Kachin Youth Union

Kachin Youth Union Atsam Ningja Hpring Tsup ai Wunpawng Ramma.

22/11/2025
In the midst of wars, women do more than survive, they keep the children and the community alive and hold the nation tog...
12/11/2025

In the midst of wars, women do more than survive, they keep the children and the community alive and hold the nation together. While majority men went to frontlines, it’s women who sheltered the children, tend to the wounded, educated the future generations even bombs shelled nearby, and carry the weight of shattered homes.

In Kachin and across Myanmar, women are the backbone of the resistance movement-protecting elders, preserving cultures, and standing firm against injustices.

Women courage is not always seen in headlines, but its etched into every act of care, every whispered lullabies, every step taken toward freedom.
Women keep the fire of hope alive. Let’s not forget that.

04/02/2024

(63) Ning Hpring Rawt Malan Masat Nhtoi bai du wa sai. Rawt Malan Nhtoi kawn Awng Dang ai Masat Nhtoi de lahkam sa wa sai lam hpe lawu de na madun da ai video hta mu lu sai. 👇👇👇

Wunpawng hkanan de du lung wa saga ai. Lawu de na video gaw 3 ning laman hta anhte wunpawng mungdan kaw shanu nga ai mung shawa ni a nta🏘🏡💒 3427+ hpe Tatmadaw ni jahten kau ya ai.

Jinghpaw mung buga nga ginra masha marai 145,000+ hpyen yen tsin yam hkrum sha mat wa ai.

Wunpawng mung masha marai 1190 jan hkala nba hkrum sha ai.

Wunpawng myusha marai 660 jan mara n nga Tatmadaw a sat shamyit ai lam hkrum sha mat ai.

2023, laning mi laman hta sha Wunpawng Mungdan Shanglawt Hpung KIA/KIO uphkang ginra hta nbungli hte 122 lang bawm jahkrat, gasat ai lam galaw hkrum sha lai wa sai.

Yak hkak jamjau , hpyen a myu myu hpe tawt lai let myutsaw hpyen la ni awng padang dip la lu ai lam ni mung makoi n mai hkra mu lu na lu saga ai. 2021 kawn 2024 hta KIA/KIO uphkang ginra hta majan hpyen mang ginra ni law jat wa ai lam ni hpe madun dat ai hku re.

Wunpawng mungdan grin nga u ga! Wunpawng mungdan lawan hkamja wa lu ga! Wunpawng mungdan galu kaba nga u ga law. 🌿☘️☘️🌿🍀 Myu tsaw Share ninghkring/shagan hpyenla ni yawng hpe hkungga jaw dat ai.

▶️

03/02/2023


61 Ning Hpring Mung Shawa rawt malan nhtoi lamang (2022, Chiang Mai, Thailand) Gawdin Lamang
19/02/2022

61 Ning Hpring Mung Shawa rawt malan nhtoi lamang (2022, Chiang Mai, Thailand) Gawdin Lamang

18/04/2021

NUG ဖွဲ့စည်းမှုနှင့် စဉ်းစားဆင်ခြင်စရာများ
ဒီနေ့ CRPH က NUG ကိုဖွဲ့စည်းလိုက်တော့ ပထမဆုံးခေါင်းထဲဝင်လာတာကတော့ Identity Politics ပါပဲ။ ဒီဆောင်းပါးမှာ Identity Politics ရယ်၊ NUG နဲ့ပတ်သက်တဲ့ စဉ်းစားမိတာအချို့ကိုဖော်ပြသွားပါမယ်။
တိုင်းရင်းသားလူမျိုးစုတွေကို ဝန်ကြီးနေရာမျှထည့်ပေးလိုက်တာက ခင်ဗျားတို့ပြောနေတဲ့ ဖက်ဒရယ်လမ်းကြောင်းအရ Inclusion and Inclusiveness ကို ပေးလိုက်တာမဟုတ်ဘူးလားဆိုတဲ့ မေးခွန်းမျိုးက NUG ကို ဝေဖန်သူများကို မေးနေကြတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံရေးမှာ လှည့်ကွက်တွေ အများကြီးရှိတယ်ဆိုတာကိုတော့ တကူးတကရှင်းပြစရာမလိုဘူးလို့ယူဆပါတယ်။ ဒီနေ့ထုတ်ပြန်လိုက်တဲ့ ဝန်ကြီးနေရာတွေကို ကြည့်မယ်ဆိုရင်တော့ Identity Politics ကိုသုံးထားတယ် လို့ပဲ သုံးသပ်ပါတယ်။
ဒီနေရာမှာ Identity politicsက ဘာလဲဆိုရင်တော့ “ဗမာမဟုတ်တဲ့ လူမျိုးစုတွေ နိုင်ငံရေးမှာ ပါဝင်တယ်၊ ဗမာမဟုတ်တဲ့ လူမျိုးစုတွေကို အခွင့်အရေးပေးတယ်”ဆိုတဲ့ ပုံစံမျိုးဖမ်းနိုင်ဖို့၊ ရွှေရည်စိမ် ဖက်ဒရယ်ကို တည်ဆောက်ပြနိုင်ဖို့ ခိုင်မာတဲ့ ဖက်ဒရယ်ကတိတွေ မပေးဘဲ လူမျိုးစုရဲ့ ဖြစ်တည်မှု identityကို အသုံးချ၊ သူတို့ထဲက လူတစ်ချို့ကို နေရာပေးလိုက်တာ၊ တော်လှန်ရေးရေချိန် အတိုင်းအတာတစ်ခုထိရှိတဲ့ CRPHရဲ့ လုပ်ဆောင်ချက်တွေကို အမြဲဝေဖန်ဆန်းစစ်နေတဲ့ လူကြီးလူငယ်တွေကို အသံတိတ်အောင် အချိုသပ်လိုက်တာပဲဖြစ်တယ်။
ထင်ရှားသိသာတဲ့ ဥပမာပြရရင်တော့ CRPH ကို အဓိကဝေဖန်နေတာက လူငယ်တွေဖြစ်တယ်။ အဲ့လူငယ်တွေ အသံတိတ်သွားအောင် မအိသဉ္ဇာမောင်ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဆိုပြီး ကြားကာလမှာ ချွေးသိပ်လို့ရတဲ့ နေရာတစ်ခုပေးလိုက်တော့ တစ်ချိန်က radical ဖြစ်ပါတယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်ထုကြီး ကျေနပ်နေတာက အကောင်းဆုံးဥပမာပါပဲ။
NUG
ပထမဆုံး အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့ကို နိုင်ငံတော်အတိုင်ပင်ခံ ရာထူးနဲ့ သမ္မတ ရာထူးခန့်ထားမှုဟာ လူကြိုက်များရုံသာရှိပြီး အစိုးရအဖွဲ့ရဲ့ လက်တွေ့လုပ်ဆောင်နိုင်မှုမှာ အားနည်းစေပါလိမ့်မယ်။ သူတို့နှစ်​ယောက်က အခုအချိန်မှာအကျယ်ချုပ်ကျခံနေရလို့ သူတို့ကိုကာကွယ်လိုတဲ့သဘောနဲ့ နေရာပေးထားတာမျိုးကိုနားလည်ကြည့်နိုင်ပေမယ့် တကယ်လို့သူတို့ကိုစစ်ကောင်စီက ပြန်လွှတ်လိုက်ရင် သူတို့ကဘယ်လိုလုပ်ပိုင်ခွင့်တွေရှိမလဲဆိုတာမကွဲပြားပါဘူး။ ပါလီမန်စနစ်မှာဆို ဝန်ကြီးချုပ်ကအစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်ပြီး သမ္မတက ရုပ်ပြသဘောပါပဲ။ ဒီအစိုးရကိုဖွဲ့စည်းဖို့အခြေခံထားတဲ့ ပဋိညာဥ်မှာတော့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ရဲ့တာဝန်ကိုရှင်းရှင်းလင်းလင်းမဖော်ပြထားတဲ့အတွက် ပြဿနာတက်နိုင်ပါတယ်။ ဟိုတစ်လောက ဒေါက်တာဇော်ဝေစိုးက ခေါင်းဆောင်တွေပြန်လွတ်လာရင် စေ့စပ်ဖို့ဖြစ်နိုင်တယ်လို့ပြောတာနဲ့ပြန်ချိတ်ကြည့်တယ်အခါ ဒါက တကယ့်စိုးရိမ်စရာပါပဲ။ ဒါ့အပြင် ၂၀၀၈ အောက်ကနေ ရယူထားတဲ့ 'အတိုင်ပင်ခံ' ဆိုတဲ့ ရာထူးကို လက်မလွတ်သေးတာကလည်း မေးခွန်းထုတ်စရာပါပဲ။
အစိုးရအဖွဲ့မှာ ကရင်လူမျိုး ၃ဦး ပါဝင်ပြီး မန်းဝင်းခိုင်သန်းက အရင်အစိုးရလက်ထက် အမျိုးသားလွတ်တော် ဥက္ကဋ္ဌ (ကာလုံအဖွဲ့ဝင်)နဲ့ ​ဒေါ်ဆူဇန်နာလှလှစိုးကတော့ အမျိုးသမီးနဲ့ကလေးသူငယ် အခွင့်အရေး ကော်မတီအတွင်းရေးမှူးဖြစ်ပါတယ်။ ကျန်ကရင်အမျိုးသမီး နော်ထူးဖောကလည်း ပညာရပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုထောက်ပြစရာရှိတာက မန်းဝင်းခိုင်သန်းဟာ ကရင်အမျိုးသားသာဖြစ်ပြီး ကရင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းကလူမဟုတ်တဲ့အတွက် တကယ်ပဲကရင်တွေကို ကိုယ်စားပြုမှု အစိုးရမှာပါသလားဆိုတာ ဆန်းစစ်ရပါမယ်။
ကချင်လူမျိုး ၃ဦးပါဝင်ပြီး ဒူလဝါရှီးလ၊ ဒေါက်တာတူးခေါင်နဲ့ ဂျာထွယ်ပန်တို့က အရပ်ဖက်အဖွဲ့အစည်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများဖြစ်ကြပါတယ်။ ဒူလဝါရှီးလက ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ရဲ့ဥက္ကဌဟောင်းဖြစ်တယ်။ ဒီအဖွဲ့ဟာ KIO နဲ့ပနံသင့်တဲ့အဖွဲ့ဖြစ်တဲ့အတွက် KIO ဟာ Charter နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေမယ့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ကလူကိုထည့်ထားခြင်းဟာ စဉ်းစားစရာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တအန်းအမျိုးသားတစ်ဦးဖြစ်တဲ့ မိုင်းဝင်းထူးကိုဒုဝန်ကြီးတစ်နေရာပေးထားတာတွေ့ရပါတယ်။ တစ်နေ့တည်းမှာ TNLA ကလည်း NUG ကိုကြိုဆိုပါတယ်စာထုတ်လာပါတယ်။ လက်ရှိ NUG အရ ကာကွယ်ရေးဝန်ကြီးဖြစ်သွားတဲ့ ဦးရည်မွန်ကလည်း Federal Army မလာခင် Federal Alliance ဆိုတဲ့စုဖွဲ့မှုမျိုးရှိနိုင်တယ်လို့ပြောထားတာကြောင့် Federal Army အတွက်ခြေလှမ်းပြင်နေတယ်လို့ မျှော်လင့်စရာရှိလာပါတယ်။ AAအနေနဲ့ကတော့ ဖိတ်ခေါ်ပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်မသွားတာဖြစ်တယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောကြားချက်ဟာ ရပ်တည်ချက်ခိုင်မာတဲ့ အာရကန်သားတွေအတွက် ဂုဏ်ယူစရာပါ။
ကယားပြည်နယ်မှ ၃ဦးပါဝင်ပြီး ကရင်နီအမျိုးသားတိုးတက်ရေး ပါတီမှ ခူးထဲဖူး ၊ ကယန်းအမျိုးသားပါတီမှ ခွန်ဘီးထူး နဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦးမှ ဦးချစ်ထွန်းတို့ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှ မွန်ညီညွတ်ရေးပါတီက နုတ်ထွက်ခဲ့တဲ့ မင်းဇေယျာဦးနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗိုလ်မှူးအငြိမ်းစား နိုင်ကောင်းရွက်တို့ပါဝင်ပါတယ်။
ချင်းလူမျိုးအနေနဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ ဒေါက်တာဆာဆာပါဝင်လာပြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက CNF အနေနဲ့မဟုတ်ဘဲ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ရွေးချယ်စေလွတ်တဲ့ ချင်းလူမျိုးစု ကိုယ်စားပြုပုဂ္ဂိုလ်အနေနဲ့ ပါဝင်ကြောင်း သတင်းစာရှင်းလင်းပွဲ မှာဖြေကြားထားပါတယ်။ နောက်တစ်ချက်က ဒေါက်တာလျန်မှုန်းဆာခေါင်းဟာ မြန်မာ citizen တစ်ဦးမဟုတ်ပါဘူး။ ဒါကိုကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးကိုပိတ်ပင်ထားတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပျက်ပြီလို့ပြောတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ ဒါဟာဝမ်းသာစရာပါပဲ။
အခု NUGက ချပေးလိုက်တဲ့ ဝန်ကြီးနေရာတွေကို ကြည့်ရင် ဒီလူတွေကို ဘယ်အချက်တွေကြည့်ပြီး ဒီနေရာတွေကို ပေးခဲ့သလဲ၊ ဒီလူတွေရဲ့ အရင်က လုပ်ဆောင်ချက်တွေ ဘာတွေရှိသလဲ၊ သူတို့ရဲ့ မိခင်အဖွဲ့အစည်းနဲ့ NLD (သို့ CRPH) နဲ့ ကြားကဆက်ဆံရေးက ဘယ်လိုရှိလဲ၊ သူတို့ရဲ့မိခင်အဖွဲ့အစည်းကရော ဘယ်လိုအဖွဲ့အစည်းမျိုးလဲ၊ ဒီလူတွေကို ဒီနေရာပေးတာ သူတို့ရဲ့ တိုင်းရင်းသားတွေကရော ကျေနပ်ကြရဲ့လား ဆိုတာကို တွေးဖြစ်အောင် တွေးရမယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုလှမ်းလျှောက်မယ်၊ လောကပါလတရား (၃)ပါးကို လက်ခံထားမယ်ဆိုပြီး ဘာကြောင့် တစ်ချိန်တစ်ခါက ဗမာလူမျိုးကြီးဝါဒကို ပေါ်ပေါ်တင်တင်ကျင့်သုံးခဲ့ပြီး ရိုဟင်ဂျာအပါအဝင်လူနည်းစုအခွင့်အရေးတွေကို လစ်လျူရှုခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးလိုလူမျိုးကို နေရာပေးထားသလဲဆိုတာက CRPHကို ပြန်မေးခွန်းထုတ်ရမယ့် အချက်ပဲဖြစ်တယ်။ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ပင်လုံစာချုပ်ကို ဦးထိပ်ပန်ဆင်တယ်ဆိုပြီး ရှမ်းနဲ့ ရခိုင်ကိုယ်စားလှယ်တွေ ဘာကြောင့်မပါသလဲဆိုတာကို မေးခွန်းထုတ်ရမယ်။
NUCC
NUG ကို NUCC ကတစ်ဆင့်အခြေခံပြီးရွေးတယ်လို့ပြောကြားချက်အရ NUCC ကိုဆက်စောင့်ကြည့်ရပါမယ်။ အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖွဲ့စည်းပြီးတကယ်လည်ပတ်နေလို့ ဒီအစိုးရအဖွဲ့ကိုသူတို့ကသဘောတူဖွဲ့စည်းသလိုလို၊ NUCC ကို တရားဝင်မဖွဲ့စည်းရသေးသလိုနဲ့ NUCC နဲ့ပတ်သက်ပြီး မရှင်းလင်းမှုတွေ အင်မတန်များနေပါတယ်။ ဒေါက်တာဆလိုင်းလျန်မှုန်းက NUCC ကို ဒီရက်ပိုင်းအတွင်းတရားဝင်ဖွဲ့စည်းမယ်လို့ပြောတဲ့အတွက် စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် အခုလိုတရားဝင်မဖွဲ့စည်းရသေးတဲ့ NUCC က ဘယ်လိုလည်ပတ်ပြီး NUG ကိုသဘောတူဖွဲ့စည်းခဲ့လဲဆိုတဲ့ပြဿနာကတော့ရှိနေဆဲပါပဲ။ တကယ်ဆိုဒီပြဿနာက ပဋိညာဥ်မှာကတည်းက ပဋိညာဥ်အစိတ်အပိုင်း ၁ ကို NUCC က အတည်ပြုတယ်ဆိုပြီးစလာခဲ့တာဖြစ်ပါတယ်။ အခုထိ NUCC နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိသေးတာက ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။
ဒီဆောင်းပါးအနှစ်ချုပ်ကတော့ NUG ဟာ အလုံးစုံအားရစရာကောင်းတဲ့ ကြားကာလ အစိုးရမဟုတ်ပါဘူး။ ဝေဖန်စရာ၊ ထောက်ပြစရာတွေရှိတယ်။ တစ်ဖက်မှာလည်း ကြိုဆိုစရာတွေ၊ စဉ်းစားစရာတွေရှိနေပြန်သေးပါတယ်။ ပြည်နယ်အစိုးရတွေကို ဘယ်လိုဖွဲ့စည်းမလဲကို ဆက်စောင့်ကြည့်ရမှာပါပဲ။

26/08/2020

Child's Dream အဖွဲ့အစည်းက မြန်မာပြည်မှာ ဘွဲ့ ကြို (Bachelor) တက်ချင်တဲ့ မြန်မာ ကျောင်းသူကျောင်းသားတွေအတွက်ပေးတဲ့ Full Scholarship ဖြစ်ပါတယ်။
----
နောက်ဆုံးလျှောက်ရမည့်ရက် က Oct 15, 2020 နော်.

Full Scholarship ရဲ့တန်ဖိုး - 🎊🎁
1. ကျောင်းလခနှင့် ဆက်စပ်သော ကုန်ကျစရိတ်များ (ဥပမာ - တက္ကသိုလ်ဝင်ကြေး၊ လစဥ်ကြေး)
2. ကျောင်းသုံးပစ္စည်းများ ( ယူနီဖောင်း၊ စာအုပ်၊ စာရေးကိရိယာများ)
3. နေထိုင်စရိတ် (အိမ်လခ (သို့) အဆောင်လခ၊ အစားသောက်စရိတ်၊ ခရီးစရိတ်)
4. အခြားကုန်ကျစရိတ်
----
သင်ယူလို့ရမည့် နယ်ပယ်ဘွဲ့များ 🧑‍🎓👨‍🎓
1. nursing
2. Computer ဘာသာရပ်များ (အသေးစိတ်ကိုလင့်မှာကြည့်ပါ)
3. Agriculture ဘာသာရပ်များ (အသေးစိတ်ကိုလင့်မှာကြည့်ပါ)
4. Engineer ဘာသာရပ်များ (အသေးစိတ်ကိုလင့်မှာကြည့်ပါ)
5. English
6. Law
7. Psychology
6. Philosophy
8. Geography
9. Anthropology
10. International Relations
11. Oriental Studies
12. Veterinary Science ဘာသာရပ်များ (အသေးစိတ်ကိုလင့်မှာကြည့်ပါ)
13. Education ဘာသာရပ်များ ( (အသေးစိတ်ကိုလင့်မှာကြည့်ပါ)
---
ဘယ်လိုလျှောက်ရမလဲ
1. Form ဖြည့်ပါ။
2. Form ကို [email protected] သို့ ပိုရပါမယ်.
--------
အရေးကြီးလိုအပ်တဲ့စာရွက်စာတမ်း၊ သတ်မှတ်ချက်၊ တက်လို့ရမည့် တက္ကသိုလ်၊ လျှောက်လွှာပုံစံကို ဒီအောက်က လင့်မှာ ကြည့်လို့ရပါတယ်။
https://childsdream.org/wp-content/uploads/2020/08/CD_USPMB-application-2020_mmr.pdf?fbclid=IwAR0lf8TOf1hs-tedGsXYUsEDgXXNZuPIbESg4zjGnYAP-cqP0XIv2Gj4sBc
-----
Scholarship ရဲ့ရည်ရွယ်ချက်ကို ဖတ်ချင်ရင်တော့...
https://childsdream.org/higher-education/university-scholarships/?fbclid=IwAR35pjYQeCxZc8i34Nr-U0bdYSJ8Z2UTTMj_owqCdTm45dny3I0Q7YATXNs
-----
Child's Dream page ကတော့
https://web.facebook.com/CDHEMyanmar/
-----
ကိုယ်တိုင်ဝင်ရောက် စူးစမ်းဖတ်ရှုပြီးမှ သိချင်တဲ့အချက်တွေ၊ မရှင်းတဲ့အချက်တွေ၊ နားမလည်တဲ့ အကြောင်းအရာတွေရှိပါက Chatbox မှာအချိန်မရွေးမေးနိုင်ပါတယ်။
---

06/07/2020

ที่อยู่

Chiang Mai
50210

เบอร์โทรศัพท์

+66 (0) 967947129

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kachin Youth Unionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kachin Youth Union:

แชร์