အင်ဂျင်နီယာ

အင်ဂျင်နီယာ အင်ဂျင်နီယာ နဲ့ ပတ်သက်သော ပိုစ်များ?

မီး လုံးပြုလုပ်ထားပုံ
01/06/2015

မီး လုံးပြုလုပ်ထားပုံ

လျှပ်စစ်အကြောင်း ဘယ်လောက်သိကြလဲ  သူငယ်ချင်းတို့   သိရင် ဒီပုံရဲ့ equation  ဖြေကြည့်ကြပါဦး   လွယ်လွယ်လေးနော် အဖြေမှန်ရင်...
06/03/2014

လျှပ်စစ်အကြောင်း ဘယ်လောက်သိကြလဲ သူငယ်ချင်းတို့
သိရင် ဒီပုံရဲ့ equation ဖြေကြည့်ကြပါဦး လွယ်လွယ်လေးနော်
အဖြေမှန်ရင် မုန့်ဝယ်ကျွေးမယ် :)

ဝေဟင်ပေါ် မှ ငှက်များ
17/02/2014

ဝေဟင်ပေါ် မှ ငှက်များ

Loudspeaker တစ်လုံး အလုပ်လုပ်ပုံ ဒီတစ်ခါ  songbox တစ်ခု အလုပ်လုပ်ပုံလေးကို ပြောပြသွားပါမယ် ။ ဆားကစ်ပြားက လိုအပ်တဲ့ လျှပ်...
10/10/2013

Loudspeaker တစ်လုံး အလုပ်လုပ်ပုံ

ဒီတစ်ခါ songbox တစ်ခု အလုပ်လုပ်ပုံလေးကို ပြောပြသွားပါမယ် ။ ဆားကစ်ပြားက လိုအပ်တဲ့ လျှပ်စစ်လှိုင်းကို ပုံမှာပြထားတဲ့ အတိုင်း coil အထိ သံလိုက်ကို ဖြတ်ပီး ပို့ ဆောင်ပေးပါတယ် ။ သံလိုက်နဲ့ coil ဟာ dynamic တစ်ခုပါပဲ ။ dynamic ဆိုတာ လျှပ်စစ်လှိုင်းကို အသံလှိုင်း အဖြစ်ပြောင်းပေးသူပေါ့။ အဲ့မှာတစ်ခု ခြင်းစီရဲ့ အကြောင်းကိုပြောပြမယ် ။သုံလိုက် က လျှပ်စစ်သုံလိုက် စက်ကွင်းကို တည်ဆောက်တယ် ။ ပီးတော့ coil ကို I1 ဆီးဆင်းတဲ့ အခါ လျှပ်စစ်သံလိုက်စက်ကွင်းကြောင့် coil ဟာ ရှေ့သို့ ရွှေ့လားသွားပါတယ် ။ I2 ဆီးဆင်းတဲ့ အခါမှာ နောက်သို့ ပြန်ရွေ့ ပါတယ် ။ရှေ့တိုးနောက်ဆုတ်ပေါ့ ။ coil ဟာ membrane လို့ခေါ်တဲ့ ပါးလွှာတဲ့ ပိုက်သား(စက္က္ကူ) နဲ့ဆက်သွယ်ထားလို့ coil ရွေ့လားတာနဲ့ အမျှ membrane ကို တုန်ခါစေပီး membrane က အသံလှိုင်းကိုထုတ်ပေးပါတယ် ။ လျှပ်စီးကြောင်း I ဟာ အလိုမြန်လွန်းလို့ coil ရွေ့လားမှုဟာ ၁ စက္ကန့်ကို အကြိမ် ၂၄၀၀ ကျော်ပါတယ် ။ ရှင်းရှင်းပြောရရင် loudspeaker ဆို တာ လျှပ်စစ်လှိုင်းကနေ အသံလှိုင်းကို ပြောင်းလဲ ပေးသူပေါ့ ။ နားလည်နိုင်ပါစေ

ရေခဲ သေတ္တာ တစ်လုံးအလုပ်လုပ်ပုံRefrigerant အပူသယ်ဆောင်တဲ့ အရာဝတ္ထုတစ်မျိုး ဖြစ်ပါတယ်။ Freon gas တစ်မျိုး အနေနဲ့ အသုံးပြုပါ...
09/10/2013

ရေခဲ သေတ္တာ တစ်လုံးအလုပ်လုပ်ပုံ


Refrigerant အပူသယ်ဆောင်တဲ့ အရာဝတ္ထုတစ်မျိုး ဖြစ်ပါတယ်။ Freon gas တစ်မျိုး အနေနဲ့ အသုံးပြုပါတယ် ။ ဂစ်တစ်မျိုးပါပဲ ။

5.Compressor အဲ့ဂစ် ကို နေရာအနှံ့ ရောက်အောင် လုပ်ပေးနိုင်တဲ့ မော်တာ စုပ်စက် တစ်လုံးပါပဲ။

2.Condenser သူကို ဖြတ်ပီးတော့ အပူတွေ က အပြင်ကို ထွက်သွားပါတယ် အဲ့အတွက် condenser ကို အသုံးပြုပါတယ။် ပုံမှာ တွေတဲ့ အတိုင်း သံပိုက်လိုင်းလိုမျိုး ခွေထားတဲ့ အရာက condenser ပါ ။

1.Evaporator ရေခဲ သေတ္တာ ထဲက အပူကို စုပ်(ထုတ်)ပေးတဲ့ အပူစုပ်သူလို့ ပြောလိုရပါတယ် ။ ရေခဲ သေတ္တာ ရဲ့ အရေးပါတဲ့ အရာလေးမျိုးကိုပြောပြထားတာပါ ။

3.The filter-drier အငွေ့စစ်ထုတ်သူ

4.Capillar သေးငယ်တဲ့ ပိုက်လိုင်းတစ်မျိုး

အလုပ်လုပ် ပုံလေးပြောပြမယ် ဗျာ .. Compressor မော်တာ က freon gas ကို သူဆီကို စုပ်ယူတယ် ပီးတော့ Condenser လိုင်းထဲကို ပို့တယ် ။ ဂစ်အပူတွေ ဟာ ဖိအားတွေ များလာတာနဲ့ အပြင်ပတ်ဝန်းကျင်ကို အပူချိန်တွေ တိုးတိုးလာတယ် ။ ဖိအားကြောင့်ပဲ ဂစ်က အရည်အဖြစ်ပုံစံပြောင်းလာတယ် ။ Condenser က အခန်း အပူချိန်အထိ အေးလာအောင် အပူချိန်ကို ထိန်းပီး လျော့ချပေးတယ်။ နောက်ထပ် ဂစ်ဟာ အပူစုပ်သူဆီကို Capillar သေးငယ်တဲ့ လိုင်းလေးကနေ ၀င်ရောက်တယ် ။ အဲ့မှဖိအားက တအားကျဆင်းလာတယ် ။ဖိအားကျလာတော့ ဂစ်ဟာ အငွေ့ပျံလာတယ် ။အဲ့မှာပဲ ရေခဲ သေတ္တာ အတွင်းပိုင်းဟာ အရမ်းအေးလာတော့တယ်။ သဘောကတော့ဗျာ အရင်ဆုံး အပူ ကိုပေးပီး အဲ့ အပူကို အပြင်ကို စုပ်ထုတ်တဲ့ သဘော ပေါ့။ အဲ့တော့ စုပ်ထုတ်တဲ့နေရာမှာ အရမ်းအေးကျန်ခဲ့တာပေါ့။ ပီးတော့ အတွင်းပိုင်းမှာ temperature controller တွေ ထားရှိသေးတယ် ။ လိုအပ်တဲ့ အအေးချိန်ရလာရင် မော်တာဟာ အလို အလျောက် ရပ်သွားတယ် အပူချိန်ပြန်တက်လာတာနဲ့ မော်တာဟာ အလိုလို ပြန်အလုပ်လုပ်လာတယ် cycle ပုံစံ အလုပ်လုပ်နေတာပေါ့ ။ auto အလုပ်လုပ်အောင် 0 1 နဲ့ ခလုပ်လေးတွေ တပ်ထားတယ် ဆားကစ်ပိုင်းမှာပါ နားလည်အောင်ပြောပြတာ 0 ဆို လျှပ်စစ်စီးတာပြတ်သွားတာပေါ့ အပူချိန်တက်လာရင် ဖေါက်ခနဲ့ ဆိုပီး 1 auto အလုပ် ပြန်လုပ်နေပြန်ရော ။ ဒါလောက်ပါပဲ နားလည်နိုင်ပါစေလို့

07/09/2013
လျှပ်စစ် သံလိုက်  အရင်ဆုံးပြောချင်တာက  သံလိုက်ဆိုတာ လူတိုင်းသိကျပါတယ်။ သံနဲ့ အခြားသော သတ္တုများကို ဆွဲငင်နိုင်သော အရာဝတ္ထု...
09/07/2013

လျှပ်စစ် သံလိုက်
အရင်ဆုံးပြောချင်တာက သံလိုက်ဆိုတာ လူတိုင်းသိကျပါတယ်။ သံနဲ့ အခြားသော သတ္တုများကို ဆွဲငင်နိုင်သော အရာဝတ္ထုတစ်ခုဖြစ်ပါတယ် ။ လျှပ်စစ်သံလိုက်ဆိုတာကတော့ လျှပ်စစ်အားရဲ့ အထောက် အကူအညီဖြင့် လေးပင်တဲ့ အရာဝတ္ထုတွေကို ဆွဲငင်နိုင်သော အရာဝတ္ထု တစ်ခုဖြစ်ပါတယ် ။ သံလိုက်တုံးအပေါ်တွင် လျှပ်စီးမှုကြောင့် သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေ သည်။ ထိုသံလိုက်စက်ကွင်းသည် မူလ သံလိုက်တုံးရှိ သံလိုက် စက်ကွင်း သံလိုက်စွမ်းအင်ထက် လျှပ်စစ်စီးမှုအားအပေါ်မူတည်ပီး အဆများစွာ သာလွန်ပါသည်။ထို့ကြောင့် လေးပင်သော အရာများကို မယူနိုင်ပါသည်။
ပုံမှာပြထားတာကို ကြည့်မယ်ဆိုရင် ..၁၉ရာစု အစောပိုင်းတုန်းက ရူပဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ အယ်လ်စတက် ဟာ လျှပ်စစ်စွမ်းအင်နဲ့ သံလိုက်စွမ်းအင်ကြား ဆက်သွယ်မှုကို တွေ့ရှိခဲ့ပါတယ်။ပုံ၁ နှင့် ၂ တွင် သံလိုက်စွမ်းအင် ရှိတဲ့ လက်တံတစ်ခု အပေါ်နှင့် မျဉ်းပြိုင်အနေအထားဖြင့် လျှပ်စစ် ၀ါယာကြိုးကိုထားပီး လျှပ် စစ်ဖြတ်စီး စေခြင်းအလို့ငှာ လက်တံသည် လျှပ်စစ်ဝါယာကြိုးနဲ့ ထောင့်မှန်အနေ အထားသို့ ရောက်ရှိသွား သ်ာကို တွေ့ရပါမည်။လျှပ်စီးမှုကို ရပ်လိုက်ရင် မှုလ အပြိုင်အနေထားသို့ပြန်ရောက်သွားပါမည်။
ပုံ၃ နဲ့၎ အရ ၀ါယာကြိုးကို မူလအကွာ အဝေးထက် ဝေးသော အပေါ်တွင် ထားပါက လျှပ်စစ် အားသက်ရောက်မှု သည် အားနည်းမည်။ ပုံ ၅တွင် ၀ါယာကြိုးအား ပုံမှာ ပြထားတဲ့ အတိုင်း ရစ်ပတ်ပီး လျှုစ်စီးဖြတ်စေ ခြင်းဖြင့် အပတ် အရေအတွက် များလေ လျှပ်စစ်အားသက်ရောက်မှူများလေ ဖြစ်မည်။ ပုံမှာပြထားသည့် အတိုင်း ကိုယ်ပိုင် လျှပ်စစ်သံလိုက်ကို ပြုလုပ်နိုင်ပါသည်။ သံလိုက်တုံးအပေါ်တွင် ကြေးနန်းဝါယာကြိုးကို ပတ်ပီးလျှပ်စစ်စီးစေခြင်း ဖြင့် ရိုးရှင်းသော လျှပ်စစ် သံလိုက်ကို ရရှိနိုင်ပါသည်။ ညာဘက်ထောင့် အောက်အစွန်ဆုံးပုံကတော့ အထူးစီမံထားသော လျှပ်စစ်သံလိုက် အသုံးပြု ကရိန်း ဖြစ်ပါတယ် ... သူ့ရဲ့စွမ်းအင်က တော့ လျှပ်စစ်အားနဲ့ သံလိုက်အမျိုးအစားပေါ် မူတည်ပီး ကွဲပြားခြားနိုင်ပါတယ် ...ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ နားလည်နိုင်ကြပါစေ....။

ွှTransformer(ထရန်စဖောမား) ဆိုတာ ဘာလဲ ? လျှပ်စစ် ဓာတ်အားပေးရုံမှ  လွတ်လိုက်သော လျှပ်စစ်ဓာတ် စီး ကြေးနန်းကြိုးများဖြင့် မိ...
19/06/2013

ွှTransformer(ထရန်စဖောမား) ဆိုတာ ဘာလဲ ?


လျှပ်စစ် ဓာတ်အားပေးရုံမှ လွတ်လိုက်သော လျှပ်စစ်ဓာတ် စီး ကြေးနန်းကြိုးများဖြင့် မိုင်ပေါင်းများ စွာဝေးကွာသော မြို့ကြီးများသို့ ဖြန့်ပေးရာတွင့် လျှပ်စစ်ဖိအား ကောင်းဖို့ လိုလေသည်။ ခရီးဝေးလေလေ လျှုပ်စစ်ဖိအားများရန်လိုလေလေ ဖြစ်သည်။ လျှပ်စစ်ဖိအားများမှသာ လမ်းတွင် လျှပ်စစ်စွမ်းအင် ဆုံးပါးခြင်း နည်းမည်။
ဓာတ်အားပေးစက်ရုံရှိ ဒိုင်နမို မှ ထုတ်လိုက်သော လျှပ်စစ်ဗို့အားသည် မကြီးမားလှချေ။ထို့ကြောင့် လျှပ်စစ် အင်ဂျင်နီယာကြီးများသည် လျှပ်စစ်ဗို့ အားကိုတိုးမြငိ့ပေးနိုင်မည့် ကရိယာကို ကြံစည်ခဲ့ကြရလေသည်။
ကရိယာပြုလုပ်ပုံမှာ သံစိမ်းတစ်ခုတွင် ဓာတ်မကူးနိုင်သည့် ပစ္စည်းဖြင့် ပတ်ထားသောကြေးနန်းကြိုး ၂ခုကို တခြားစီရစ်ပတ်ထားသည်။ ကြေးနန်းကြိုးခွေတစ်ခုသို့ အစုန်အဆန်စီး ဓာတ်စီးကြောင်း AC လျှပ်စစ်ဓာတ်ကို သွင်းပေးလိုက်သောအခိ အခြားကြေးနန်းကြိုးခွေ တွင် ၄င်းလျှစ်စစ်စီး တစ်ခု ဓာတ်ကူးသွားသည်။လျှုပ်စစ်ဓာတ် သွင်းပေးသောကြိုးခွေကို မုလနန်းခွေ (ပရိုမရီကွိုင်)ဟုခေါ်ပီး၊ ဓာတ်ကူးသွားသော ကြိုးခွေကို ဒုတိယနန်းခွေ (စက်ကင် ဒရီကွိုင်)ဟုခေါ်သည်။ဤနေရာတွင် တွေ့ရသော အချက်မှာ မူလနန်းခွေ၏ ကြိုးအပတ်ပေါင်း နှင့် ဒုတိယနန်းခွေ၏ကြိုးအပတ်ပေါင်း တူညီနေလျင် မူလနန်းခွေသို့ သွင်းပေးသော လျှပ်စစ်ဓာတ်စီး၏ ဗို့အားနှင့် ဒုတိယနန်းခွေ ၌ ဓာတ်ကူးသောလျှပ်စစ်ဓာတ်စီး ဗို့အားတို့သည် တူညီကြသည်။မူလနန်းခွေ ၌ကြိုးတပတ်ရှိ၍ ဒုတိယ နန်းခွေ ၌ကြိုး၁၀ ပတ်ရှိလျှင် ဒုတိယနန်းခွေ၏ လျှုပ်စစ်ဗို့အားသည် မူလနန်းခွေထက် ၁၀ဆကြီးသည်။
ဒုတိယနန်းခွေ၌ ကြိုးတပတ်ရှိပီး မူလနန်းခွေတွင်ကြိုး ၁၀ ပတ်ရှိလှင် ဒုတိယနန်းခွေ၏ ဗို့အားသည် မူလနန်းခွေ၏ ၁၀ ပုံ ၁ ပုံ သာရှိသော အချက်ပင်ဖြစ်သည်။ အက်ဒပ်ရှင်းကွိုင်၏ သဘောသည် ဤအချက်ကို အခြေခံထားလေသည်။ဓာတ်အားပေးရုံမှ လာသော လျှပ်စစ်ဓာတ် စီး၏ဖိအားကို မြင့်ပေးလိုသည့် အခါ ထရန်စဖောမားကို အသုံးပြုရသည်။ထရန်စဖောမားမှာ သံစိမ်းတစ်ခုတွက် အထက်ပါနည်းအရ ကြေးနန်းကြိုးများကို ရစ်ပတ်ထားသော
ကရိယာ ဖြစ်သည်။ မြို့ကြီး ပြကြီးများ တွင် ဗို့အားများသော လျှပ်စစ်ဓာတ်သည် ဘေးအန္ကရာယ် ဖြစ်လွယ်သဖြင့် လျှပ်စစ်ဓာတ်နှိမ့် ထရန်စဖောမားဖြင့် ကြိုးပတ်နည်းသော ဒုတိယနန်ခွေကို လျှပ်စစ်ဓာတ်စီးကူးစေရသည်။
ဗို့အားနှိမ့် လျှပ်စစ်ဓာတ်စီး ကို လမ်းတွင် သွယ်ယူပီးလျင် အိမ်ထဲသိုက သွယ်ယူလိုသောအခါ ထပ်မံ ဗို့အားကို နှိမ့်ချရပြန်သည်။ ထိုသို့နှိမ့်ပီးလျှပ်စစ်ဗို့အားဖြင့် သာ အိမ်တွင်းနေသူတို့သည် လျှပ်စစ်ဓာတ်ကို ဘေးကင်းစွာအသုံးချနိုင်ပေးသည်။
ထရန်စဖောမား သည် အစုန်အဆန်စီဒ ဓာတ်စီးကြောင်း AC လျှက်စစ်ဓာတ်ဖြင့်သာ လျင် အသုံးပြုနိုင်ပီး အစုန်စီး ဓာတ်စီးကြောင်း DC လျှပ်စစ်ဓာတ်ဖြင့် အသုံးမပြုနိုင်ပေ။ ထို အချက်ကြောင့်ပင်လျင် AC လျှပ်စစ်ဓာတ်စီဒ ကိုအသုံးများ ကြ ခြင်းဖြစ်သည်။ DC လျှပ်စစ်ဓာတ်စီးကို ထရန်စဖောမားဖြင့် အသုံးပြုလိုသော အခါ DC လျှပ်စစ်ဓာတ်စီးကို AC အဖြစ် ပြောက်းလံ ပေးသည် ကရိယာတစ်မျိုးကို အသုံးပြုရသည်။
ထရန်စဖောမားတွင် လျှပ်စစ်စွမ်းအင် ၂%၊ ၃% မျှသာအပူအဖြသ်ဆုံးရှုံးသည်။ အပူဒဏ်ကို ခံနိုင်စေရန် ထိုကိရိယာကို သေတ္ကာတစ်ခုထဲထည့်ပီး အထူးစီမံထားသည် ဆီဖြင့်စိမ်ထားရသည်။ ၀ိုင်ယာလက်စက်များ၊မော်တော်ကားစက်များ တွက် ထိုကရိယာ၏ သဘောကိုယူ၍ အသုံးချသည်ကို တွေ့ရပေသည်။

ဒိုင်အုပ် D(diode) ဆိုတာဘာလဲ ? ဘာအတွက် သုံးတာလဲ….?D ဆိုတာလျှပ်စီးကြောင်းကို ဦးတည်ချက်တစ်ခုတည်းကို စီးဆင်းဖို့ ခွင့်ပြု...
16/06/2013

ဒိုင်အုပ် D(diode) ဆိုတာဘာလဲ ? ဘာအတွက် သုံးတာလဲ….?



D ဆိုတာလျှပ်စီးကြောင်းကို ဦးတည်ချက်တစ်ခုတည်းကို စီးဆင်းဖို့ ခွင့်ပြုပီး …. အပြန်လျှပ်စစ်စီးမှုကို ခွင့်မပြုသော အီလက်ထရောနစ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒိုင်အုပ်မှာ လျှပ်ခေါင်း(electrode) နှစ်ခုရှိပါတယ်။ တစ်ဘက်က +(Positive)
တစ်ဘက်က -(Negative) ….။ လျှပ်စစ်စီးကြောင်းဟာ + to - စီးဆင်းကြပါတယ် ။ Positive electrode ကို Anode လို့ခေါ်ပီး Negative electrode ကိုတော့ Cathode လို့ ခေါ်ပါတယ် ….. Cathode ကနေ Anode ကို အီလက်ထရွန်တွေ ပြတ်သန်းသွားလာမှုကြောင့် လျှပ်စစ်စီးမှု ဖြစ်ပေါ်စေပါတယ်။ ဒိုင်အုပ်ကို သုံးတဲ့နေရာ အမျိုး၂ရှိပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် ဥပမာ battery တပ်ဆင်မှုမှားရင် (+ နဲ့ -) ရင် ဒိုင်အုပ် ဟာ လျှပ်စစ် စီးဆင်းမှု ကို ခွင့်မပြု ပေးဘူး ။ ဒိုင်အုပ် အမျိုးစားအများကြီးရှိပါတယ် …. Rectifier , Universal , Pulse, Varicaps, Zener, Thyristors, Photodiodes စသဖြင့် … ဒီဒိုင်အုပ်တွေ အကြောင်းကိုတော့ အသေးစိတ်မပြောပြတော့ပါဘူး ….ရှုပ်သွားမှာ စိုးလို့ ….. ဒိုင်အုပ်ဆို တာကို နားမလည်တဲ့ သူအတွက် အခြေခံ အနေနဲ့ ရှင်းပြလိုက်တာပါ ။ နားလည်နိုင်ပါစေ…..။

ကျွန်တော်  အလုပ်တွေ များနေလို့ မရေးဖြစ်ဘူးဗျာ … ဒါမယ့် ဒီနေ့ ရေးပီးတော့ တင်လိုက်ပါတယ် … မသိသေးတဲ့ သူတွေ ကို သိစေချင်တဲ့ ...
15/06/2013

ကျွန်တော် အလုပ်တွေ များနေလို့ မရေးဖြစ်ဘူးဗျာ … ဒါမယ့် ဒီနေ့ ရေးပီးတော့ တင်လိုက်ပါတယ် … မသိသေးတဲ့ သူတွေ ကို သိစေချင်တဲ့ ဆန္ဒ လည်းပါလို့…..

ဒီနေ့ ပြောမှာက capacitor အကြောင်းကိုပြော ပြချင်ပါတယ် … အရင် အပတ်က resistor အကြောင်းကို ပြော ပြခဲ့ပီးပါပီ …. ။ ။ အဲတော့ capacitor ဆိုတာ လာလဲ ….. capacitor ဆိုတာ လျှပ်စစ်စွမ်းအင်တွေ ကို သိုလှောင်ပေးတဲ့ အီလက်ထရောနစ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် ဗျာ ခု ကျွန်တော် တို့ သုံးနေတဲ့ လက်ကိုင်ဖုန်းတွေ ထဲ မှာ အားကို သိုလှောင်ပေးသူကြီး ဆိုပါတော့….အဲ့လောက်ဆိုရင် ရှင်းသွားပါပီ ။ လိုတဲ့ အချိန် ကို ထုတ်သုံးနိုင်အောင် စွမ်းအင်ကို သိုလှောင်ပေးတယ် ….. ။ တည်ဆောက်ပုံကိုပြော ရမယ်ဆိုရင်တော့ ပလိတ်ပြား နှစ်ပြား ပါတယ် …ပလိတ်ပြားရဲ့ ကြားမှာ လျှပ်စစ်မကူးနိုင်တဲ့ dielectric ခံထားပါတယ် အဲ့တာ ကြောင့် DC (မပြောင်းလဲ တဲ့ လျှပ်စစ်အား ) ဟာ capacitor ကို ဖြတ်ကူးမသွားနိုင်ပါဘူး …. AC (ပြောင်းလဲတဲ့ လျှပ်စ်) ကတော့ ဖြတ်သွားနိုင်တယ် …. ဥပမာ မိုးကြိုးပစ်ရင် လျှပ်စီး ကိုမြင်ဖူးမှာပါ … အဲ့ လျှပ်စီးကဲ့သို့ လျှပ်စီးကြောင်း ကြားခံနယ် Dielectric ကို ဖြတ် သန်းသွားနိုင်ပါတယ် …… သူကို တိုင်းတာ ကတော့ farad (F) ပါ ….. scheme (ပုံစံ) ဆောက်တဲ့ အပေါ်မူတည်ပီးတော့ လည်း capacity(ဆန့်သော ပမာဏ) တန်ဖိုး ကို တွက်ထုတ်နိုင်ပါတယ် ။ အားလုံးနားလည်နိုင်ပါစေ လို့

ဘီယာ ခွံ နဲ့ တီဗီ အင်တာနာ ဘယ်လို လုပ်မလဲ ?ခုခောတ် အင်တာနာတွေ ဈေးကြီးတယ်  တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့ေ...
02/06/2013

ဘီယာ ခွံ နဲ့ တီဗီ အင်တာနာ ဘယ်လို လုပ်မလဲ ?


ခုခောတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့တော့ ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်ပီးတော့ ချွေတာလိုက်ကျတာပေါ့ … ။ လိုအပ်တဲ့ အရာတွေကတော့
၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံ ဘူး) များသောအားဖြင့် အလူမီနီ ပဲများပါတယ် ပေါ့ပါးအောင့် လုပ်ထားတဲ့ အတွက်ပါ။
၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေ ဟာ ဒီအကြိုးအတိုင်း ၀င်ရောက် လို့ဖြစ်ပါတယ် ..အဲ့ကြိုးမရှိရင် ဘယ် ဆဂနယ် မှ ၀င်ရောက်နိုင်မှာမဟုတ်ပါ)
၃။သစ်သား
၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို သစ်သားမှာချည်နောင်ရန်အတွက်)
၅။မူလီ ၂ချောင်း
ကဲစပီးလုပ်ကျရအောင်
အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို ထားပါ ။ကျန်တဲ့ တစ်ဖက်ကို ၂လက်မ လောက် ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ ။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုးတစ်ချောင်းနဲ့ အပြင်ဘက်အကာမှာ အလူမီနီကြိုး များ ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက်အရှည်မှာ ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + လက်ခဏာကိုဆောင်ပီးတော့ အလူမီနီကြိုးကတော့ အနုတ် ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ ကြေးနန်းကြိုးကိုပတ်ပီးတော့ ဘီယာဘူးခွံ အ၀ (ထောင်ထားလျင်အပေါ်ပိုင်း) မှာ ရိုက်ပီးချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် သစ်သားမှာ ကပ်ချည်ပါ။ ဘီယာခွံ ၂ခုကြား အကွာ အဝေးက တော့ ၇စင်တီမီတာလောက်ထားပါ (ဒါက စမ်းသတ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ အဝေးပါပဲ နီးရင် ဆဂနယ် သက်ရောက်မှုနည်းတယ်။၇ကတော့ အကောင်းဆုံးပါပဲ)။
အင်တာနာမြင့်လေ ဆဂနယ် ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် ။အဲ့တောင်ကြောင့် အဲ့တီကပ်ချည်ထားတဲ့အင်တာနာကို အပြင်ဘက်ကို ထုတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပီးထောင်ရင်လည်းရပါတယ်။ သစ်သားအကျီင်္ ချိတ်ကို အသုံးပြုရင်လည်းရပါတယ်။ ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ ကပ္ခ်ည္လိုက္ပါ။ ပီးလျင် အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ ဆဂနယ် ကောင်းကောင်းဖမ်းယူပေးပါလိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေချောမွေ့ ကျပါစေ။

Address

မုန့်လက်ကောက်
Tver
170000

Telephone

9040215782

Website

Alerts

Be the first to know and let us send you an email when အင်ဂျင်နီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share