University of Co-operative and Management Information

University of Co-operative and Management Information Academic Information Networking/Scholarly Insight Dissemination

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှ...
20/08/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေးဟောပြောပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ဟောပြောပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်ဝင်ဖို့ စနစ်တကျကြိုတင်ပြင်ဆင်ပြီး အဆင်သင့်ဖြစ်လာစေရန် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ခန်းထဲက Academic Knowledge သာမက လက်တွေ့ဘဝနှင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် Competencies တွေရရှိရေးကို အလေးထားပြီးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒါဟာမိမိတို့တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ Road Map နဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ မိမိတို့တက္ကသိုလ်ကို Job Oriented University အဖြစ် အရင်ဆုံး ခိုင်ခိုင်မာမာ တည်ဆောက်ပြီး၊ တစ်ချိန်တည်းမှာပင် တက္ကသိုလ်စဖြစ်သည့် ၂၀၁၂ ခုနှစ်၊ ကတည်းက လေ့ကျင့်ပျိုးထောင်ခဲ့သည့် Research Culture နှင့်အတူ Research-Oriented University ဖြစ်လာစေရေးကို အလေးထားအကောင်အထည်ဖော်ဆောင်ပြီး အဆိုပါနှစ်ခုစလုံးကို Quality နှင့် ချိတ်ဆက်၍ Quality-Oriented University အဖြစ်ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒါ့ကြောင့်မိမိတို့ တက္ကသိုလ်၏ အနာဂတ်သည် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်နဲ့ ခွဲခြား၍မရပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်တဲ့ Graduate တွေ၊ ဆန်းသစ်တီထွင်မှုကို ရှာဖွေဖန်တီးနိုင်သော Innovative Researcher တွေ၊ ဒါ့အပြင် မိမိ လုပ်ငန်းခွင်၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်အတွက် အရည်အသွေးရှိတဲ့ Professional Human Resource တွေ ဖြစ်လာအောင် ကြိုတင်ပြင်ဆင်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီနေ့ Pre-Job Readiness Skills ဟောပြောပွဲဟာ သာမန် Carrier Talk တစ်ခုမဟုတ်ဘဲ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ Job Oriented University ဖြစ်အောင် ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်အနေဖြင့် Degree Holders တွေ မွေးထုတ်ပေးရုံသာမက Competent, Responsible and Adaptable Graduates တွေဖြစ်လာအောင် ပြင်ဆင်ပေးရန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့၏ အထူးပြု ဘာသာရပ် ၅ ခုကနေရတဲ့ Knowledge တွေကို လက်တွေ့ဘဝနဲ့ချိတ်ဆက်အသုံးချပြီး Career Path ကို ကိုယ်တိုင်ဖော်ဆောင်နိုင်ကြပါစေကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ MyJobs Myanmar Group ၏ ဥက္ကဋ္ဌ ဒေါ်မြသန္တာဦးက လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဒေါ်မြသန္တာဦးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါမောက္ခချုပ်က MyJobs Myanmar Group ၏ ဥက္ကဋ္ဌ ဒေါ်မြသန္တာဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမန...
19/08/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူ များ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကို ၁၈-၈-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဟောပြောပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ အထူးပြုဘာသာရပ်မေဂျာရွေးချယ် ခြင်းကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်စေရန်ဖြစ်ပါကြောင်း၊ ပထမနှစ်ဆိုတာ တက္ကသိုလ်ဘဝကို စတင် လေ့လာတဲ့အချိန်ဖြစ်သလို မိမိတို့ရဲ့အနာဂတ်ကို စတင်ပုံဖော်ရမဲ့အချိန်လည်းဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဘယ်မေဂျာက အကောင်းဆုံးလဲဆိုတာထက် ဘယ်မေဂျာက မိမိတို့နဲ့ အသင့်တော်ဆုံးဆိုတာကို စဉ်းစားစေချင်ပါကြောင်း၊ မိမိတို့ရဲ့ စိတ်ပါဝင်စားမှု၊ ဝါသနာ၊ အားသာချက်၊ မိမိလုပ်ချင်တဲ့အလုပ်နဲ့ အနာဂတ်ရည်မှန်းချက်တွေကို သေချာစဉ်းစားပြီး ရွေးချယ် ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒီတက္ကသိုလ်မှာ အထူးပြုဘာသာရပ်(၅)ခုရှိပါကြောင်း၊ ပထမဦးစွာ Accounting and Finance ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ငွေကြေးဆိုင်ရာ အခြေအနေကို နားလည်ပြီး မှန်ကန်တဲ့ဘဏ္ဍာရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲမလဲ၊ ကုန်ကျစရိတ်နှင့် ဝင်ငွေကိုဘယ်လိုတွက်ချက်မလဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးအန္တရာယ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီးပါကြောင်း၊ ဒါကြောင့် Accounting and Finance ကို လေ့လာထားတဲ့ လူငယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေ၊ သမဝါယမအသင်းတွေ၊ လူမှုစီးပွားရေး လုပ်ငန်းတွေ၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတွေမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာနိုင်ပါကြောင်း၊ ဒုတိယအနေနဲ့ Marketing Management ကတော့ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို သုံးစွဲသူတွေသိရှိလာအောင် စိတ်ဝင်စားလာအောင်နဲ့ ဝယ်ယူအသုံးပြုနိုင်အောင် ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ဒီနေ့ခေတ်မှာ Digital Marketing၊ Social Media Marketing နဲ့ Customer Relationship Management တွေဟာ အလွန်အရေးကြီးလာပါကြောင်း၊ အထူးသဖြင့် သမဝါယမအသင်းများ၊ လယ်ယာထွက်ကုန်များ၊ MSMEs လုပ်ငန်းများ၊ ဒေသထွက်ကုန်များကို ဈေးကွက်နဲ့ ချိတ်ဆက်ပေးဖို့ Marketing ကျွမ်းကျင်သူများ လိုအပ်ပါကြောင်း၊ ဒါကြောင့် Marketing Management ဆိုတာ ပစ္စည်းရောင်းတတ်ဖို့သက်သက်မဟုတ်ဘဲ ထုတ်လုပ်သူနှင့် စားသုံးသူတွေကြားထဲမှာ တန်ဖိုးဖန်တီး ပေးနိုင်ဖို့ လေ့လာတဲ့ဘာသာရပ်လို့ နားလည်စေချင်ပါကြောင်း၊ တတိယအနေနဲ့ Applied Statistics ဆိုတာ အချက်အလက်တွေကို စုဆောင်းခွဲခြားစိတ်ဖြာပြီး အချက်အလက်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင် လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးဟာ Data-driven World ဖြစ်လာပါကြောင်း၊ ဒါကြောင့် Applied Statistics ကို လေ့လာထားတဲ့ လူငယ်တွေဟာ Research၊ Business၊ Government၊ Development Projects နဲ့ Policy Planning စသည့် နယ်ပယ်တွေမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာကို တွေ့ရပါကြောင်း၊ စတုတ္ထ အနေနဲ့ Regional Development ကတော့ ဒေသတစ်ခုအတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်နဲ့ လူ့စွမ်းအားအရင်းအမြစ်များကိုပေါင်းစပ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လို ဖော်ဆောင်မလဲဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ဒါကြောင့် Regional Development ကို လေ့လာတဲ့လူငယ်တွေဟာ ဒေသရဲ့လိုအပ်ချက်ကို နားလည်ပြီးတော့ Rural Development၊ Urban Development နဲ့ National Development တို့ကို ချိတ်ဆက်စဉ်းစားနိုင်တဲ့ Development Professionals တွေ ဖြစ်လာနိုင်ပါကြောင်း၊ ပဉ္စမအနေနဲ့ Social Enterprise Management မေဂျာဖြစ်ပြီး ဒီဘာသာရပ်ကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်အောင် စီမံခန့်ခွဲနိုင်ရုံ သာမက လူမှုရေးပြသနာတွေကို စီးပွားရေးနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး လူမှုတန်ဖိုးဖန်တီးနိုင်အောင် လေ့လာတဲ့ဘာသာရပ်ဖြစ်ပါကြောင်း၊ ဒီမေဂျာနဲ့ ဘွဲ့ရလာတဲ့ လူငယ်များသည် Cooperative၊ Social Enterprise၊ Development Sector၊ Community-based Organizations တွေမှာ အကျိုးပြုနိုင်သလို ကိုယ်တိုင်လည်းလူမှုစီးပွားရေးလုပ်ငန်းတွေကို ဖန်တီးနိုင်ပါကြောင်း၊ ဒါကြောင့် Major တစ်ခုကို ရွေးချယ်တာဟာ ဘာသာရပ်တစ်ခုကို ရွေးချယ်သာမက မိမိရဲ့အနာဂတ် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ သင်ယူရမည့် အထူးပြု ဘာသာရပ် Major က ဘာ Major ပဲ ဖြစ်ဖြစ် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့အခါ မိမိတို့တစ်ဦးချင်းစီရဲ့ အောင်မြင်မှုအတွက်သာမက မိမိတို့နိုင်ငံနဲ့ မိမိတို့အသိုက်အဝန်းအတွက် တန်ဖိုးရှိတဲ့ လူငယ်တွေ ဖြစ်လာဖို့ ကြိုးစားကြရန် အလေးနက်ထား တိုက်တွန်းမှာကြားလိုကြောင်း အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးပြု ဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဤတက္ကသိုလ်၏ အထူးပြု ဘာသာရပ်များဖြစ်သည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ အထူးပြုဘာသာရပ် ဌာန(၅)ခုမှ ပါမောက္ခ(ဌာနမှူး)များနှင့် တွဲဖက်ပါမောက္ခ(ခေတ္တဌာနမှူး)များက သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် ရွေးချယ်သင်ယူသင့်သည့်အကြောင်းရင်း၊ ဘာသာရပ်၏အသုံးဝင်မှု၊ ဘာသာရပ် သင်ကြားခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အထူးပြု ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအကြောင်းနှင့် Extra Curriculum Activities များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အထူးပြုဘာသာရပ် ရွေးချယ်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

19/08/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
Marketing Management Major(စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာဘာသာရပ်ကို)စိတ်ဝင်စားသောပထမနှစ်မှကျောင်းသား/သူ များအတွက်
စီမံခန့်ခွဲမှုပညာဌာန
တွဲဖက်ပါမောက္ခ ဒေါက်တာစိုးထိုက်ဦး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) GEC (ပညာရေး)သမဝါယမအသင်းလီမိတက်နှ...
19/08/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) GEC (ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC (ပညာရေး)သမဝါယမအသင်း လီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၁၀:၃၀)နာရီက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် GEC (ပညာရေး)သမဝါယမအသင်းလီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဒေါ်နှင်းမိုးဆမ်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် GEC (ပညာရေး)သမဝါယမအသင်းလီမိတက်၏ သမိုင်းကြောင်းနှင့်အသင်းသားများ၏ အကျိုးစီးပွား တိုးတက်ရေးကို ရည်ရွယ်ကာ UCMT COOP MART ကိုဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ အသင်းသားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာပြီး နှစ်စဉ်အသင်းသား အကျိုးဝေစုနှင့် အစည်းအဝေးတက်ရောက်မှုစရိတ်များ နှစ်အလိုက် ချီးမြှင့်ပေးနိုင်ကြောင်းနှင့် အသင်း၏လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒါရိုက်တာအဖွဲ့နှင့်အတူ အသင်းသားများ ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဒေါ်ချိုချိုအောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏ ရည်ရွယ်ချက်များ၊ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များ၊ နှစ်စဉ် (၂)ကြိမ်ခွဲ၍ ပေးအပ်သောအတိုးအမြတ်ငွေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများကို အဖွဲ့ဝင်များက ဖတ်ကြား တင်သွင်းရှင်းလင်းတင်ပြပြီး အသင်းသား၊ အသင်းသူများ၏သဘောတူညီမှုဖြင့် အတည်ပြုခဲ့ ကြပါသည်။ ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ၊ ဆရာမ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ဘဏ္ဍာရေး ရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများကိုအဖွဲ့ဝင်များက ဖတ်ကြားတင်သွင်း ရှင်းလင်း တင်ပြပြီး အသင်းသား၊ အသင်းသူများက သဘောတူသဖြင့် အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဖြင့်ဖွဲ့စည်းထားသည့် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ (၁၁၈)ဦးနှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ (၁၇၄)ဦး ရှိပြီးတက်ရောက်လာသည့် အသင်းသား၊ အသင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ (၁၈)...
19/08/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ (၁၈) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၇)ရက်၊ နံနက်(၉:၃၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) ၊ ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ မိမိတို့၏ မွန်မြတ်သော စိတ်စေတနာကို အရင်းခံကာဘဝတစ်ခုရှင်သန်နိုင်ရေးအတွက် ကယ်တင်ပေး နိုင်ရန်နှင့် လူမှုအဖွဲ့အစည်းကို အကျိုးပြုနိုင်ရန်ရည်ရွယ်၍ (၁၈)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် သင်ကြားစီမံဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြူကျော်၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များက သွေးပုလင်းများ လက်ခံပေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ ) ဦးတို့က သွေးပုလင်းပေါင်း ( ၇၃ ) ပုလင်း ကို လှူဒါန်းကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ၂၀၀၅ ခုနှစ် မှစ၍ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်စုပေါင်းသွေးလှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၈) ကြိမ် လှူဒါန်း ဆောင်ရွက်ခဲ့ပြီး သွေးပုလင်းပေါင်း (၁၈၉၃) ပုလင်း ကို ပေးအပ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။

18/08/2026

Department of Commerce(ဝါဏိဇ္ဇဗေဒဌာန) အောက်တွင်ရှိသော
Accounting and Finance Major(စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ)
ယခင်ဌာနမှူးဟောင်းဖြစ်သော တွဲဖက်ပါမောက္ခဒေါက်တာနေမင်းအေး လက်ထက်တွင် ပြုလုပ်ထားသော Major Theme Song ကို ပထမနှစ်ကျောင်းသား/သူ များအတွက် တင်ဆက်လိုက်ပါတယ်။
တေးရေး/ဆို -Phoe Lone

18/08/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
Accounting and Finance Major
စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာဘာသာရပ်

📊 Numbers ကို Knowledge အဖြစ်နဲ့စတင်ပြီး၊ Professional Skills အဖြစ် ထပ်မြှင့်တင်ကာ အနာဂတ် Business World ထဲမှာ ယုံကြည်မှ...
18/08/2026

📊 Numbers ကို Knowledge အဖြစ်နဲ့စတင်ပြီး၊ Professional Skills အဖြစ် ထပ်မြှင့်တင်ကာ အနာဂတ် Business World ထဲမှာ ယုံကြည်မှုရှိတဲ့ Professional တစ်ယောက်အဖြစ် Career တည်ဆောက်ချင်ပါသလား?
အဲလိုဆိုရင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပို့ချသင်ကြားပေးနေတဲ့ မေဂျာ(5)ခုထဲမှာမှ Accounting and Finance Major(စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာဘာသာရပ်)နှင့် မိတ်ဆက်ပေးပါရစေ။

🧾Accounting ဘာသာရပ်ဆိုတာ မေဂျာနာမည်ကြားလိုက်တာနဲ့စာရင်းတွက်တဲ့ပညာတစ်ခုတည်းပဲထိုင်တွက်ပြီးသင်ရမယ်လို့တွေးခဲ့ဖူးကြမှာပေါ့နော်အတွက်ကြီးပဲသင်မှာလားအတွက်သီးသန့်လား?
အဲမေးခွန်းရဲ့အဖြေကလုံးဝ(လုံးဝ)မဟုတ်ပါဘူးနော် ❌

Accounting & Finance ဆိုတာ
💰 ငွေကြေးကို နားလည်ခြင်း
📊 Business ကို ခွဲခြမ်းစိတ်ဖြာခြင်း
📈 Investment & Financial Market ကို သိရှိခြင်း
🧠 Management Decision တွေ ချမှတ်နိုင်ခြင်း
💼 အနာဂတ် Career အတွက် Professional Skill တွေ တည်ဆောက်ခြင်း
— အားလုံးကို ပေါင်းစပ်ထားတဲ့ Major တစ်ခုပါ။

🎓 Accounting and Finance Major
စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ
ဒီ Major မှာ ဘာတွေသင်ကြားခံရမလဲ?မေဂျာနာမည်ကြားလိုက်တာနဲ့စာရင်းတွက်တာတစ်ခုပဲသင်ခံရမယ်လိုတွေးထားခဲ့ရင်တော့အရမ်းမှားသွားပါလိမ့်မယ်နော်။

📚 Accounting ဘာသာရပ်များ

* Business Accounting
* Financial Accounting I & II
* Cost Accounting I & II
* Managerial Accounting
* Advanced Financial Accounting
* Financial Reporting & Public Sector Accounting

💰 Finance ဘာသာရပ်များ

* Principles of Finance
* Financial Management
* Financial Institution & Market
* Capital Market
* Accounting for Insurance and Taxation

📈 Management & Business ဘာသာရပ်များ

* General Management
* Performance Management
* Marketing Management
* Management Science

🔍 Professional Skills ဘာသာရပ်များ

* Auditing
* Financial Analysis
* Business Decision Making
* Financial Reporting
စတာတွေကို ဒုတိယနှစ်ကနေနောက်ဆုံးနှစ်အထိ သင်ကြားခံရမှာဖြစ်ပါတယ်။

🚀 ဒီ Major ကို တက်ပြီး ဘာလုပ်လို့ရလဲ?

Accountant ဖြစ်နိုင်တယ်။
Auditor ဖြစ်နိုင်တယ်။
Finance Officer / Financial Analyst ဖြစ်နိုင်တယ်။
Public Sector ဘက်လည်းသွားနိုင်တယ်။
Banking & Financial Institution ဘက်ကို သွားနိုင်တယ်။
Investment & Capital Market ဘက်ကို လေ့လာနိုင်တယ်။
Management နဲ့ Business ပိုင်းမှာလည်း Career တည်ဆောက်နိုင်တယ်။

အရေးကြီးဆုံးက—

ငွေကို စီမံတတ်တဲ့သူက
Business ကို နားလည်လာတယ်။
Business ကို နားလည်တဲ့သူက
Decision ချနိုင်လာတယ်။

ဒါကြောင့် Accounting & Finance Major ဟာ
“စာရင်းတွက်ဖို့” သင်တာမဟုတ်ဘဲ
“Financial Mindset တစ်ခု တည်ဆောက်ဖို့” သင်တာပါ။ 🔥

Your Future. Your Numbers. Your Decisions. Your Success.

ပထမနှစ်ကလေးများ မိမိအားသာသောအနာဂတ်တွင်မိမိဖြစ်ချင်သောအရာနှင့်ကိုက်ညီသည့်အထူးပြုမေဂျာဘာသာရပ်ကိုမိမိရဲ့ပထမနှစ်ရမှတ်နဲ့ကိုက်ညီအောင်လုပ်ပြီး လိုချင်တဲ့မေဂျာကိုအရယူနိုင်ကြပါစေလို့ AFမေဂျာမှကျောင်းပြီးသွားတဲ့ စီနီယာအကိုအမများကဆုတောင်းပေးလိုက်ပါတယ်နော်။









18/08/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
Marketing Management Major
စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာဘာသာရပ်။

15/08/2026

တက္ကသိုလ်အဓိပတိလမ်းမှာအားလုံးအမှတ်တရကိုယ်စီရှိခဲ့ဖူးကြမယ်လို့ထင်ပါတယ်
သမဝါယမနှင့်စီမံခန့်ခွဲမှူပညာတက္ကသိုလ်(သန်လျင်)
Credit-Video Owner

ที่อยู่

Nakhon Si Thammarat

เบอร์โทรศัพท์

+959795300151

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ University of Co-operative and Management Informationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง University of Co-operative and Management Information:

ทางลัด

แชร์