05/01/2026
ကရင်ပြည်နယ်မှ ဆရာတော်တချို့ ထိုင်းနိုင်ငံသို့
ခေတ္တကြွရောက်တော်မူခိုက် ထိုင်းနိုင်ငံတွင် ပညာ
သင်ယူဆည်းပူးတော်မူကြသည့် ပညာတော်သင်
ကရင်ရဟန်းတော်တို့အား ပစ်ထားတော်မမူကြပဲ
သတိတရ အလေးပေး ပညာဒါန လှူဒါန်းတော်မူ
ကြပါသည်။
ထိုသို့ ပညာဒါနရန်ပုံငွေ လှူဒါန်းတော်မူကြသည့်
(၁) ကော့ဝါလဲ အေးချမ်းသာယာတောရကျောင်း
(ကရင်ပြည်နယ်ကိုယ်စားပြု သာသနမာမက
သာသနာလင်္ကာရသာမဏေကျော်အသင်း၏
ဦးဆောင်တည်ထောင်သူ) ဆရာတော်ဘဒ္ဒန္တ
ကဝိနန္ဒ- ဆရာတော်ဘုရားကိုလည်းကောင်း၊
(၂) ထ္ၜါယှံင် သာသနာ့ကုံရွာဲ-၏ ဦးဆောင်ဆရာ
တော်၊ ဘားအံမြို၊ ဆေးဝင်္ကဘာကျောင်းတိုက်
ပဓာနနာယက ဆရာတော်ဖြစ်တော်မူသော
မာန်နာဲကျာ်ဘဒ္ဒန္တခန္တီစာရ-ဆရာတော်ဘုရား
ကိုလည်းကောင်း၊
(၃) ဘားအံမြို့၊ သပြေကုန်းတောရ သုန္ဒရာရာမ
စက်မှုဇုန်ကျောင်းဆရာတော် မာန်နာဲကျာ်
ဘဒ္ဒန္တဉာဏောဒယ (မာန်နာဲဆိုင့်အိင်ဖာန်)ကို
လင်္ညးကောင်း၊
ဘုရားတပည့်တော်တို့ ပညာတော်သင် ကရင်ရဟန်း
တော်များမှ အထူးပင် မှတ်တမ်းတင် ဝမ်းမြှောက်စွာ
ဂုဏ်ယူရပါသည်ဘုရား။ နောက်နောင်များမှာလည်း
အခါအခွင်သင့်ခဲ့လျှင် ယခုကဲသို့ ချီးမြှောက်နိုင်ပါစေ
လို့ ဘုရားတပည့်တော်တို့ ဆုတောင်းမိပါသည်ဘုရား။
🙏🙏🙏
ကိုယ်စား•••
ထိုင်းနိုင်ငံ ပညာတော်သင် ကရင်ရဟန်းတော်များ
5•1•2026