University of Co-operative and Management Information

โทร เส้นทาง เว็บไซต์ ติดต่อ มหาวิทยาลัย

University of Co-operative and Management Information Academic Information Networking/Scholarly Insight Dissemination

18/09/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း။👇
https://www.facebook.com/share/p/1MEf2cJ4Jo/?mibextid=wwXIfr

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ(A&F)အထူးပြုမေဂျာ ယူထားသောကျောင်းသား/သူ များ...
16/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ(A&F)အထူးပြုမေဂျာ ယူထားသောကျောင်းသား/သူ များ Intern Accountant လျှောက်ထားနိုင်ပါကြောင်း။

📢✨ Intern Accountant အလုပ်ခေါ်ယူခြင်း ✨📢

🎓 စီးပွားရေးတက္ကသိုလ်တွင် လက်ရှိတက်ရောက်နေပြီး Accounting & Auditing လုပ်ငန်းခွင်အတွေ့အကြုံ ရယူလိုသူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။ 💼📚

📝 စာမေးပွဲဖြေဆိုထားပြီး ကျောင်းပိတ်ရက်ကာလအတွင်း Audit Firm တွင် Internship ဝင်ရောက်လုပ်ကိုင်ရင်း လက်တွေ့အတွေ့အကြုံများ ရယူနိုင်ပါသည်။

👥 အလုပ်ခေါ်ယူမည့်ဦးရေ — (၃) ဦး (ကျား/မ)

📩 CV နှင့် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ ပူးတွဲ၍
[email protected] သို့၂၇-၉-၂၀၂၆ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

🌟 Accounting & Auditing Career အတွက် အတွေ့အကြုံကောင်းများ စတင်ရယူလိုသူများ အမြန်ဆုံး လျှောက်ထားလိုက်ပါ! 🌟

ဝင်ခွင့်လျှောက်လွှာပိတ်သိမ်းမည့်ရက်-23-10-2026ဝင်ခွင့်ရအမည်စာရင်းထုတ်ပြန်ကြေညာမည့်ရက်-၁၁လပိုင်းဒုတိယအပတ်။
11/09/2026

ဝင်ခွင့်လျှောက်လွှာပိတ်သိမ်းမည့်ရက်-23-10-2026
ဝင်ခွင့်ရအမည်စာရင်းထုတ်ပြန်ကြေညာမည့်ရက်-၁၁လပိုင်းဒုတိယအပတ်။

10/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
2026 G-12 အောင်ပထမနှစ်ကျောင်းသား/သူများဝင်ခွင့်လျှောက်လွှာစတင်ခေါ်ယူခြင်း။
အောက်ပါ Link ကို Download ဆွဲ၍ မိမိနီးစပ်ရာ ကွန်ပျူတာမိတ္တူဆိုင်သွားပြီး Print စာရွက်ထုတ် ဖောင်ကိုဖြည့်စွက်ရေးသားကာ ပုံမှာဖော်ပြထားသောအမှတ်စဥ်(၅)ကလိုအပ်သော
ဝင်ခွင့်ခေါ်စာ Post Link👇အမှတ်စဥ်(၅)အချက်ကို ဒီLinkမှာဖတ်ကြည့်ရန်
https://www.facebook.com/share/p/1M8Lz22y5C/?mibextid=wwXIfr စာရွက်စာတမ်းနှင့်အတူ လူကိုယ်တိုင်ဖြစ်စေ စာတိုက်ကနေတစ်ဆင့်ဖြစ်စေ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
သင်တန်းရေးရာဌာန
လို့ စာအိတ်ပေါ်တွင် ရေးသားကာလိပ်မူပြီးတင်သွင်းလျှောက်ထားနိုင်ပါသည်။
❗️❗️❗️အောင်လက်မှတ်ကယခုအချိန်မှာ မြန်မာနိုင်ငံစာစစ်ဌာနက မထုတ်ပေးသောကြောင့် မိမိကျောင်းတက်ခဲ့တဲ့အထက်တန်းကျောင်းမှာကျောင်းအုပ်ကြီးစည်းတံဆိပ်တုံးပါတဲ့ အောင်ကြောင်းထောက်ခံစာမူရင်းနဲ့လျှောက်လို့ရပါတယ်။❗️❗️❗️
လျှောက်လွှာဖောင် Download Link👇
https://www.ucmt.edu.mm/ucmt/image/catalog/UCMT/News/2026/August/Entrance%20Form/Firsrt%20Year%20Entrance%20Form.pdf

10/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
2026 G-12 အောင်ပထမနှစ်ကျောင်းသား/သူများဝင်ခွင့်လျှောက်လွှာစတင်ခေါ်ယူခြင်း။
အောက်ပါ Link ကို Download ဆွဲ၍ မိမိနီးစပ်ရာ ကွန်ပျူတာမိတ္တူဆိုင်သွားပြီး Print စာရွက်ထုတ် ဖောင်ကိုဖြည့်စွက်ရေးသားကာ ပုံမှာဖော်ပြထားသောအမှတ်စဥ်(၅)ကလိုအပ်သော
ဝင်ခွင့်ခေါ်စာ Post Link👇အမှတ်စဥ်(၅)အချက်ကို ဒီLinkမှာဖတ်ကြည့်ရန်
https://www.facebook.com/share/p/1M8Lz22y5C/?mibextid=wwXIfr စာရွက်စာတမ်းနှင့်အတူ လူကိုယ်တိုင်ဖြစ်စေ စာတိုက်ကနေတစ်ဆင့်ဖြစ်စေ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
သင်တန်းရေးရာဌာန
လို့ စာအိတ်ပေါ်တွင် ရေးသားကာလိပ်မူပြီးတင်သွင်းလျှောက်ထားနိုင်ပါသည်။
❗️❗️❗️အောင်လက်မှတ်ကယခုအချိန်မှာ မြန်မာနိုင်ငံစာစစ်ဌာနက မထုတ်ပေးသောကြောင့် မိမိကျောင်းတက်ခဲ့တဲ့အထက်တန်းကျောင်းမှာကျောင်းအုပ်ကြီးစည်းတံဆိပ်တုံးပါတဲ့ အောင်ကြောင်းထောက်ခံစာမူရင်းနဲ့လျှောက်လို့ရပါတယ်။❗️❗️❗️
လျှောက်လွှာဖောင် Download Link👇
https://www.ucmt.edu.mm/ucmt/image/catalog/UCMT/News/2026/August/Entrance%20Form/Firsrt%20Year%20Entrance%20Form.pdf

06/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
2026 G-12 အောင်ပထမနှစ်ကျောင်းသား/သူများဝင်ခွင့်လျှောက်လွှာစတင်ခေါ်ယူခြင်း။
အောက်ပါ Link ကို Download ဆွဲ၍ မိမိနီးစပ်ရာ ကွန်ပျူတာမိတ္တူဆိုင်သွားပြီး Print စာရွက်ထုတ် ဖောင်ကိုဖြည့်စွက်ရေးသားကာ ပုံမှာဖော်ပြထားသောအမှတ်စဥ်(၅)ကလိုအပ်သောစာရွက်စာတမ်းနှင့်အတူ လူကိုယ်တိုင်ဖြစ်စေ စာတိုက်ကနေတစ်ဆင့်ဖြစ်စေ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
သင်တန်းရေးရာဌာန
လို့ စာအိတ်ပေါ်တွင် ရေးသားကာလိပ်မူပြီးတင်သွင်းလျှောက်ထားနိုင်ပါသည်။
❗️❗️❗️အောင်လက်မှတ်ကယခုအချိန်မှာ မြန်မာနိုင်ငံစာစစ်ဌာနက မထုတ်ပေးသောကြောင့် မိမိကျောင်းတက်ခဲ့တဲ့အထက်တန်းကျောင်းမှာကျောင်းအုပ်ကြီးစည်းတံဆိပ်တုံးပါတဲ့ အောင်ကြောင်းထောက်ခံစာမူရင်းနဲ့လျှောက်လို့ရပါတယ်။❗️❗️❗️
လျှောက်လွှာဖောင်Link👇
https://www.ucmt.edu.mm/ucmt/image/catalog/UCMT/News/2026/August/Entrance%20Form/Firsrt%20Year%20Entrance%20Form.pdf
ဝင်ခွင့်ခေါ်စာ Post Link👇
https://www.facebook.com/share/p/1M8Lz22y5C/?mibextid=wwXIfr

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စက...
04/09/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စကားရည်လုပြိုင်ပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ စကားရည်လုပြိုင်ပွဲကို ၄-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းတွင်းအသိပညာ၊ အတတ်ပညာများသာမက Competency Skill ပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသူများ ဖြစ်စေချင်ကြောင်း၊ Leadership Skill, Creative - thinking Skill, Innovative Skill, Problem Solving Skill, Teamwork Skill များပြည့်ဝ အောင်တက္ကသိုလ်လှုပ်ရှားမှု၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်စေချင်ကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စကားရည်လုပြိုင်ပွဲကိုဝင် ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာမှုနယ်ပယ်ရှိစကားကြီးဆယ်မျိုးကို လေ့လာအသုံးပြု၍ယှဉ်ပြိုင်စေချင် ကြောင်း၊ စကားပြောကောင်းသူများသည် ဘဝတွင်အောင်မြင်နိုင်ကြောင်း၊ အသိဉာဏ်ပညာဗဟုသုတ နှင့်ပြည့်စုံသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့ ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃)ဦးစီပါဝင်သည့် အဖွဲ့(၁၀)ဖွဲ့ဖြင့်ယှဉ်ပြိုင်ခဲ့ ကြပြီး ပထမဆုကို ပထမနှစ်နှင့်Marketing Management Major ကျောင်းသား၊ ကျောင်းသူများအဖွဲ့ မှလည်းကောင်း၊ ဒုတိယဆုကို ပထမနှစ်နှင့်Social Enterprise Management Major ကျောင်းသား၊ ကျောင်းသူများအဖွဲ့မှလည်းကောင်း၊ တတိယဆုကို ပထမနှစ်၊ Accounting and Finance Majorနှင့် Social Enterprise Management Major ကျောင်းသား၊ကျောင်းသူများအဖွဲ့မှလည်းကောင်း၊ နှစ်သိမ့် ဆုကို ပထမနှစ်နှင့် Applied Statistics Major ကျောင်းသား၊ကျောင်းသူအဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပထမနှစ်နှင့် ဒုတိယနှစ်အထူးပြုဘာသာရပ်(၅)ခုမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၆၀၀) ကျော်တက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

04/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၂-၉-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဖြင့် ဆရာ၊ ဆရာမများအား ကန်တော့ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒ စကားနှင့် ဆုတောင်းမေတ္တာစကားပြောကြားခဲ့ပါသည်။

ပါမောက္ခချုပ်မှ ဆုံးမဩဝါဒ စကားပြောကြားရာတွင် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားသည် ဆရာ၊ ဆရာမများ၏ ကျေးဇူးတရားကို သိရှိရိုသေလေးစားစွာ ပူဇော် ကန်တော့ခြင်းနှင့် တစ်နှစ်တာကာလအတွင်းပညာရေး၌ ထူးချွန်စွာကြိုးစားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သည့် မင်္ဂလာရှိသောအခမ်းအနား တစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများက “အာစရိယဂုဏော အနန္တော” ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများအား ရိုသေ လေးစားစွာ ပူဇော်ကန်တော့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပညာရည်ချွန်ဆု ရရှိကြသူများအားလည်း ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ဝီရိယတို့ကြောင့် ထိုက်တန်စွာဆုရရှိခဲ့ခြင်းဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်းကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ဘဝအတွက် “ကိုယ်ကျင့်တရားကောင်းမွန်ခြင်း (Morality)၊ ခေတ်နှင့်အညီအမြဲလေ့ကျင့်သင်ယူခြင်း (Lifelong Learning)နှင့် ကျေးဇူးသိတတ်ခြင်း (Gratitude)” ဟူသည့် မှတ်သားလိုက်နာရမည့် စကား(၃)ချက်ကို အထူးမှတ်သားလိုက်နာကြရန် လိုအပ်ကြောင်း၊ ပညာတတ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်၍ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သူများဖြစ်ကြရန်၊ နည်းပညာနှင့်ပညာရပ်များ လျင်မြန်စွာ ပြောင်းလဲတိုးတက် နေသည့် ခေတ်နှင့်အညီ အမြဲမပြတ် လေ့လာဆည်းပူးနေကြရန်နှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးတရားကို မမေ့ဘဲ ကျေးဇူးဆပ်နိုင်သည့် သားကောင်း၊ သမီးကောင်း၊ တပည့်ကောင်းများ ဖြစ်ကြရန် မှာကြားခဲ့ပါသည်။

ဆုတောင်းစကားအနေဖြင့် ယနေ့အာစရိယပူဇော်ပွဲကန်တော့ခြင်းခံရသည့် ဆရာ၊ ဆရာမများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာအလင်းရောင်ဖြင့် ဆက်လက်မြေတောင်မြှောက်ပေးနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအားလုံး အနာဂတ်ဘဝတွင် အောင်မြင်မှုများ ရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သမဝါယမလူမှုစီးပွားပညာတတ်များနှင့် သမဝါယမစွန့်ဦးတီထွင်လူငယ်ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် ဆုတောင်းမေတ္တာ ပို့သခဲ့ပါသည်။ ဆက်လက်ပြီး (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ဆုချီးမြှင့်ခဲ့ပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာအေးအေးမော်မှ ဆုများကိုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Fo...
03/09/2026

အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Foreign Languages University, Hyderabad တွင် ဖွင့်လှစ်ပို့ချသည့် “Progress to Proficiency in English-Advanced Level” သင်တန်းသို့ တက်ရောက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သင်တန်းရေးရာဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနခွဲမှ ဌာနခွဲမှူး၊ ဒေါ်ကြည်ဖြူကိုသည် အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် တယ်လန်ဂါနာပြည်နယ် (တောင်ပိုင်း)၊ The English and Foreign Languages University, Hyderabad တွင် ဖွင့်လှစ်ပို့ချ ခဲ့သည့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်တိုးတက်မြှင့်တင်ရေးသင်တန်း(Progress to Proficiency in English- Advanced Level) သို့ ၄-၈-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ ရက်နေ့အထိ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ ပီရူးနိုင်ငံ၊ တန်ဇန်းနီးယား နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ (၆၂) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရာတွင် အဓိကကျသည့် ကဏ္ဍ (၄) ရပ်ဖြစ်သည့် စာဖတ်ခြင်း (Reading)၊ စာရေးသားခြင်း (Writing)၊ နားထောင်ခြင်း (Listening) နှင့် စကားပြောဆိုခြင်း (Speaking) စွမ်းရည်များအပြင် သတင်း အချက်အလက်ပြောဆိုခြင်း၊ မေးမြန်းဖြေဆိုခြင်းတို့ကို အမှန်တကယ်အသုံးချတတ်စေရန် လက်တွေ့ Role Play များပြုလုပ်၍ ဆောင်ရွက်စေခြင်း၊ အုပ်စုလိုက်အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့် လည်းကောင်း PowerPoint Presentation များ ပြုလုပ်စေခြင်းဖြင့် သဘာဝကျသော စကား ပြောဟန်များ၊ အသုံးများသော စကားလုံးအသစ်များကို ရိုးရှင်းလွယ်ကူစွာ မှတ်သားနိုင်သည့် နည်းလမ်းများ၊ ဘာသာရပ်ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများကို တွင်ကျယ်စွာ အသုံးချတတ်စေမည့် နည်းလမ်းများ၊ ဝါကျတစ်ကြောင်း တည်ဆောက်ရာတွင် ၎င်းတို့၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများကို နားလည်တတ်ကျွမ်းစေမည့် နည်းလမ်းများ၊ စကားပြောဆိုရာတွင် တိကျမှန်ကန်မှုရှိစေရန်နှင့် အသံထွက်မှန်ကန်မှုရှိစေရန်အတွက် လက်တွေ့လေ့ကျင့်ခန်းများကို မှတ်သားဖွယ်‌ လေ့လာသင်ယူခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။

ที่อยู่

Nakhon Si Thammarat

เบอร์โทรศัพท์

+959795300151

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ University of Co-operative and Management Information โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ มหาวิทยาลัย

ส่งข้อความของคุณถึง University of Co-operative and Management Information:

ทางลัด

แชร์