Spring Film Academy

Spring Film Academy Established in 2023 to support intergenerational education and revolution through the arts.

   #နွေဦးရုပ်ရှင်ကျောင်း ၁၃၈၈ ခုနှစ်မြန်မာနှစ်ဆန်း(၁) ရက်နေ့မြန်မာနှစ်သစ်မှာမြန်မာပြည်သားအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစ...
17/04/2026


#နွေဦးရုပ်ရှင်ကျောင်း
၁၃၈၈ ခုနှစ်
မြန်မာနှစ်ဆန်း(၁) ရက်နေ့
မြန်မာနှစ်သစ်မှာ
မြန်မာပြည်သားအားလုံး
ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
Spring Film Academy မိသားစုက
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
🌹🙏🙏🙏🙏🙏🌹
Spring Film Academy

 April 7, 2026Spring Film Academy Batch 4 Students Fresher welcome and Thingyan Festival.See you soon.🎥🎥🎥🎥🎥
03/04/2026


April 7, 2026
Spring Film Academy
Batch 4 Students Fresher welcome and Thingyan Festival.
See you soon.
🎥🎥🎥🎥🎥

26/03/2026

"အနုပညာသစ္စာကို ပြည်သူ့အတွက် အရင်းတည်ထားတဲ့ CDM အနုပညာရှင်များရဲ့ ဖျော်ဖြေပွဲ

✨ တခေတ်တခါက လွမ်းမောစရာ ဇာတ်ခုံအလှတွေ၊ ဆိုင်းသံဗုံသံတွေကို ပြန်လည်ကြည့်ရှု့ခွင့်ရမည့် "စစ်မှန်တဲ့ အနုပညာရှင်"များစွာရဲ့ တော်လှန်ဘဘင်ပွဲကြီးကို မကြာခင် မြင်တွေ့ရတော့မှာပါခင်ဗျာ။

🍀💙 မိသားစု၊ ဘဝနဲ့ အောင်မြင်မှုတွေကို နောက်မှာထားပြီး CDM အနုပညာရှင်များ အဖြစ် ပြည်သူ့ဘက်က ရပ်တည်ပေးနေတဲ့ "အနုပညာရဲ့ စစ်မှန်တဲ့ တန်ဖိုး" ကိုပါ တပါတည်း မြင်တွေ့ရမှာပါ။

💃 မြန်မာ့ယဉ်ကျေးမှု အနုပညာရဲ့ အနှစ်သာရကို အပြည့်အဝပေးမယ့် ဇာတ်ပွဲ။ အနုပညာရှင်တွေဟာ ပြည်သူ့စကားကို အနုပညာနဲ့ ပြောကြမယ့်ဇာတ်ပွဲကြီး...

🙆 "မြန်မာဇာတ်ပွဲကြည့်ရအောင်" ဇာတ်ပွဲကြီးကို ကြည့်ရှု့နိုင်ဖို့ လက်မှတ်တွေကို ဝယ်ယူလို့ရပါပြီ ခင်ဗျာ။

✅ ​၁၈ ရက်၊ မတ်လ ၂၀၂၆: ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြေပြင်ဇာတ်ပွဲ (Free Entry) အဖြစ် လူကိုယ်တိုင် လာရောက်အားပေးနိုင်သလို...
✅ ​၅ ရက်၊ ဧပြီလ ၂၀၂၆: Online ဇာတ်ပွဲကနေတဆင့်လည်း အဝေးရောက် တော်လှန်ပြည်သူတွေက ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။

ဆိုတော့...

✨ ရိုးရာမပျက် အနုပညာအင်အားတွေနဲ့အတူ ရှေးမူမပျက် တင်ဆက်မှုတွေကို ကြည့်ရှုခံစားနိုင်ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။

#မြန်မာဇာတ်ပွဲကြည့်ရအောင်
#ဇာတ်ပွဲ
ုပညာရှင်များ
#ဖျော်ဖြေပွဲ

#အောင်ဆန်းမျိုးဆက်ရန်ပုံငွေပွဲ

   #နွေဦးရုပ်ရှင်ကျောင်း   Spring Film Academy မှာ လျှောက်ထားသူများ၏ လျှောက်လွှာများကို စိစစ်ရွေးချယ်ပြီး ကျောင်းမှ သတ်...
22/02/2026


#နွေဦးရုပ်ရှင်ကျောင်း

Spring Film Academy မှာ လျှောက်ထားသူများ၏ လျှောက်လွှာများကို စိစစ်ရွေးချယ်ပြီး
ကျောင်းမှ သတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီသော သင်တန်းသားများထံ ယနေ့ ည Mail ပို့ပါမည်။ ( Mail က Spam ထဲ ရောက်နိုင်သဖြင့်စစ်ဆေးပေးပါရန်)
သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသူများကို
မရွေးချယ်ပါ။
ပထမအဆင့်ရွေးချယ်ခံရသူများသည်
(24.2.2026) ရက်နေ့တွင် လူတွေ့ စစ်မေးမှုပြုလုပ်ရပါမည်။
လူတွေ့ စစ်မေးမှု အောင်မြင်မှသာ
Spring Film Academy Batch 4 သင်တန်းသို့ တက်ရောက်ခွင့်ရပါမည်။
🎥🎥🎥🎥🎥

31/01/2026



#နွေဦးရုပ်ရှင်ကျောင်း

ကျွန်မ ကတော့ SPFA-B3-05, Dr Moon ပဲဖြစ်ပါတယ်။ Spring Film Academy ကနေ B3 မှာ ပဲ တစ်ခါတည်း တစ်နှစ်တည်း Diploma ဘွဲ့ကို ရယူနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်မိပါတယ်။ ကျွန်မ ကလေ တကယ်တော့ တောသူမ တစ်ယောက်ပါ။ အနုပညာကို ဝါသနာပါတော့ ငယ်ကတည်းက ကလေးဇာတ်ပွဲတွေ တည်ထောင် က ကြတာပေါ့။ အိမ်ဝိုင်းအတွင်း မှာ နီးစပ်ရာ အိမ်နားနီးချင်းတွေ နဲ့ စုပေါင်းထောင်ကြပြီး ဇာတ်ကခဲ့ကြတာ လူကြီးတွေ က ဇာတ်ခုံအောက်ကနေ ကြည့်နေကြရင် တအားပျော်ပြီး ကခဲ့ကြတာ။ တောသူတောင်သားတွေဆိုတော့ အနုပညာ ပိုးရှိကြပေမဲ့ အနုပညာနဲ့ပတ်သက်တဲ့ပညာတော့ သင်ကြားခွင့် မရခဲ့ကြရပါဘူး။ ပညာရှင်ဆရာသခင်ရှားပါးခဲ့တာကိုး။ ကျောင်းနေအရွယ်ပညာသင်ကြားပြီး တက္ကသိုလ် ဆရာမ ဖြစ်လာတော့လည်း ကျောင်းကပွဲတိုင်း ကိုယ့် သီချင်း နဲ့ စဖွင့်ပြီး နောက်ဆုံးလဲ
ကိုယ်နဲ့ ပဲ ပိတ်တဲ့ထိ အနုပညာ‌မျိုးစုံ နဲ့ ပရိသတ်တွေ ဖျော်‌ဖြေဖို့ စီမံခန့်ခွဲတာဝန်တွေ ထမ်းခဲ့တာပေါ့။ ဝါသနာကိုး။
ဟော ဆရာမ က ပြုတ် ပြန်တော့ ဘဝပျက်ပြီမှတ်တာ 😭😭😭😭😭ဘယ်ကလာ ကျောင်းများစွာပြန်တက် ပညာရှာရင်း ဟော ရုပ်ရှင်ဒါရိုက်တာပညာတဲ့ ကြော်ငြာစာလေး တွေ့ပါလေရော 😁😁😁😁
ဟာ ငါတို့ တက်လို့ ရလား၊ ရတာပေါ့၊ ရရင် တက်ပြီလေဆို တက် ခွင့်ရခဲ့ပါတယ်၊ တက်တောင် မတက်ရသေးဘူး SPFA ကြီးက ဆရာဆရာမ ကျောင်းသား သူများက ငလျင်ထိ တဲ့ သူတွေ ကို ဝိုင်းကူလိုက်ကြတာ ကျမ အပါပေါ့၊ ကျေးဇူးက အကြီးကြီးနဲ့ ကို စတာပါပဲ။ စာနာ ညှာတာ ကူညီလိုက်ကြတာ ဝမ်းသာပြီး ကိုယ်တွေ လို ဘဝပျက်နေရသူတွေအတွက် အားအင်ကြီးကြီးကို ရလိုက်တာပါပဲ။
စလည်း ကျောင်းတက် ရရော ထင်မထားလောက်အောင် ပညာတွေ ရလိုက်တော့ တာပါပဲ။
စစချင်း တီချယ် Moon ရဲ့ Body Language from Film Course တဲ့၊ ကိုယ်တွေ Darwin ရဲ့ Evolution တွေ လေ့လာဖူးတော့ သိတယ်ပေါ့၊ ဆင့်ကဲဖြစ်စဉ် အနေနဲ့ သာ လေ့လာဖူးခဲ့တာ ခုက မျက်နှာ မျက်လုံး မျက်ခုံး တွေ ရဲ့ အနေအထားပေါ် မှာ ဘယ်လို ခံစားချက် နဲ့ ကြည့် ရမယ် ဆိုတဲ့ sense မှ မသိခဲ့တာ၊ တီချယ်မွန်း သင်ပေးတော့မှ ခံစားမူ့ ကြောင့် အမူအရာ တွေ ဆိုတာ အသေးစိတ် ဘယ်လိုလေး ပြောင်းလဲသွားတာ ဆိုတာကစ သိလိုက် ရတယ်။ ကိုယ်အမူအရာ လူပ်ရှားမှု အပြုအမူတွေကို ကြည့် လိုက်တာ နဲ့ ကလေးတွေ အကြောင်း သိတဲ့ ဆရာမ ဆိုပေမဲ့ ခုတော့ ကလေးတွေ ရဲ့ ခံစားမူ့ ကြောင့် ဖြစ်ပေါ်လာတဲ့ action တွေ ဆိုတာ ဆက်စပ် သိလာရပါပြီ ကျေးဇူးပါ တီချယ်မွန်း။ ဦးတော်ပါ။ မကျန်းမာတော့ လည်း ဆေးကုစရိတ်တွေ ထောက်ပံ့ပေးပါသေးတယ်။
Intellectual Property Rights Course တဲ့ တီချယ်မွှေး သင်တာပေါ့၊ မူပိုင်ခွင့် နဲ့ ပတ်သက်ပြီး non stop ပြောနိုင်တဲ့ တီချယ်ပေါ့၊ ဒရစပ် သင်ပေးတာများ ရုပ်လုံး ကိုကြွလို့၊ ဥပဒေ ပြု law တွေ ရော စုံနေတာ၊ အပြင်မှာ တကယ် ချိုးဖောက်နေကြတာတွေ ရှာခိုင်းတော့ ရှာရတာပေါ့၊ အဲမှာ ပဲ
ကိုယ့် နိုင်ငံ က တရားဥပဒေ စိုးမိုးမူ့ အားနည်း တဲ့ နိုင်ငံ လည်းဖြစ်၊ ကာကွယ်စောင့်ရှောက်မှု မပေး နိုင်နေချိန်၊ ကတုံးပေါ် ထိပ်ကွက် တတ်သူ မသမာသူတွေ က ပေါ်ပေါ် ထင်ထင် မူပိုင်ခွင့် ချိုးဖောက်နေတာတွေ ကို လေ့လာ လိုက်ရတော့ အနုပညာဖန်တီးရှင်တွေ အတွက် စိတ်မကောင်းဖြစ်လိုက်ရတယ်။ တကယ့် အနုပညာ တစ်ပုဒ် ကိုဖန်တီးရတာ တကယ် ခက်ခဲတာမို့ ဖန်တီးရှင် တွေကို ကာကွယ် ပေးတဲ့ မူပိုင်ခွင့် law တွေဟာ မသိမဖြစ် ဆိုတာ သိလိုက်ရပါတယ်။ ကျေးဇူး အထူးပါ တီချယ်မွှေးရေ။
Tr Flora ရဲ့ Mobile Video Editing Course မှာတီချယ်ရဲ့သင်ကြားပေးမူ့ကြောင့် cupcut, screen recorder, audiolab, freecam စတဲ့ Video Audio editing software တွေ ကို ကျွမ်းကျင်စွာ အသုံးချ တတ်လာပါတယ်။ အချိန်တိုင်း အချိန်တိုင်းမှာ မနားတမ်း သင်ကြားပေးခဲ့တာ မို့ ပညာပြည့်စုံပြီ လို့ မဆိုလို ပေမဲ့ လက်တွေ့ တော့ အသုံးချနိုင်လာပါတယ် တီချယ်ရေ။

Style of speaking from Novels course မှာ ဆရာကြီး Dr Kyaw Swar ရဲ့ သင်ကြားမှုကြောင့် မောင်ရင်မောင် မမယ်မ ဝထ္ထု ကို အလွတ် နီးနီး ရခဲ့ ပါတယ်။ ဆယ်တန်းတုန်းကသာ ဆရာကြီး သင်တာ နားထောင်ခဲ့ရင် လက်ရေး မလှတောင် ဂုဏ်ထူး ရခဲ့မှာလို့ ခံစားမိပါတယ်။ ဆရာကြီး ရဲ့ ရှေးခေတ် ဝထ္ထုတွေ ကို ခေတ်အသုံး နဲ့ ပြန်ရေးခိုင်း ခဲ့တော့ အရမ်း ရီရတာပေါ့၊ ကိုယ်က မိန်းမ လည်း မဟုတ် ယောကျ်ားလည်းမဟုတ် နေခဲ့သူဆိုတော့ ဘယ်နေရာကနေ ခံစား ရေးဖွဲ့ မလဲ - - စဉ်းစားပြီး မထူးပါဘူး နှစ်နေရာ ကနေ နေတာပေါ့ ဆိုပြီး ခံစား ရေးရတာ ပဲ ဟီးဟီး။ ငယ်ကတည်းက မနူးညံ့ ခဲ့သူဆိုတော့ ချစ်ခြင်းတွေ ဖွဲ့တဲ့ အခါ ရေးရင်း ရီနေရတာ ပါပဲ။ ဆရာကြီးဆီ assignment ထပ် တော့ ဆရာကြီး ကျမ ရေးတာတွေ ဖတ်ပြီး ရီနေမှာလို့ ပြော ရီလိုက်ရတာ။ ဆရာကြီး ရဲ့ အိမ်စာ တွေကြောင့် script တွေ တကယ် ကိုယ်တိုင်ရေးရတော့ အေးအေးဆေးဆေး မခက်ခဲပဲ ရေးနိုင်လာတာ တွေ့ ရပါတယ်။ အရင်က ဝထ္ထုတိုလေးတွေ ရေးခဲ့ပေမယ့် တချို့ နေရာတွေ ဆို မကြိုက်ခဲ့ဖူးကိုယ့်ဖာသာ ကိုယ် ခုတော့ ဘယ်လို ပြင်သင့်တာ ဆို တာ သိလိုက်ရပါတယ်။ အေးဆေးနူးညံ့ပြီး သေသေချာချာ သင်တဲ့ ဆရာ့ အသံလေး ကြားရရင် ကို အေးချမ်းလို့ စိတ်ချမ်းသာ ရတာလဲ ပျော်ရွှင်မိပါတယ် ဆရာကြီး။ လက်စုံမိုး၍ ရှိခိုးမိပါတယ်။

နောက်တစ်ဘာသာက ဆရာကျော်ဝေဖြိုး ရဲ့ Film Audio Production & Music Creation Course ပါ။ ဆရာကျော် ရဲ့ ဖလင် အမျိုးအစား ကနေစ ရှပ်ရှင်ဆိုတာ ဘာ၊ ကြော်ညာရိုက်ရင် မိနစ် ကစ ဘယ်လောက် ယူရတာ ဆို‌တာတွေ နားလည် သွားပြီး၊ လိုအပ်တဲ့ Music တွေ ကို ဘယ်လို ပေါင်းစပ် ရတယ် ဆိုတာတွေ လက်တွေ့ သင်ကြား ပြသ သလို ကျမ တို့ ကိုလည်း assignment တွေ ပေး ပြီး လက်တွေ့ ရိုက်ကူးပြသ ခဲ့ရတော့ လက်တွေ့ ရိုက်ကူးမှုတွေ music ပေါင်းစပ်မှုတွေ ကြောင့်ဘယ်လို အချိန်မှာ အသံအရုပ် ပေါင်းစပ် ရတယ် ဆိုတာ ပိုပိုသိလာပါတယ်။ တီချယ် Flora နဲ့ Sri KWP ပေါင်းစပ်ပြီး ရုပ်ရှင် တစ်ခုရဲ့ အရေးကြီးတဲ့ ပေါင်းစပ်မှု ကို သိနားလည်ခဲ့ ရပါတယ်။ ကျေးဇူးအထူး ပါ ဆရာကျော် နဲ့ တီချယ်ဖလိုရာ။
နည်းနည်းခက်ခဲ တာ ကတော့ Sir Aung ရဲ့ Film Acting Course ပါပဲ။ ကိုယ်က လဲ Friday ဆို ခြေကုန် လက်ပန်းကျ နေချိန် ဆရာ့ဘက်က လိုင်း က မရတရ နဲ့ သင်ရတာ အားမရ ခဲ့ သလို ကိုယ့်အားနည်းချက်ကြောင့် လိုအပ် နေပါသေးတယ်၊ ဆရာကတော့ စိတ်ရှည်ရှည် သင်တာပါ၊ ကိုယ်လဲ ကြိုးစား ခဲ့ပေမဲ့ A* တော့ မရခဲ့ ပါဘူး။ နောက် batch မှာ သွားကို ပြန်တက် မယ် လို့ အားခဲ ထားပါတယ်။ လက်ခံပေးပါဆရာ။ ဆူ မလွှတ်ပါနဲ့ လို့စ် ဟိဟိ။ တောင်းပန်ပါတယ် ဆရာ့ ဘာသာ တစ်ခု ပဲ A* မရခဲ့လို့။
နောက် ဘာသာတွေ အများကြီး ကို တစ်ယောက်ထဲ သင်တာ ဆရာသွန်း ပါပဲ။ Mobile Cinematography, Screenwriting, Mobile Film making, Directing courses တွေ ကို သင်ပါတယ်၊ ဆရာ့အချိန် တွေ မှာ တုတ်တုတ်တောင် မလူပ်ရဲ ပဲ သင်ခဲ့ ရတယ်။ ဆရာက သင်ရင်း ဖြတ် မေးရင် မကြိုက်တော့ ကိုယ်က မသိ ဖြတ်ဖြတ် မေးမိ၊ ကိုယ့်စတိုင် က free style သူက မရ နဲ့ အစတော့ ဂွကျကျ ပေါ့၊ ထွက်ရမလားတောင် စဉ်းစားမိတယ်၊ တခါတရံ ရုပ်ရှင် ကြည့်ခိုင်းတယ် ၂ နာရီလောက်၊ ကိုယ်က သူသင်တာ လိုချင်တာ၊ သူ့အသံ နဲ့ ဘယ်လို ဆိုတာ ရချင်တာ၊ အစတော့ သင်ကြားနည်းစနစ် ကို မကြိုက်နှစ်သက်နေဘူးပေါ့၊ နောက်တော့ ကဲ ငါက တပည့် သူက ဆရာ သူ့ စတိုင်အတိုင်း သူခိုင်းတာ လုပ်တာပေါ့ ဆို စိတ် အေးအေး ထားပြီး လိုက်လုပ် ရုပ်ရှင်ကြည့် ဆို အပြီးထိ ကြည့်၊ အဲ ကြည့်ရင်း ကြည့်ရင်း မှာ သူ ဘာ့ ကြောင့် ကြည့်ခိုင်းတာလဲ ဆိုတာ ကြည့်ပြီးချိန် သူပြန်မေးမှ သဘောပေါက်လာတော့ တယ်၊ အစပိုင်းကတော့ သူကြည့်ခိုင်းလဲ ငါမကြည့်ဘူး မျက်လုံးညောင်းတယ် ဆို အိပ်နေတာပေါ့၊ ဟိဟိ (🙏🙏🙏🙏🙏🙏🙏 ဆရာ မဆူပါနဲ့နော် အမှန်ပြောတာပါလို့စ်) နောက်တော့မှ သူက ပြန်မေးပြီလေ ပြာပြီလေ အန် ငါ ခုဏ မကြည့်ဘူး အိပ်နေတာ ဒုက္ခ ဆို ငြိမ်နေရ နောက်တော့ မအိပ်ရဲ မကြည့်ဘဲ မနေရဲ၊ ရုပ်ရှင် ကြည့်ပြီး တာနဲ့ ရိုက်ကွင်း အယူအဆ၊ ကင်မရာရှုထောင့်၊ မျက်နှာ ကို ဘယ်ကနေ ယူမလဲ စသဖြင့်၊ ရိုက်ကွင်း ကို ဘယ်လို ထပ် ယူမလဲ၊ အဝေး အနီး တွေ ပြော မေး ဆွေးနွေး တော့မှ အဲ ဆရာ့ရည်ရွယ်ချက် က ဒါပါလား ဆိုတာ သိတော့တယ်။ တကယ် ပညာတွေ ရပါတယ်။ ကိုယ်က အစက သုတေသန လုပ်တော့ တချို့ ကင်မရာ ရှုထောင့်တွေ တော့ သိနေတယ် လေ လုပ်လည်း လုပ်ဖူးတာကို၊ သို့သော် ကိုယ်တတ်ထားတာ နှမ်းစေ့ လေးလောက် ပါလား ဆိုတာ မသိနေတာ၊ ခု ဆရာ သင်မှ ပဲ ကျယ်ကျယ်ပြန့်ပြန့် ကို နားလည်သွားတော့ တာပဲ။ ပညာတကယ် တတ်ဖို့ လက်တွေ့တွေ အများကြီး လိုအပ်နေပါသေးလား ဆိုတာ သိလာခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။

နောက်တစ်ဘာသာ ကတော့ တီချယ် December May ရဲ့ Decor from Myanmar Plays Course ပါပဲ။ တီချယ် ဒီဇင်ဘာမေ ဟာ အနုပညာရပ်ဝန်းက ပေါက်ပွားလာပြီး အနုပညာရပ်ဝန်းမှာ ကြီးပြင်း လာသူပါ။ ပညာရည် ပြည့်ဝမှုပြီးပြည့်စုံနေသလို၊ စကားပြောစွမ်းရည် ဟာလဲ အံ့မခန်း ပါပဲ။ တီချယ်နဲ့ ပညာရပ် အကြောင်း စကားပြောရတာ ပျော်စရာအလွန်ကောင်းပြီး စာသင်နေတယ် လို့ မခံစားရပဲ ပေါ့ပါး လွတ်လပ် လှပါတယ်။ ပြဇာတ်တွေ ကြည့်ပြီး ဆွေးနွေး ရတာဖြစ်တဲ့ အတွက် မင်းသား မင်းသမီးတွေ ရဲ့ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေ အကြောင်း လက်တွေ့ မြင်ရ တွေ့ရပါတယ်။ အစက ကျမ က တောသူမ ဆိုတော့ အပိုတွေ လုပ်ရင် ဆင်ယဉ်ထုံးဖွဲ့ ရင် ပိုက်ဆံ အပိုကုန်တယ် မလိုတာ မလုပ် ဆိုတဲ့ သဘော ရှိပါတယ်။ တခါတရံ ကိုယ့်ကျောင်းက ကလေးတွေ ရဲ့ project တွေမှာ မြို့ပြ လျှပ်စစ် မီး အကြောင်းတင်ပြရင် မီးတိုင် တွေ လမ်းတွေလောက် သာ လုပ်ခိုင်းလေ့ရှိပါတယ်။ အိမ်တွေ ဆောက်တာ၊ ကားတွေ ပါတာ၊ မြက်ခင်းတွေ ပါ တည်ဆောက်ပြရင်တော့ မလိုအပ်ဘဲ ပိုက်ဆံ ကုန်တယ် ဘာလို့ အပိုတွေ ထည့်တာလဲ ဆူတတ်ပါတယ်။ တီချယ်နဲ့ဆွေးနွေးရင်း သင်ကြားခံယူရင်းနဲ့မှ Decor ဆိုတဲ့ လှပမှု ပြည့်စုံမှုတွေ အတွက် စီမံမှုဟာ လိုအပ်တာဆိုတာ သိခဲ့ရပါတယ်။ ကိုယ်က တောသူမ ဆိုတော့ ဝန်ထမ်း ဆင်းရဲသူမ ဆိုတော့ အမြဲ ချွေတာတဲ့ဘဝ နေခဲ့ရတော့ အရိုးစွဲ နေတဲ့ မလိုတာ မလိုတာ တွေဟာ တကယ်တော့ လိုတာ လိုတာ ပါလား ဆိုတာ သိခဲ့ ရပါတယ်။ တီချယ်နဲ့ ဆွေးနွေး ရတာ ပေါ့ပါးလွတ်လပ်ပြီး ပညာတွေလည်းရ တော့ တီချယ့် အသံလေး ကြားရရင် ကို ပျော်ရွှင်မိတော့တာပါပဲ။ တခါတခါ ဆို ည ၁၁ လောက်ထိ ရောက်ရောက်သွား ကြတာ သူပြော ကိုယ်ပြောနဲ့ နောက် သတိရမှ တီချယ်ပင်ပန်းနေပြီ သူငယ်ချင်းတို့ ရပ်ကြစို့ဆို အနားယူဖို့ ပြောရတော့တာ။ နောင်လဲ အကြာကြီးတွေ စကားတွေ ပြောချင်ပါတယ် တီချယ်။

နောက် တစ်ဘာသာ ကတော့ တီချယ်ကြီးမိုး သင်တဲ့ Drama and Novel Creation Course ပါပဲ။ တီချယ်ကြီးရဲ့ သင်ပြမှုကကျ‌တော့
ဝထ္ထုထဲ က ဇာတ်ကောင်စရိုက်တွေ ကော ရုပ်ရှင် အချို့ က ဇာတ်ဆောင် တွေ ရော ကျယ်ပြန့်စွာ ဆွေးနွေးကြရပါတယ်။
တစ်ယောက်ချင်းစီရဲ့ ဖတ်ထားတဲ့ စာအုပ် ထဲ က ဇာတ်ကောင်တွေ စာရိုက်တွေ၊ တချို့ ဆိုလဲ ရုပ်ရှင်ထဲ က သရုပ်ဆောင်တွေ ရဲ့ ကာရိုက်တာတွေ ကို ဆွေးနွေး ဝေဖန်သုံးသပ် ကြရတာ မှာ ကိုယ့်ခံစားချက် သူ့ ခံစားချက် စသဖြင့် ရှုထောင့်
အမျိုးမျိုး ကနေ ခံစား ဝေဖန်ကြရတာ အတော် စိတ်ဝင်စားစရာကောင်းပါတယ်။ တီချယ်ကြီး ရဲ့ နူး
ညံ့ဖော်ရွေစွာ ဆွဲခေါ်မှု နောက်မှာ သင်တန်းသားတွေ ကလည်း မကြောက်ရွံတော့ ဘဲ သူ့ထက် ငါ အပြိုင် ပြောဆိုဆွေးနွေး ရတာ အလွန်ကို ပျော်စရာကောင်းပါတယ်။ နူးညံ့စွာ အေးဆေးစွာ သင်ကြားပြသခဲ့တာမို့ မမေ့နိုင်စရာ သင်တန်း တစ်ခုဖြစ်ပါတယ်။
SPFA သင်တန်းလေးဟာ နွေဦးတော်လှန်ရေး အတွင်းမှာ မတရားမှုကို တော်လှန်ရင်း ကျရာ ရရာလက်နက် ကို စွဲကိုင်ကာ တော်လှန်နေကြသော ‌တော်လှန်ရေး သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ ဤခေတ်ကာလဆိုးကြီးအတွင်း ဤမျှလောက်တန်ဖိုး
ရှိသော ပညာရပ်ကို အသုံးပြု၍ လက်တွေ့ တကယ် အသုံးကျသော တော်လှန်ရေး နည်းပညာတခုအဖြစ် အသုံးချနိုင်အောင် သင်တန်းကျောင်းကို တည်ထောင်ပေးပါသော ဆရာကြီး ဆရာမကြီးများအား ကျေးဇူးအထူးတင်မိပါတယ်။ ထို့ပြင် သင်ကြားပြသပေးပါသော နွေဦးရုပ်ရှင်ကျောင်းအဖွဲ့ ကြီးတစ်ခုလုံးဟာ နူးညံ့အေးချမ်းစွာ ကြင်နာမှုများစွာ စေတနာ များစွာ ဖြင့် တန်ဖိုးကြီးလှသော ပညာရပ်များကို သင်ကြားပေးရုံတင်မက၊ လိုအပ်သော ကူညီမှုများကိုလည်း ကူညီပံပိုးကြပါသေးတယ်။ ဘွဲ့ အတွက် ရိုက်ကူးရသော ရုပ်ရှင်အတွက်လဲ ဂုဏ်ပြုဆုငွေ ပေးအပ်ပါသေးတယ်။ ကိုယ့်ဘဝ နဲ့ အလှမ်းဝေး လှတဲ့ ပညာရပ် တစ်ခုဟာ ခုလို ခေတ်ဆိုး ခေတ်ပျက်နေချိန်မှာ သင်ကြားဖို့ အခွင့်အလမ်းတစ်ခု အဖြစ် အလွယ် တကူ ရရှိလိမ့်မယ် လို့ မထင်မှတ်မိခဲ့တာ တကယ် ပါ။ ယခုလို သင်ကြားခွင့် ရအောင် ဖန်တီးပေးပါသော ဆရာကြီးဆရာမကြီးများ၊ ဥပဒေပညာရပ် မှ ဆရာ ဆရာမ များ နှင့် တကယ့် အနုပညာရှင် ဒါရိုက်တာ ဆရာသွန်း နှင့် စီစဉ်ပေးကြပါသော တာဝန်ရှိလူကြီးများအားလုံး အား ကျေးဇူးတင် ဂုဏ်ပြု ဂါရဝပြုလိုက်ရပါကြောင်း။

Dr Moon
တောသူမ

    #နွေဦးရုပ်ရှင်ကျောင်း  🎥🎥🎥🎥🎥အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ SFSI-B3-07 မင်းပိုင်ပဲ ဖြစ်ပါတယ်။ ✍️✍️✍️ဒီကနေ့...
25/01/2026



#နွေဦးရုပ်ရှင်ကျောင်း

🎥🎥🎥🎥🎥
အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ SFSI-B3-07 မင်းပိုင်ပဲ ဖြစ်ပါတယ်။
✍️✍️✍️
ဒီကနေ့(24.1.2026)ကတော့ ကျွန်တော့်အတွက် ပျော်စရာအတိဖုံးလွှမ်းနေတဲ့ နေ့လေးတစ်နေ့ပေါ့။ ဘာလို့လဲဆိုတော့ နွေဦးရုပ်ရှင်ကျောင်းဆိုတဲ့ ပန်းဥယျာဉ်ကြီးကနေ ဒီပလိုမာဆိုတဲ့ ပန်းလေးတစ်ပွင့်ကို ခူးဆွတ်နမ်းရှိုက်ခွင့် ရခဲ့လို့ပဲဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ဒီပလိုမာရရှိခဲ့ပါသော အတန်းသူအတန်းသားများအားလုံးကို လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်ဆိုတဲ့အကြောင်း ပြောကြားပါရစေ။
💝💝💝💝💝
ရုပ်ရှင်နယ်ပယ်နဲ့ပတ်သက်ရင် အသိမကြွယ် လူမမယ်လေးတွေ ဖြစ်တဲ့ကျွန်တော်တို့ကို အပြုံးချိုချို တေးဆိုသကဲ့သို့ သင်ကြားပေးပါသော ဆရာကြီး ဆရာမကြီးတို့ကို ကျွန်တော်တို့ရင်ထဲမှာ သံမှိုရိုက်ထားသကဲ့သို့ အစဥ်အမြဲ အမှတ်ရနေမှာပါ။ ဒီလို ရုပ်ရှင်ပညာများကို တစ်ပြားတစ်ချပ်မှ မကုန်ဘဲ သင်ကြားခွင့်ရခဲ့မယ်ဆိုတာ စိတ်ကူးယဉ်အိပ်မက်မက်ဖို့ မပြောပါနဲ့ အတွေးထဲတောင် ဝင်လာခြင်းမရှိခဲ့ပါဘူး။ ဒီလိုအတွေးတွေကို ယူဆောင်ပေးလာတာကတော့ တော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ နွေဦးရုပ်ရှင်ကျောင်းသာဖြစ်ပါတယ်။ ရုပ်ရှင်ပညာကို မြည်းစမ်းခွင့်ရသည့်အပြင် အဓမ္မကို အနုပညာနဲ့ တော်လှန်ပြီး ပြည်သူလူထုကို အသိပညာပေးနိုင်ခွင့်တွေနဲ့ ကိုယ်ကိုယ်တိုင်အနုပညာတွေကို ဖန်တီးနိုင်ခွင့်တွေကိုပါ ပေးစွမ်းတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်မိပါတယ်။ ဘာသာရပ် ၁၂ ခုလုံးကို စတင်လျှောက်ထားစဉ်က ငါ လုပ်နိုင်ပါ့မလား ဆိုတဲ့အတွေးမျိုးဝင်ခဲ့ဖူးတာ မှန်ပေသိ၊ ထိုအတွေးကို ရိုက်ချိုးဖျက်ဆီးပေးသူများကတော့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့ပဲဖြစ်ပါတယ်။ ပညာသင်ကာလ နှစ်ခုတွင် ဘာသာရပ်ကို ခွဲယူခွင့်ရသည်ဟုဆိုသောကြောင့်လည်း ငါ လုပ်နိုင်ပါတယ် ဆိုတဲ့အသိ ဝင်လာပါသည်။ သင်ကြားရေးနယ်ပယ်တွင် လုပ်သက်များ ရင့်သန်သည်သာမက အတွေ့အကြုံပိုင်းများနှင့် ယှဉ်ပြီး ပြောပြတတ်ကြသော ဆရာကြီး ဆရာမကြီးတို့၏ သင်ကြားမျှဝေမှုများကို သင်ယူခွင့်ရရှိခဲ့လို့လည်း အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီလို စေတနာပုံအောပြီး သင်ကြားပေးခဲ့ကြပါသော ဆရာကြီး ဆရာမကြီးတို့ကို ကျေးဇူးဥပါကာရ တင်ရှိပါတယ်။
🙏🙏🙏🙏🙏
နွေဦးတော်လှန်ရေးအစကနေ ယနေ့အထိ အဓမ္မကို မရရတဲ့နည်းနဲ့ တော်လှန်နေကြပြီး ဖက်ဆစ် စစ်တပ်ကပေးတဲ့ အခက်အခဲ အကြပ်အတည်းတွေ၊ မျှော်လင့်မထားတဲ့စိန်ခေါ်မှုတွေ၊ ပြဿနာတွေ စတဲ့ အရာတွေကို ခါးစီးရင်ကော့ပြီး ပညာ့နိုရည်ကို တိုက်ကျွေးနေကြတဲ့ ဆရာကြီး ဆရာမကြီးတို့ကို ဒီတစ်သက်မေ့နိုင်ဖိုဆိုတာ မဖြစ်နိုင်တော့ပါဘူး။ တူညီနှိုင်းဆို တောင်မြင့်မိုရ်နှင့် ကျေးဇူးတော်ရှင် ဆရာကြီးဆရာမကြီးတို့၏ သင်ကြားလမ်းညွှန် ဆုံးမပဲ့ပြင်ပေးခဲ့ခြင်းကြောင့် ကျွန်တော်တိုသည် ရုပ်ရှင်အသိပညာ အတတ်ပညာများကို လေ့လာသင်ကြားခွင့်ရခဲ့ပါတယ်။ ဆရာကြီး ဆရာမကြီးတို့ပေးတဲ့ အသိပညာ အတတ်ပညာတွေကိုစွဲကိုင်ရင်း နွေဦးတော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေဦးမည်ဟု ကတိပြုလိုက်ရပါတယ်ခင်ဗျ။
🌹🙏🙏🙏🙏🙏🌹
လေးစားချစ်ခင်လျက်
မင်းပိုင် - SFSI-B3-07 (He/Him)
🎥 🎥 🎥 🎥 🎥

    #နွေဦးရုပ်ရှင်ကျောင်း  🌹🌹🌹🌹🌹ကျွန်တော်က SFSI B3-20ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ SPFA Batch 3 မှာ Module 12ခုလုံးတက်ရော...
25/01/2026



#နွေဦးရုပ်ရှင်ကျောင်း

🌹🌹🌹🌹🌹
ကျွန်တော်က SFSI B3-20ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ SPFA Batch 3 မှာ Module 12ခုလုံးတက်ရောက်ခဲ့ပြီး Dip in Filmဘွဲ့ကို ဒီနေ့(24.1.2026)ရရှိခဲ့ပါပြီ။ အတန်းဖော်တွေနဲ့အတူတူ Diploma ဘွဲ့လေးအတူတူယူရလို့လဲ အားလုံးကို Congratulations လို့ပြောချင်ပါတယ်။🎉🎉🎉🎥🎥🎥🎉🎉🎉

အနုပညာကိုတော့ဝါသနာပါတယ် ဘာတွေကစရမယ်မှန်းမသိချိန် နွေဦးရုပ်ရှင်ကျောင်းရဲ့ဝင်ခွင့်လေးမြင်ချိန် ကျောင်းပြန်တက်ကြည့်မယ်ဆိုပြီး တက်ဖြစ်ခဲ့ပါတယ်။ ✍️✍️✍️
ဘာသာရပ် 12 ခုကို ခွဲပြီး ယူလို့ရပေမဲ့ လောဘကြီးမိတော့ ပထမနှစ်ဝက်မှာတင် 10ခုယူဖြစ်သွားပါတယ်။ ဘာသာရပ်အကုန်လုံးကလဲ ကျွန်တော့်အတွက်တော့အစိမ်းသက်သက်တွေပေါ့။ Acting Course (Sayar A) ကတော့ စစခြင်းကို စခက်ပါရော Camera ရှေ့ Photo ရိုက်ရင်တောင်အချိုးမပြေသော ကျွန်တော်က ခံစားချက်တွေရော မျက်လုံးရဲ့ခံစားမှုတွေ သင်ခွင့်ရချိန် ဘာသာရပ်ရဲ့အရေးပါမှုကိုစသိရတာပါပဲ။ နောက်ထပ် ခက်တာကတော့ ဆရာသွန်းရဲ့ဘာသာရပ်တွေပါပဲ ။ ဘာလို့လဲဆိုတော့ ‌သရုပ်ဆောင်တွေလုပ်ပြသမျှကို ရှု့ထောင့်ပေါင်းစုံ အလင်းအမှောင် view တွေကအစ အယူအဆတွေ သင်ခွင့်ရခဲ့ပြန်ပါရော။ ‌ရလာသမျှတွေကို Edit လုပ်ရတာတွေ Edit လုပ်ရင်း ရှောင်ရမယ့်အရာတွေ ပါလာတဲ့ရုပ်ကဒ်တွေကို အဆင်အပြေဆုံးဖြစ်အောင် ပြန်ဆက်ရတဲ့အပိုင်းတွေပါ Mobile Film Editing (Tr Floral)ဘာသာရပ်ကနေလေ့လာရတဲ့အခါ Editing ကိုအဲ့ချိန်မှ စကိုင်ပြီးလုပ်ခဲ့မိတာပဲ။ တီချယ်ကြီးMoeရဲ့ ဘာသာရပ်မှာတော့ ဇာတ်လမ်းတွေစာအုပ်တွေထဲက ကာရိုက်တာတွေအကြောင်း ဇာတ်လမ်းအတက်အကျ ရည်ရွယ်ချက်တွေကို အမြဲဆွေးနွေးကြတယ် စာသင်တာထက်စကားတွေပြောရင်းသင်ခဲ့ကြတဲ့စာသင်ချိန်ပေါ့ဗျာ။ တီချယ်ကြီးSnowရဲ့ Body language from Film ဘာသာရပ်ကလဲ အရေးပါပြန်ရော ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေရဲ့မျက်နှာအမူအရာကိုယ်လက်လှုပ်ရှားမှုတွေကနေသုံးသပ်မှုတွေသင်ပြီးတဲ့နောက် K-drama fan ကျွန်တော်ကတော့ အပိုင်းတစ်ခုပြီးဖို့ပိုကြာသွားတယ် အဲ့ဒီအသိတွေနဲ့လိုက်ကြည့်မိပါလေရော ongoing တွေတောင် မပြီးတော့ဘူး😁😁😁ကိုယ့်အဖြစ်ပါ အမှတ်တရတွေပေါ့။ ဆရာကြီး Dr KZရဲ့ ပြောဟန်တွေလေ့လာပြီး ခေတ်နဲ့အညီ စာတွေပြန်ရေးရတာကလဲ အမှတ်တရ။ ဘာလို့လဲဆိုရင် Assignment စစ်မယ့်ဆရာကြီးတော့မသိဘူး။ အပြင်မှာတောင်နူးနူးညံ့ညံ့မပြောတတ်တဲ့ကျွန်တော်က Assignment မှာ ဇာတ်ရုပ်လေးတွေရဲ့စကားတွေပြန်ရေးရင်းကိုယ့်ကိုယ်ကိုယ်အူတွေယားပြီးရယ်ချင်မိနေလို့ပါ။ ဆရာကြီးလဲစာတွေစစ်ရင်း ရယ်နေမယ်ဆိုတာ ယုံကြည်ပါရဲ့😂😂😂။ တီချယ်ကြီး December may Decor ဘာသာရပ်ရဲ့ ပြောစမှတ်ကတော့ ည11 ရောက်သည်အထိ ပြောကြတာပြောကြတာ ကျွန်တော်တို့အဖွဲ့ပေါ့😂😂😂။ အမြဲအချိန်သတိမရ စာသင်ခန်းထဲ အပတ်စဉ်ပြောကြတာက အတန်းပြီးဆုံးသည်အထိပဲ။ ဒါကိုနောက်လဲတီချယ်အားရင်ပြောကြရအောင်ဆိုပြီ စရံရိုက်ကြသောပါ😂😂😂 ။ မူပိုင်ခွင့်ဆိုတာက အရေးကြီးတာသိပေမယ့် ဘာကြောင့်အရေးကြီးသလဲ ဘယ်လိုအရေးကြီးတာလဲဆိုတာ သေချာသိခွင့်ရတာကတော့ တီချယ် Hmwayရဲ့ အတန်းပေါ့ဗျာ။ ကိုယ်တိုင်ဖန်တီးကြမယ့်အနုပညာတစ်ခုအတွက် မူပိုင်ခွင့်ကလဲမေ့ထားလို့ဘယ်လိုမှမရတာမို့ အရေးသိပ်ကြီးပါတယ်။ ဆရာ ကျော်ဝေဖြိုးရဲ့ Music creation ပိုင်းကလဲဆူညံသံကအစ ဇာတ်ကလိုအပ်ရင်ဖန်တီးပေးရတယ်ဆိုတာတွေကအစ အသံတွေအကြောင်းကို အချိန်တိုလေးအတွင်းမှာ သင်ကြားခွင့်ရခဲ့ပါတယ်။ သင်သမျှအပိုင်းအကုန်လုံးကိုသာ စိတ်ဝင်တစားလုပ်မယ်ဆိုရင် film တစ်ခုကိုတော့ အပိုင်းများစွာကို ကိုယ်တစ်ယောက်ထဲလုပ်နိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ဘာသာရပ်12 ခုကိုသင်ပေးတယ်လို့ပြောလို့ရပါတယ်။ ရသစုံလင်တဲ့ ကျွန်တော်တို့ နွေဦးရုပ်ရှင်ကျောင်းကြီးကို တကယ် Assignment တွေသေချာလိုက်လုပ်ပြီး အတန်းမှန်မှန်တက်မယ်ဆိုရင် ရရှိမယ့်အရာတွေများတာမို့ အချိန်တစ်ခုလေးပေးပြီး လာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
🌹🌹🌹🌹🌹
အမှတ်တရများစွာနဲ့ ကျောင်းသူဘဝရသခံစားမှုကို အပြည့်ဝပေးခဲ့သောကျောင်းကြီးက ဆရာကြီး၊ဆရာမကြီးများကို ရိုသေလေးစားလျက်
🙏🙏🙏🙏🙏
SFSI B3-20 Shin Thant

🎥 🎥 🎥 🎥 🎥

*Diploma In Film (Batch-4)*သင်တန်းသားခေါ်ယူခြင်း    ယနေ့ခေတ် 21 ရာစုဟာ IT ခေတ်ဆိုတာနှင့်အညီ လူတိုင်းလူတိုင်သည် ဖုန်းလေးတ...
05/01/2026

*Diploma In Film (Batch-4)*
သင်တန်းသားခေါ်ယူခြင်း



ယနေ့ခေတ် 21 ရာစုဟာ IT ခေတ်ဆိုတာနှင့်အညီ လူတိုင်းလူတိုင်သည် ဖုန်းလေးတွေကိုယ်စီနဲ့ ဓာတ်ပုံတွေရိုက်ကြ၊ Video တွေ ဖန်တီးကြတဲ့ခေတ်ဖြစ်ပါတယ်။ မင်းသား/မင်းသမီးလုပ်လိုသူတွေ/ ဇာတ်ညွှန်းရေးလိုသူ/ဇာတ်ကားကောင်းတွေ ရိုက်လိုသူတွေအတွက် ဖုန်းတစ်လုံးရှိရုံနဲ့ ရရှိမယ့် အခွင့်အလမ်းကြီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တစ်ခုတော့ရှိပါတယ်နော်။ လျှောက်ထားသူတွေက တော်လှန်ရေးမှာပါဝင်နေတဲ့သူ(သို့) CDM လုပ်ထားသူတော့ဖြစ်ဖို့လိုပါတယ်။

2026 နှစ်သစ်မှာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ နီးကပ်လာတာနဲ့အမျှ တော်လှန်ရေးရဲ့ ပထမဆုံးတာဝန်ဟာ ပညာတတ်အောင်လုပ်ဖို့ဖြစ်တယ်ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့်အတိုင်းပဲ Spring Film Academyက Diploma in Film (Batch-4) သင်တန်းကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

Spring Film Academy ဆိုတာဟာ CDM ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးသမားတွေအတွက် ပညာသင်ယူခွင့်၊ အသိပညာသစ်များဆက်လက်ဆည်းပူးခွင့်နှင့် အသက်မွေးဝမ်းကျောင်း(ဝါသနာတွေ)ကို ထောက်ပံ့ပေးဖို့ဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ဒီကျောင်းကနေ နိုင်ငံတကာ ရုပ်ရှင်ကျောင်းများနဲ့ ဆက်လက်ပေါင်းကူးနိုင်အောင်ချိတ်ဆက်ဖို့ရာ ကြိုးပမ်းနေပါတယ်။

နွေဦးရုပ်ရှင်ကျောင်းက ကမကထပြုတဲ့ ရုပ်ရှင်ပွဲတော်တွေ၊ တော်လှန်ရေး ရုပ်ရှင် ပရောဂျက်တွေ ပထမအသုတ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ်သင်တန်းတွေမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီကျောင်းက ဒီပလိုမာသင်တန်းပြီးမြောက်ခဲ့ရင် ဘဝအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ကို အောင်မြင်စွာပိုင်ဆိုင်မှာဖြစ်ပါတယ်။

နွေဦးရုပ်ရှင် အကယ်ဒမီတွင် ဘာသာရပ် (၁၂) ခုဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခု သင်ကြားအောင်မြင်ပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးပါမယ်။ ဘာသာရပ် ၁၂ ခုလုံး သင်ကြားအောင်မြင်ပြီး Film Project တင်သွင်းသော ကျောင်းသူ၊ ကျောင်းသားများအား အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အသိမှတ်ပြုသော Diploma Course in Film Making သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
ဘာသာရပ်တစ်ခုသည် သင်ကြားချိန် ၁၂ ပတ် (၃ လ/ ၁၂ နာရီ) ကြာမြင့်မည်ဖြစ်ပြီး ဘာသာရပ်များကို မိမိစိတ်တိုင်းကျ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

Semester တစ်ခုလျှင် အများဆုံး (၆)ဘာသာ သင်ယူရမည်ဖြစ်ပြီး Semester နှစ်ခုနှင့် Film Project တစ်ခု ပြုလုပ်ရမည် ဖြစ်ပါသည်။

ဘာသာရပ်တစ်ခုတွင် 3 Credits ရရှိမည်ဖြစ်ပြီး ဘာသာရပ် (၁၂) ခုအတွက် 36 Credits ရရှိမှသာ Diploma Course in Film Making သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်မည် ဖြစ်ပါသည်။
သင်တန်းပို့ချရာတွင် ZOOM ဖြင့် တိုက်ရိုက် Live သင်ကြားပို့ချမှာဖြစ်ပါသည်။

ဒီကျောင်းမှာ ဘာသာရပ် ၁၂ခုတိတိ သင်ကြားသွားမှာဖြစ်ပြီး ရုပ်ရှင်ပညာဒီပလိုမာအဆင့်အထိ (သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ) ပေးအပ်သွားနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက်
#အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားမှသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
သင်တန်းကာလက အနည်းဆုံး၆လမှ တစ်နှစ်ကြာနိုင်ပါတယ်။သင်ကြားမှုပုံစံကတော့ zoomနဲ့ live သင်ပေးမှာဖြစ်ပါတယ်။

Spring Film Academy ကျောင်းတွင် စာရင်းပေးသွင်းလိုပါက အောက်ဖော်ပြပါ google form မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLScQwArhaYH2BoJcK84Y42EifryWDZujXr1rQmHVsLJ0hflApA/viewform?usp=dialog

(ရွေးချယ်ခံရသူများအား First Semester အပြီးတွင် Second Semester အတွက် Form သီးသန့် ပေးပါမည်။)

နောက်ဆုံးလျှောက်ထားရမည့်ရက် -
February 16, 2026

အသေးစိတ်ကို page messenger တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

#နွေဦးရုပ်ရှင်ကျောင်း

05/01/2026



Spring Film Academy Batch 4 will call on January 2026. The students who passed the matric exam can apply the Spring Film Academy .
🎥 🎥 🎥 🎥 🎥

 🙏🙏🙏🙏🙏Myanmar has faced immense challenges, including the ongoing conflict and the devastating 7.7-magnitude earthquake ...
31/12/2025


🙏🙏🙏🙏🙏

Myanmar has faced immense challenges, including the ongoing conflict and the devastating 7.7-magnitude earthquake that struck in March 2025.

A Prayer for Myanmar (2026)
Heavenly Father / Source of All Peace,
We come before You with heavy but hopeful hearts, lifting up the nation of Myanmar as it enters 2026. We Myanmar has faced immense challenges, including the ongoing conflict and the devastating 7.7-magnitude earthquake that struck in early 2025.

Be a shelter for those who are weary and a source of strength for those who have lost so much.
Lord, we pray for the spirit of reconciliation to move across the land. We ask for an end to violence and for a path toward lasting peace, justice, and dignity for every person—regardless of their background or belief. Grant wisdom to the leaders and stakeholders, that they may choose the well-being of the people over the pursuit of power.
We pray for the youth of Myanmar, that their 2026 would be a year where fear is replaced by opportunity, and their dreams will be successful in 2026.

🎥🙏🙏🙏🙏🙏🎥

 A Christmas Prayer for MyanmarFor Peace and ComfortMay the spirit of Christmas bring a profound sense of peace to every...
25/12/2025


A Christmas Prayer for Myanmar
For Peace and Comfort
May the spirit of Christmas bring a profound sense of peace to every household. May those who are weary find rest, and those who are grieving find solace and the warmth of community.
For Unity and Strength
We pray for the enduring resilience of the Myanmar people. May the diverse cultures and traditions of the nation be a source of shared strength. Like the light of a Christmas candle, may hope remain unextinguished, guiding everyone toward a future defined by harmony and mutual respect.
For a Brighter Tomorrow
May the coming year bring healing to the land. We pray for the safety of all families, the health of the children, and the restoration of joy in every heart.
May the kindness shown between neighbors today become the foundation for a peaceful tomorrow.
🙏"May the light of hope shine through the darkness, and may the spirit of love unite every heart in Myanmar this season."

🎊🎁🎁🎁🎁🎁🎊

24/12/2025

ရုပ်ရှင်နဲ့ နိုင်ငံရေး
========= {သွန်းနေစိုး}

ကျနော့်ဆရာ ဇော်ဇော်အောင်က ပြောဖူးတယ်။ ရှိတ်စပီးယားသာ အခု သက်ရှိထင်ရှားရှိရင် ပြဇာတ်ရေးမှာမဟုတ်ဘူး၊ ရုပ်ရှင်ဇာတ်ညွှန်းရေးမှာ ... တဲ့။

ဆရာဇော်ဇော်အောင်က ဒီစကားကို ချရေးခဲ့သလားတော့ မရေရာမိပါ။ ကျနော်ကတော့ ကျိုက်ဝိုင်းဘုရားလမ်းက သူ့ တထပ်တိုက်ပုလေးမှာ လက်ချာတွေ သွားသွားနာရင်း ကြားခဲ့ရတာ။ ထားပါတော့၊ ဆရာ့စကားဟာ ခေတ်ပြောင်းလာတာနဲ့အမျှ အနုပညာပစ္စည်းတွေရဲ့ လူထုအပေါ် လွှမ်းမိုးနိုင်မှု ပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။

အမေရိကန် ပြည်တွင်းစစ်ဟာ ၀တ္ထုစာအုပ် တအုပ်ကြောင့် ဖြစ်ခဲ့ရတာလို့ ပြောတတ်ကြတဲ့စကားရှိတယ်။ စာရေးဆရာမ Harriet Beecher Stowe ရဲ့ Uncle Tom's Cabin (၁၈၅၂) ဆိုတဲ့စာအုပ်။ အမေရိကန်သမ္မတကြီး Abraham Lincoln က အဲ့ဒီ စာရေးဆရာမကို “ဒီ စစ်ပွဲကြီးကို စတင်ခဲ့တဲ့ အမျိုးသမီးလေး” လို့တောင် ခေါ်ခဲ့သတဲ့။ သူ့စာအုပ်က အမေရိကန်မြောက်ပိုင်းကို ကျွန်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးကြီးမားမားဖြစ်စေအောင် လှုံ့ဆော်နိုင်ခဲ့တာကိုး။

ဒီလိုပါပဲ။ Victor Hugo ရဲ့ Les Misérables (၁၈၆၂) ဟာလည်း ပြင်သစ်မှာ လူမှု ပြုပြင်ရေး လှုပ်ရှားမှုတွေ ဖြစ်စေအောင် လှုံ့ဆော်ခဲ့တယ်။ အင်္ဂလန်မှာကျတော့ Charles Dickens ရဲ့ Oliver Twist (၁၈၃၈) ဟာ ကလေးလုပ်သားပြဿနာကို မီးမောင်းထိုးပြခဲ့တယ်။ ဒီကနေပြောင်းလဲမှုတွေ အများကြီး ဆက်ဖြစ်ခဲ့တာပေါ့။

ဒီ့နောက် ရုပ်ရှင်ပေါ်လာတယ်။ ဒီအခါမှာ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ စာအုပ်တွေကို ပခုံးချင်းယှဥ်လာတော့တယ်။

D.W. Griffith က ၁၉၁၅ မှာ The Birth of a Nation ရိုက်တယ်။ ပညာရှင်တွေ သတ်မှတ်ကြတာက ဒီရုပ်ရှင်ဟာ "နိုင်ငံရေး ရုပ်ရှင်တွေထဲက အရေးပါဆုံး ဥပမာ" တဲ့။ ဒါပေမဲ့ တော်တော်လေးလည်း အငြင်းပွားရတဲ့ ဇာတ်ကားတကားပေါ့။ လူမျိုးရေးခွဲခြားမှုကို အားပေးတယ်၊ လူမျိုးရေး ပဋိပက္ခတွေကို ပိုမို ဆိုးရွားစေခဲ့တယ်လို့ မြင်ရတယ်။ တကယ်တော့လဲ ဒီအမြင်ဟာ Bell Hooks ရဲ့ Black Looks: Race and Representation ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။

"Politics of race and gender were inscribed into mainstream cinematic narrative from Birth of a Nation on." တဲ့။ ထားပါတော့၊ ဒီအကြောင်း နောင်အလျဉ်းသင့်မှ ဆက်တာပေါ့။ အခု ဆက်ပြောချင်တာက ရုပ်ရှင်တွေရဲ့ လူထုအပေါ် လွှမ်းမိုးနိုင်မှုအကြောင်း။

ဒီ့နောက်မှာ ဆိုဗီယက်ဘက်က အိုင်ဇင်စတိန်း Sergei Mikhailovich Eisenstein ရဲ့ Battleship Potemkin ဆိုတဲ့ဇာတ်ကား ၁၉၂၅ မှာ ပေါ်လာတယ်။ ၁၉၀၅ ခုနှစ် ရုရှား တော်လှန်ရေးအတွင်း တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်တဲ့ Potemkin သင်္ဘော ပုန်ကန်မှု (Mutiny on the Battleship Potemkin) ကို အခြေခံ ရိုက်ကူးထားတာ။ ဒီကားကတော့ ဆိုဗီယက်ရဲ့ ပရိုပဂန်ဒါဇာတ်ကားလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့တော်လှန်ရေးရုပ်ရှင်တွေရဲ့ အဦးအစ နမူနာလည်းဖြစ်နေတော့ နောက်ပိုင်းအချိန်ရရင် ဒီဇာတ်ကားအကြောင်း သီးသန့်ရေးပါဦးမယ်။

နာဇီခေတ်မှာကျတော့ သူတို့ရဲ့ ပရိုပဂန်ဒါရုပ်ရှင်က Triumph of the Will တဲ့။ လီနီ ရီဖန်စတေးလ် (Leni Riefenstahl) ရိုက်တယ်။ ၁၉၃၅ မှာ ဒီ ကားထွက်တော့ ဟစ်တလာ ဟာ ဂျာမာန်လူထုအမြင်မှာ ဘုရင်ဧကရာဇ်ကြီးလို ဖြစ်သွားစေတယ်တဲ့။ ဒီဇာတ်ကားအကြောင်း အသေးစိတ် မဆွေးနွေးချင်လှဘူး။ တော်ကြာ ကျနော်တို့ဆီက မင်းအောင်လှိုင်လဲ လိုက်ရိုက်ခိုင်းနေမစိုးလို့။

ဒါပေမဲ့ ဒီဇာတ်ကားကို ဝေဖန်တဲ့ ဝေဖန်မှုတွေထဲမှာ Louis Althusser ရဲ့ Ideology and Ideological State Apparatuses ဆိုတဲ့စာတမ်းပါ အယူအဆကတော့ အတော်ကောင်းတယ်။

သူပြောတာက ... နိုင်ငံတော် (State) ဟာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ နည်းလမ်း နှစ်မျိုး သုံးတယ် ... တဲ့။ RSA နဲ့ ISA ဆိုတဲ့ နည်းလမ်း၂မျိုး။

RSA ကတော့ Hard Power ပေါ့။ အကြမ်းဖ_က်မှု သို့မဟုတ် အင်အားနဲ့ ထိန်းချုပ်တာ။ လူတွေကို အကြောက်တရားသွပ်သွင်းတာမျိုးပါ။ အရှည်က Repressive State Apparatus တဲ့။

နောက်တနည်းကတော့ Ideological State Apparatuses။ ISA ပေါ့လေ။ အိုင်ဒီယိုလော်ဂျီနဲ့ ထိန်းချုပ်တာ။ လူတွေကို ယုံကြည်လက်ခံ ယိမ်းယိုင်လာအောင် လုပ်တာ။ ISA လုပ်ဖို့ရာအတွက် ပညာရေးစနစ်ကိုပြင်တယ်။ ဘာသာရေးနဲ့ မှိုင်းတိုက်တယ်။ နိုင်ငံရေးပါတီ၊ အလုပ်သမားသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေကနေ ဖျားယောင်းတယ်။ နောက်ဆုံးကတော့ မီဒီယာနဲ့ လုပ်တာပေါ့လေ။

ISA တွေ ရဲ့ အဓိက လုပ်ဆောင်ချက်က လူတွေ ကို "ဒီ စနစ်က မှန်တယ်၊ လိုက်နာရမယ်" ဆိုတဲ့ အတွေးကို ကိုယ်တိုင် ယုံကြည်လာအောင် လုပ်ပစ်တာပါ။ လူတွေ က ကြောက်လို့မဟုတ်ဘဲ ကိုယ်တိုင် လက်ခံ ယုံကြည်လို့ လိုက်နာကြတယ်။ ဒါကို Althusser က "အတွေးအခေါ် နဲ့ ထိန်းချုပ်ခြင်း" လို့ ခေါ်ပါတယ်။ Triumph of the Will ဟာ ISA ပါပဲ။

ဒီဇာတ်ကားက နာဇီပါတီ ရဲ့ ၁၉၃၄ နှစ်စဉ် ပါတီ စုဝေးပွဲ (Nuremberg Rally) ကို ရိုက်ကူးထားတဲ့ရုပ်ရှင် ဖြစ်တယ်။ ဟစ်တလာကိုယ်တိုင် တိုက်ရိုက် အမိန့်ပေးကြီးကြပ်ခဲ့တာတဲ့။ ကျနော်တော့ သင်ယူနေရလို့သာ ကြည့်ရတယ်။ တော်တော်ရွံမိတဲ့ ဇာတ်ကား။

Facebook Post တွေကို စာသိပ်မရှည်စေ့ချင်တာမို့ နည်းနည်း မြန်မြန်လေး ဖြတ်ရအောင်။

1983 မှာ The Day After ဆိုတဲ့ ဇာတ်ကားထွက်ပါတယ်။ သူက ရုံတင်ရုပ်ရှင် (theatrical film) မဟုတ်ပါ။ တီဗီမှာ ပြတဲ့ဇာတ်ကား။ ဒါပေမဲ့ ဇာတ်လမ်းတွဲ TV series တော့လည်း မဟုတ်ဘူး။ တကားချင်းအပြီးဖြစ်တဲ့ made-for-TV movie

အဲ့ဒီဇာတ်ကားကို ၁၉၈၃ နိုဝင်ဘာ ၂၀ ရက် (တနင်္ဂနွေ ညနေ) ABC ရုပ်သံလိုင်းမှာ ထုတ်လွှင့်တယ်။ အမေရိကန် ရုပ်သံ ကြည့်ရှုမှုမှတ်တမ်း (Nielsen ratings) အရ အမေရိကန်ရဲ့ လူဦးရေ သန်း ၁၀၀ ကျော်က အဲ့ဒီဇာတ်ကားကို ကြည့်ခဲ့တယ်တဲ့။ အမေရိကန်နဲ့ ဆိုဗီယက်ကြား နျူကလီးယားစစ်ပွဲသာ ဖြစ်ပွားခဲ့ရင် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာကို ပုံဖော်ထားတဲ့ဇာတ်ကား။

အဲ့ဒီဇာတ်ကားရဲ့ သက်ရောက်မှုက ဘယ်လောက်တောင် ကြီးမားလိုက်သလဲဆိုတော့ ဇာတ်ကား ထုတ်လွှင့်ချိန်မှာ ကြည့်ရှုသူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုရင် ဆက်ဖို့ ဖုန်းနံပါတ်တွေတောင် ထားခဲ့ရတယ် တဲ့။ကလေးတွေကို မိဘနဲ့အတူသာကြည့်ဖို့ ကန့်သတ်ခဲ့ရတယ်။

အဲ့ဒီတုန်းက အမေရိကန်သမ္မတဖြစ်တဲ့ Ronald Reagan က ရုပ်ရှင်ကို ကြိုတင် ကြည့်ရှုခဲ့ပြီး သူ့ မှတ်စုစာအုပ်မှာ "very effective and left me greatly depressed" လို့ ရေးခဲ့တယ်။ ဒီ ရုပ်ရှင်က သူ့ရဲ့ နျူကလီးယားမူဝါဒ ကို ပြန်လည် စဉ်းစားစေခဲ့တယ်လို့ သမိုင်းပညာရှင်တွေ ဆိုကြပါတယ်။ နောက်ပိုင်း ဆိုဗီယက်နဲ့ အမေရိကန်ကြား နျူကလီးယားလက်နက် လျှော့ချရေး ဆွေးနွေးမှုတွေ ပိုမို အောင်မြင်လာခဲ့တာ ဒီဇာတ်ကားကြောင့် ... တဲ့။

နောက်ပိုင်း ဇာတ်ကားတွေထဲက တွမ်ဟန့်ရဲ့ Philadelphia (1993) ဇာတ်ကားကိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်။ AIDS ရောဂါသည်တွေအပေါ် အမြင် လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုကို လျှော့ချနိုင်ခဲ့တဲ့ဇာတ်ကား။ ထားပါတော့ အမေရိကန်ဇာတ်ကားတွေအကြောင်း ဒီမှာ ဖြတ်လိုက်တော့မယ်။ ကျနော် စိတ်ဝင်စားတဲ့ လက်တင်အမေရိကရဲ့ ရုပ်ရှင်လှုပ်ရှားမှုအကြောင်း နည်းနည်းတင်ပြချင်တယ်။

အဲ့ဒီလှုပ်ရှားမှု နာမည်က ... Third Cinema တဲ့။ သူလဲ တတိယ အုပ်စု လို့ ပြောရမလား။

First Cinema ဆိုတာက ဟောလိ၀ုဒ်ကို ညွှန်းတယ်။ ရုပ်ရှင်သည် ငွေကြေးအတွက်ဆိုတဲ့ သဘော။ ဖျော်ဖြေရေးကို အဓိကထားတယ်။ ရုပ်ရှင်ဟာ စီးပွားရေး အမြတ်အစွန်း ရှာဖွေဖို့။

Second Cinema ကတော့ ဥရောပ တဲ့။ European auteur cinema။ အနုပညာသည် အနုပညာအတွက်ဆိုတဲ့ သဘောထားကဲတဲ့ ရုပ်ရှင်မျိုးလို့ ဆိုရလေမလား? တစ်ဦးချင်း ဖန်တီးမှုကို အဓိက ထားတယ်။ ပုဂ္ဂိုလ်ရေး အမြင်ကို ဦးစားပေးတယ်။

Third Cinema ဆိုတဲ့ တတိယရုပ်ရှင်ကတော့ ရုပ်ရှင်ကို တော်လှန်ရေးလှုပ်ရှားမှုအတွက် လှုံ့ဆော်ဖို့သုံးတယ်။ `ရုပ်ရှင်သည် တော်လှန်ရေးအတွက်´ ပေါ့လေ။ နယ်ချဲ့ စနစ်တွေအောက်က၊ စီးပွားရေးဖိနှိပ်မှုတွေအောက်က လူထုတွေ လွတ်မြောက်စေဖို့အတွက် ရုပ်ရှင်ကို လက်နက်အဖြစ် အသုံးပြုတယ်။ ပရိသတ်ကို ဖျော်ဖြေရုံ မဟုတ်ဘဲ နိုင်ငံရေး အသိပညာပေးတယ်။

၁၉၆၀-၁၉၇၀ ခုနှစ်များကာလ လက်တင်အမေရိကရဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွေမှာ ဒီ Third Cinema ဟာ အင်မတန် အားကောင်းသော အကူအပံ့ဖြစ်စေခဲ့တာပေါ့။

Third Cinema အတွက် ကြည့်စရာ ဇာတ်ကားတွေအဖြစ် ဘရာဇီးဒါရိုက်တာ Glauber Rocha ရဲ့ Black God, White Devil (Deus e o Diabo na Terra do Sol, 1964) ဇာတ်ကားနဲ့ အာဂျင်တီနားဒါရိုက်တာ ၂ယောက် Fernando Solanas နဲ့ Octavio Getino တို့ရိုက်တဲ့ La Hora de los Hornos (The Hour of the Furnaces, 1968 ဇာတ်ကားတို့ကို ညွှန်းချင်ပါတယ်။

ဒီ Third Cinema ရဲ့ အစိတ်အပိုင်းအနေနဲ့ ၁၉၅၀ နှောင်းပိုင်း ကနေ ၁၉၇၀ အစောပိုင်းအတွင်း ဘရာဇီးမှာ ပေါ်ထွန်းခဲ့တဲ့ ရုပ်ရှင်လှုပ်ရှားမှု Cinema Novo အကြောင်းလည်း သတိတရ ထည့်ရေးချင်ပါတယ်။ ဘရာဇီးမှာ ၁၉၆၄ ခုနှစ် စ_စ်တ_ပ်အာဏာသိ_မ်းအပြီး ဆင်ဆာစနစ်၊ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပြင်းထန်လာချိန် Cinema Novo ရုပ်ရှင်တွေ ပေါ်လာတယ်။

အထက်မှာပြောခဲ့တဲ့ ဘရာဇီးဒါရိုက်တာ Glauber Rocha ဟာ ဘရာဇီး Cinema Novo လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပါပဲ။ သူ့ ရဲ့ "An Aesthetics of Hunger" (၁၉၆၅) စာတမ်းမှာ ဆင်းရဲမှုကို ရုပ်ရှင်မှာ လှပအောင် မဖန်တီးဘဲ၊ အဲဒီ ဆင်းရဲမှုရဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခကို တိုက်ရိုက်ပြသပြီး ပရိသတ်ကို နိုးကြားစေရမယ်ဆိုတဲ့ သဘောတရားကို တင်ပြခဲ့တယ်။ ဒီသဘောတရားဟာ ဆင်ဆာဖိနှိပ်မှုအောက်က ရုပ်ရှင်ဖန်တီးသူတွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ သဘောတရားဖြစ်တယ်။

Cinema Novo ကို အဓိက တွန်းအားဖြစ်စေတာ ၃ရပ်ရှိတယ်။

က) Italian Neorealism တကယ့်ဘ၀ကို အရှိအတိုင်း ပုံဖော်ရိုက်ကူးတယ်။ လမ်းဘေး ရုပ်ရှင်များလို့ ပြောရမလားပဲ။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ သရုပ်ဆောင်တွေ သုံးတယ်။

ခ) French New Wave ဘက်ဂျက်က နည်းတော့ စမ်းသပ်ရိုက်ချက်တွေနဲ့ ကိုယ်ပြချင်တာကို ဖြစ်အောင်လုပ်ကြတယ်။

ဂ) ပြီးတော့ ဆင်းရဲမွဲတေမှုတွေ ကိုလိုနီစနစ်ရဲ့ ဒါဏ်ရာဒါဏ်ချက်တွေ နဲ့ အထက်မှာပြောခဲ့တဲ့ ၁၉၆၄ စစ်တပ် အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုများ ပိုမို ပြင်းထန်လာတာတွေဟာလည်း တွန်းအားတရပ်ဖြစ်စေခဲ့ပါတယ်။ အပူချိန်နဲ့ ဖိအားက တအားပြင်းထန်လာတဲ့အခါ အဲ့ဒီထဲကနေ ပိုမို တောက်ပသော ရတနာတွေ ထွက်ပေါ်လာစေသလိုပေါ့။

Cinema Novo ရဲ့ အဓိက ဝိသေသလက္ခဏာ ၅ရပ် ရှိပါတယ်။

၁။ ဆင်းရဲမွဲတေမှုနဲ့ လူမှုရေးဖိနှိပ်ခံရမှုကို တိုက်ရိုက် ပုံဖော်ခြင်း။ ဘရာဇီးရဲ့ ဆင်းရဲသား လူတန်းစား၊ လယ်သမားတွေ၊ ဆင်ခြေဖုံး နေထိုင်သူတွေရဲ့ ဘဝကို အဓိကထား ရိုက်ကူးပြသတယ်။

၂။ Aesthetics of Hunger (ဆာလောင်မှု ရဲ့ အနုပညာ)။ Glauber Rocha ရဲ့ ၁၉၆၅ ခုနှစ် manifesto မှာ တင်ပြခဲ့တဲ့ အယူအဆပါပဲ။ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မထားဘဲ အလှတရားအဖြစ်နဲ့ မဖန်တီးဘဲ တော်လှန်ရေးစွမ်းအင်အဖြစ် အသုံးချရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဆင်းရဲမှုက အကြမ်းဖက်မှုကို မွေးဖွားစေတယ်၊ ဒါကို ရုပ်ရှင်မှာပြသပြီး ပရိသတ်ကို နိုးကြားလာအောင် လုပ်ရမယ် ... တဲ့။

၃။ နည်းပညာ အားနည်းမှုကို အားသာချက် အဖြစ် ပြောင်းလဲခြင်း။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်တယ်။ ရုပ်ရှင်စတူရီယိုကြီးတွေမှာ မရိုက်ပဲ လမ်းဘေးမှာ ရိုက်တယ်။ ပရော်ဖက်ရှင်နယ် ရုပ်ရှင်မီးတွေက စျေးကြီးတော့ သဘာ၀ အလင်းရောင်နဲ့ များများရိုက်တယ်။ ရုပ်ရှင်ပညာအရပြောရရင် artificial lighting ထက် Available Lighting အသုံးများတယ်ပေါ့။

နောက်ထပ် ၂ချက်ကတော့ ...

ရုပ်ရှင်ကို ဖျော်ဖြေရုံ မဟုတ်ဘဲ လူထုကို နိုးကြားစေပြီး လူမှုရေး ပြုပြင်ရေးအတွက် လှုံ့ဆော်ဖို့သုံးတယ်။ ပြီးတော့ နောက်ဆုံးအချက် ဘရာဇီးရဲ့ ဘာသာရေး၊ ရိုးရာ ယုံကြည်မှု၊ ဂီတနဲ့ ဒဏ္ဍာရီတွေကို ထည့်သွင်းရိုက်ကူး‌ပြီး ဘရာဇီးယဉ်ကျေးမှုရဲ့ အားကို ရယူပါတယ်။

Cinema Novo အကြောင်း ကျနော် နောက်ထပ်အခွင့်သင့်ရင် အကျယ်ရေးပါဦးမယ်။ ကျနော်တို့ တော်လှန်ရေးဘက်က ရုပ်ရှင်သမားတွေအနေနဲ့ ဒီလမ်းကြောင်းကို လိုက်သင့်တယ်လို့ ထင်မိတယ်။ တော်လှန်ရေးဇာတ်ကားသက်သက်မဟုတ်ပဲ ဖျော်ဖြေရေးဘက်ကို ဘယ်လို ရောယှက်ကြမလဲ စဉ်းစားဖို့ပါ။

စာလည်း (တိုချင်ပေမဲ့) ရှည်သွားရပြီမို့ ဒီမှာတင်ပဲ ဖြတ်ထားခဲ့ပါ့မယ်။ နောက်ထပ် ပြောချင်တာတွေတော့ အများကြီးရှိပါသေးတယ်။

ที่อยู่

No. 734 Moo 7, Mae Pa Subdistrict, Mae Sot District, Tak Province
Mae Sot
63110

เบอร์โทรศัพท์

+66808091040

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Spring Film Academyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Spring Film Academy:

แชร์