin villages have been roaming around Rohingya villages with sticks, knives and weapons, searching for missing person. The AA’s forces have been blocking northern Rohingya villages, forcing Rohingya residents to starve in the open fields of each village, and forcing them to leave their homes in the sun. AEN’s Rohingya source said that the local Rohingya community in the north is in fear and is preparing to flee en masse.

It is reported that the AA has been carrying out a brutal crackdown on Rohingya villagers in Shaa Kaung Taung and Pwin Phyu Chaung.

“The entire village, including children and adults were forced to spend the whole day in the fields. The AA forces searched the houses and even destroyed household items,” a witness who was contacted by AEN news agency said.

At least three Rohingya villagers were taken away by the AA this morning during the AA clearing operation in Shaa Kaung Taung village, and one Rohingya was stabbed to death by AA troops as reported by a local Rohingya resident.

It is also reported that U Shay Kyar and Thayet Oo villages have also been cordoned off, with no one allowed to leave the village.

Maungdaw Township, The AA has blocked the north and its brutal crackdown could lead to further displacement, said an analyst.

A group of around 50 Rakhine men armed with sticks and knives from Maungdaw Township are said to be roaming around Rohingya villages in the North, keep shouting "Kalar, go away, Bengalis, go back to your country."

The local Rohingya community said that the Arakan Army (AA) is failing to take action to prevent the Rakhine group from engaging in harmful activities that are causing anger, similar to the situation during the 2012 period when people went missing.

Photo - (Old photo) Arakan Army chief General Tun Myat Naing attends a cadet graduation ceremony in
Kachin's Laiza Township.

The Arakan Express News- English Edition

05/04/2025

Address

Kuala Lumpur
1987

Telephone

01141913092

Website

Alerts

Be the first to know and let us send you an email when Aung Ning Sho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share