26/08/2026
Siam University ရဲ့ Global Academy မိသားစုဝင်သစ်တွေကို လှိုက်လှိုက်လှဲလှဲဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ယုံကြည်မှုအပြည့်နဲ့ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ အားလုံးကို မျှဝေပေးသွားမယ့် 3–4 September 2026 မှာ ကျင်းပမယ့် Orientation ပွဲလေးကို အတူတကွ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ပြီးရင်တော့ 5 September 2026 မှာတော့ ကျောင်းသားအချင်းချင်း ပိုမိုရင်းနှီးစေဖို့နဲ့ စာသင်ခန်းပြင်ပမှာပါမိတ်ဆွေအပေါင်းအသင်းသစ်တွေရရှိဖို့ ရည်ရွယ်ကျင်းပတဲ့ "Super Saturday: Global Academy Unity Games" အားကစားနဲ့ ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေမှာလည်း ဆက်လက် ပါဝင်ဆင်နွှဲနိုင်ပါသေးတယ်။
📍 Global Academy at Siam University
Global Academy ရဲ့ ကျောင်းသား၊ကျောင်းသူသစ်လေးတွေနဲ့ အမြန်ဆုံးတွေ့ရဖို့ စောင့်မျှော်နေမယ်နော်။