17/04/2026
We invite all educators looking to enhance their students' confidence and presentation skills to register for free via the link below.
📝 Topic: Fostering Students' Identities and Agency
🗓 Date: April 18, 2026 (Saturday)
⏰ Time: 7:30 PM – 9:00 PM (ฺBangkok Time)
🔗 Register here: https://forms.gle/dFWUSEnTdacXgqkLA
*** Registration link closes Friday, 10.30 PM
[English Version Below]
မင်္ဂလာပါ ဆရာ၊ ဆရာမတို့ရှင့်...
COPE ရဲ့ ဆရာ၊ ဆရာမတို့ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်မှတစ်ဆင့် သင်ကြားရေးလောကမှာ အလွန်အရေးပါပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ "Identities & Agency" (ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အမှတ်သဏ္ဌာန်နဲ့ စွမ်းဆောင်နိုင်စွမ်း) ဆိုင်ရာ Talk Show လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ 🙏
ယခုအစီအစဉ်ရဲ့ ခေါင်းစဉ်ကတော့ “Fostering Students' Identities and Agency: Teacher Strategies for TED-Style Presentations” (ကျောင်းသားများ၏ ကိုယ်ပိုင်အမှတ်သဏ္ဌာန်နှင့် စွမ်းဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်း - TED-Style တင်ပြမှုများအတွက် ဆရာ၊ ဆရာမများ အသုံးပြုနိုင်မည့် နည်းဗျူဟာများ) ပဲ ဖြစ်ပါတယ်။
ဘာသာစကားသင်ကြားရေးမှာ ကျောင်းသားတွေဟာ သင်ယူသူသက်သက်တင်မဟုတ်ဘဲ သူတို့မှာ မတူညီတဲ့ ကိုယ်ပိုင်အမှတ်သဏ္ဌာန်တွေနဲ့ လုပ်ဆောင်နိုင်စွမ်း (Agency) တွေ ရှိကြပါတယ်။ ဒါပေမဲ့ အာရှနိုင်ငံအများစုရဲ့ ဆရာဗဟိုပြုသင်ကြားရေးဝန်းကျင်တွေမှာ ဒီအချက်တွေကို လက်တွေ့အသုံးချဖို့ စိန်ခေါ်မှုတွေ ရှိနေတတ်ပါတယ်။ ဒီ Webinar မှာတော့ အဆိုပါသီအိုရီတွေကို TED-Style Presentations တွေကတစ်ဆင့် လက်တွေ့အတန်းထဲမှာ ဘယ်လိုအသုံးချမလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီ Webinar မှာ ဘာတွေလေ့လာရမလဲ?
✅ ကျောင်းသားတွေရဲ့ Identity နဲ့ Agency ဆိုတာ ဘာလဲ၊ ပညာရေးမှာ ဘာကြောင့် အရေးကြီးတာလဲ?
✅ သီအိုရီနဲ့ လက်တွေ့သင်ကြားမှုကြားက ကွာဟချက်ကို TED-Style တင်ပြမှုတွေကတစ်ဆင့် ဘယ်လိုချိတ်ဆက်မလဲ?
✅ ကျောင်းသားတွေရဲ့ နှုတ်မှုစွမ်းရည်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ နည်းဗျူဟာများ
အစရှိတဲ့ မိမိတို့ရဲ့ ကျောင်းသားတွေကို ကိုယ်ပိုင်ယုံကြည်မှုအပြည့်နဲ့ တင်ပြပြောဆိုနိုင်အောင် ပံ့ပိုးပေးလိုတဲ့ ဆရာ၊ ဆရာမများအားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
🙌 ဤအစီအစဉ်လေးကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Link မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
📝 ဆွေးနွေးမည့်ခေါင်းစဉ်: Fostering Students' Identities and Agency
🗓 ရက်စွဲ: ဧပရယ် (၁၈) ရက်၊ ၂၀၂၆ (စနေနေ့)
⏰ အချိန်: မြန်မာစံတော်ချိန် ည (၇) နာရီမှ (၈:၃၀) နာရီအထိ
🔗 စာရင်းပေးသွင်းရန်: https://forms.gle/dFWUSEnTdacXgqkLA
[သတိပြုရန်! စာရင်းပေးသွင်းသည့်လင့်ခ်ပိတ်ချိန်မှာ သောကြာနေ့ည ၁၀နာရီဖြစ်ပါသည်။]
✨ Speaker ၏ ကိုယ်ရေးအကျဉ်း
Speaker အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ National Institute of Development Administration (NIDA Thailand) မှ အကြီးတန်းကထိက Asst. Prof. Aree Manosuthikit မှ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဆရာမသည် အမေရိကန်ပြည်ထောင်စု၊ University of Wisconsin–Madison မှ Second Language Acquisition (SLA) ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (PhD) ကို ရရှိထားသူ ဖြစ်ပါတယ်။
ဆရာမသည် အင်္ဂလိပ်ဘာသာစကား ဆည်းပူးလေ့လာခြင်း၊ ဘာသာစကားဆိုင်ရာ ကိုယ်ပိုင်အမှတ်သဏ္ဌာန်နှင့် စွမ်းဆောင်နိုင်စွမ်း (Language Identity and Agency) နှင့် လူမျိုးစုဗေဒဆိုင်ရာ သုတေသနများအပေါ် အဓိကထား လုပ်ဆောင်နေသူ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမသည် ဘွဲ့လွန်ကျောင်းသားတွေကို နှုတ်ဖြေစွမ်းရည် (Oral practice) လေ့လာမှုတွေမှာ လမ်းညွှန်ပြသပေးခဲ့တဲ့ ၈ နှစ်ကျော် အတွေ့အကြုံတွေနဲ့အတူ ခေတ်သစ်စာသင်ခန်းတွေမှာ တက်ကြွတဲ့သင်ယူမှု (Active Learning) နည်းလမ်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးနေသူလည်း ဖြစ်ပါတယ်။
ဆရာမ၏အကြောင်းအသေးစိတ်ကြည့်ရှုရန်: https://nida.ac.th/en/teams/aree-manosuthikit/
_______________________________________
[English Version]
Hello, teachers and educators!
As part of COPE’s ongoing professional development series, we are excited to invite you to an insightful webinar on “Fostering Students' Identities and Agency: Teacher Strategies for TED-Style Presentations.” 🙏
In language education, it is essential to recognize that students possess unique identities and the agency to lead their own learning. However, in many Asian classrooms, traditional teacher-centered pedagogy can sometimes limit these expressions. This session aims to bridge the gap between theory and practice using TED-style presentations as a powerful instructional tool.
What participants will learn:
✅ Understanding the concepts of student "identities" and "agency" in the classroom.
✅ Theoretically informed strategies to guide students through oral practice via TED-style presentations.
✅ Practical ways to move from teacher-centered models to environments that empower student voices.
We invite all educators looking to enhance their students' confidence and presentation skills to register for free via the link below.
📝 Topic: Fostering Students' Identities and Agency
🗓 Date: April 18, 2026 (Saturday)
⏰ Time: 7:00 PM – 8:30 PM (Myanmar Time)
🔗 Register here: https://forms.gle/dFWUSEnTdacXgqkLA
[Reminder! Registration link closes Friday, 10 PM]
✨ Speaker Bio
Our guest speaker is Asst. Prof. Aree Manosuthikit, an assistant professor at the National Institute of Development Administration (NIDA) in Bangkok, Thailand. She earned her PhD in Second Language Acquisition (SLA) from the University of Wisconsin–Madison, USA.
Her research focuses on English language acquisition, language identity and agency, language ideologies, and qualitative research (ethnography). With over 8 years of experience guiding graduate students through oral practice activities, she brings a wealth of knowledge on how to foster active learning in the modern classroom.
Learn more about her: https://nida.ac.th/en/teams/aree-manosuthikit/