28/01/2026
🧑🏻🎓Siam Technology College (STC) ဟာ ထိုင်းနိုင်ငံရဲ့ Technical Education နာမည်ကြီးတဲ့ Technology College တစ်ခုဖြစ်ပါတယ်။
✅ အထူးသဖြင့် EV, Solar and Energy Engineering, Automotive Technology, Electrical and Automation, Mechanical Engineering စတဲ့ Engineering ဘာသာရပ်တွေမှာ လက်တွေ့အထူးပြုသင်ကြားနိုင်ပြီး အမျိုးသားအဆင့်ပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့တာကြောင့်ပါ။
👉ထိုင်းနိုင်ငံရဲ့ လက်ရှိအလုပ်အကိုင်လိုအပ်ချက်အမြင့်ဆုံး Sector တစ်ခုဖြစ်တဲ့ Energy and Engineering industry မှာ လစာကောင်းမွန်တဲ့ အလုပ်အကိုင်တွေရရှိနိုင်ရုံသာမက
အခြားနိုင်ငံကြီးများမှာလည်း ကျွမ်းကျင်သူ ပညာရှင် Engineers များအဖြစ် လုပ်ကိုင်နိုင်စေဖို့၊
👉 ယခင်က Thai 🇹🇭 Program များအဖြစ်သာ ဖွင့်ခဲ့တဲ့ Engineering program များကို international program များအဖြစ် မကြာခင်မှာ တိုးချဲ့ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
📌 စာသင်တဲ့အခါ English လို သင်ကြားမှာဖြစ်ပြီး စက်ရုံအလုပ်ရုံတွေမှာ လက်တွေ့ internship ဆင်းတဲ့အခါမှာတော့ ဘာသာစကားအခက်အခဲမရှိရလေအောင် ထိုင်းဘာသာစကားကျွမ်းကျင်မှု (၆) လသင်တန်းကိုထည့်သွင်းသင်ကြားပေးမှာဖြစ်လို့ စုစုပေါင်း လေးနှစ်ခွဲ (4.5 years) program များဖြစ်ပါတယ်။
📌 Siam Technology College (STC ) ရဲ့ Engineering program အသစ်တွေအကြောင်း အပြည့်အစုံကို မကြာမှီ တင်ပြပေးသွားမှာဖြစ်လို့ ဒီ STC for Myanmar Students Page လေးကို Follow လုပ်ထားပေးဖို့ တောင်းဆိုလိုက်ပါရစေဗျ။