Ji NA's Views

Directions Contact the university

Ji NA's Views Sharing my Points of View✨

10/11/2026

🇺🇸ကယ်လီဖိုးနီးယားက ကမ္ဘာ့အကြီးဆုံး Corn Maze 🌽ပြောင်းဝင်္ကပါ ခင်းကြီးဆီကိုသွားမယ်ရှင် ဂရင်းနစ်စံချိန်ဝင်ထားတဲ့ နေရာကြီးတစ်ခုဖြစ်ပါတယ် စွန့်စားရတာကြိုက်တဲ့သူတွေအတွက် သူငယ်ချင်းတွေနဲ့သွားရင်ပျော်ဖို့ ကောင်းတဲ့နေရာကြီးတစ်ခုဖြစ်တာမို့ လိုက်ကြည့်ဦးနော်

အွန်လိုင်းကမှာလို့ လမ်းမှာတင် အိုင်ဖုန်းခိုးခံရတဲ့အခါ နောက်လူတွေကြုံရင် ကျွန်မဘယ်လိုဖြေရှင်းခဲ့လဲဆိုတဲ့အကြောင်းအရာမျိုး ...
10/03/2026

အွန်လိုင်းကမှာလို့ လမ်းမှာတင် အိုင်ဖုန်းခိုးခံရတဲ့အခါ နောက်လူတွေကြုံရင် ကျွန်မဘယ်လိုဖြေရှင်းခဲ့လဲဆိုတဲ့အကြောင်းအရာမျိုး နောက်ဆုံးပို့စ်အနေနဲ့ရေးတင်ခြင်းဖြစ်ပါတယ်
စစချင်း လာပို့တော့ လူကိုယ်တိုင်လက်မှတ်ထိုးပြီးထွက်ယူဖို့ optionမှာ လူမရှိမှာစိုးလို့ online ကနေပဲနင်တို့deliveryကိုယုံကြည်တာမို့ Authorization ပေးပါတယ်ဆိုပြီးပြောခဲ့ပါတယ် အိမ်ရှေ့ချသွားယုံပါပဲပေါ့ဆိုပြီး ကျွန်မနေထိုင်တဲ့ အိမ်ပတ်ဝန်းကျင်က အတော်ကိုသန့်ပါတယ် အိပ်ရာဝန်းလေးပါ ဘေးမှာပုံစံတူတိုက်တွေနဲ့ ၁၀ တိုက်တစ်တွဲပုံစံတွေပါ ကျွန်မဘေးအိမ်ကပဲအဖြူအိမ် ကျန်တဲ့တိုက်တွဲတွေအကုန်လုံးက အခြား လူမျိူးတွေပါ ဖိလစ်ပိုင် အမဲ အီရန် နဲ့အခြားသောAsiaတွေ ပိုင်ရှင်က ကိုရီးယား ဘေးပတ်ဝန်းကျင်ကအမြဲစိတ်ချရပြီး လုံခြုံတယ် လာပို့သမျှအထုပ်တွေဘယ်တော့မှမပျောက်သလို NYကိုရက်ရှည်ခရီးသွားတုန်းကလဲမှာထားသမျှအထုပ်တွေပြန်ရောက်တော့အိမ်ရှေ့မှာဘယ်သူမှမယူဘူး အပုံလိုက်လေးပဲ ဒီတော့ပတ်ဝန်းကျင်ကိုယုံတာမို့ အိမ်ရှေ့ပဲချခိုင်းလိုက်ပါတယ် Deliveryကနံမည်ကြီးDelivery မို့ပိိုတောင်စိတ်ချတာပေါ့ ဖြစ်ချင်တော့ သူက ပို့တဲ့အချိန်နောက်ကျပါတယ်ဒီတော့ ကျွန်မကိုယ်တိုင်အိမ်ထဲရှိပါတယ် သူကားဆိုက်တော့ ကျွန်မ အခန်းကို ကန့်လန့်ကားရပ်ပါတယ်် ကားကွယ်ပြီးပေါ့ အခန်းထဲကနေသူကားကိုလှမ်းမြင်ရတယ် အိုကေပေါ့ဆိုပြီးစောင့်နေတာ ကားပေါ်ကဆင်းပြီး ကားဘေးဝင်သွားတာ အကြာကြီးပဲ တော်တော်နဲ့ပြန်မထွက်လာဘူး အခန်းက အပြင်လူတွေမမြင်ရတဲ့မှန်အမဲကပ်ထားပြီးလှမ်းကြည့်နေတာ ၅မိနစ်၁၀မိနစ်ကြာတယ် ပြီးမှထွက်လာပြီး အိမ်ရှေ့ချမယ်လုပ်တော့ ကျွန်မတံခါးဆွဲဖွင့်တဲ့အချိန်သူအံ့ဩတဲ့ပုံနဲ့ ပစ္စည်းလှမ်းပေးပြီး ခနရပ်နေတော့ ဘာလဲ ငါလက်မှတ်ထပ်ထိုးစရာလိုသေးလား လှမ်းမေးလိုက်တယ် သူကNoတဲ့ ကိုယ့်ကိုယ့်ကိုနောင်တရမိတာက သူ့ကိုယုံလို့ boxကိုမစစ်ခဲ့မိဘူး unboxing လုပ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့ box ခနချပြီးရေချိုး ပြန်ထွက်လာတော့ စားပွဲကိုသပ်သပ်ရပ်ရပ်ပြင်ပြီး videoရိုက်နေရင်း ဖွင့်လိုက်တော့ဖုန်းမပါလာဘူး ဗူးခွံကိုလဲစုတ်ဖြဲထားတာကြီး ရုပ်ပေါက်ချက် ဒါနဲ့ချက်ချင်းသူတို့ Call Centerကိုဖုန်းဆက်ပါတယ် မှာတာက Agent ဖုန်းလိုင်း carrier နဲ့မှာတာပါ ပထမ အိုင်ဖုန်းofficial Webမှာ မှာမလို့ပါပဲ သူတို့ဆီကလိုင်းတိုးရင်းနဲ့မှ ကိုယ့်အမလဲ၂လုံးမကိုင်ချင်တာမို့သူတို့ဆီမှာ trade in လုပ်လိုက်မယ်ဆိုပြီး မှာလိုက်တာပါ အဲ့ Agentကိုဖုန်းဆက်ပြီးအကျိူးကြောင်းပြောတော့ စိတ်မပူနဲ့ဘာညာ အတွေ့ကြုံ၅နှစ်ရှိတယ် ဘာညာနဲ့ပြန်ရမှာပါပေါ့ ticket no ထုတ်ပေးတယ် ဒါကဒီလိုဖြစ်တဲ့caseတွေအတွက်ထုတ်ပေးတဲ့ No. အဲ့မှာ linkပါတယ် အဲ့linkကိုနှိပ်ပြီး ကိုယ့်မှာရှိတဲ့ သက်သေတွေအကုန်ပြပါပေါ့ဆိုပြီး link က ပုံsize ဆို၄ပုံပဲတင်လို့ရတယ် file ဆိုPDF fileပဲလက်ခံတယ် သူကလဲစိတ်အေးအေးထားဆိုလို့ ပုံ၄ပုံပဲရသလောက်တင်မိတယ် PDF fileမတင်ဖြစ်ဘူး ကိုယ့်မှာရှိတဲ့သက်သေကပုံတွေအများကြီးပဲ သူကမေးတယ် ရဲ report ကောတင်ဦးမလားတဲ့ အခုမှစဖြစ်တာ ဘယ်လိုလို့ရဲreportရှိမှာလဲ ဆိုတော့ ရတယ်ကိစ္စမရှိပါဘူး မပါလဲရတယ်မေးရုံပါတဲ့ အိုကေပေါ့ဆိုပြီး fileတင်လိုက်တယ် 14 Days စောင့်ရပါမယ်တဲ့ရှင် ကိုယ်က သူ့ဖုန်းချပြီးတာနဲ့ ရဲစခန်းသွားပြီးအမှုဖွင့်လိုက်ပါတယ် သူကမလိုဘူးပြောပေမဲ့ကိုယ့်ဘာသာ ကာကွယ်ထားတာပါ ရဲက လက်ရေးမူမျိုးမပေးသေးပဲ အမှုနံပါတ်ပဲစာရွက်မှာချရေးပေးတယ် လက်ရေးမူက လိုချင်ရင်ရပါတယ် ရက်စောင့်ရတယ် ဒါနဲ့ပဲ သူတို့ပြောတဲ့ 14ရက်စောင့်ပါတယ် အလကားတော့ထိုင်မစောင့်ပါဘူး ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီးစောင့်ပါတယ် စောင့်ရင်းငါဖုန်းသုံးစရာမရှိဘူး အမြန်ကေ့ကိုဖြေရှင်းပေးပါပြောလိုက်တယ် ဆက်လွန်းလို့သူတို့ကစာပို့တယ် နင်ဆက်စရာမလိုပါဘူး ငါတို့အဖြေသိတာနဲ့ပြန်လျော်မလျော်ပေါ့လေ နင့်ကိုမတ်ဆေ့ပို့မှာပါတဲ့ နောက်ဆုံးအကြိမ်ဆက်တော့ Oct 6ရက်နေ့ refund ပြန်ဝင်ပါမယ်တဲ့ စိတ်ကအေးသွားတာပေါ့ ဒါပေမဲ့မယုံရဲသေး နောက်ရက်လဲကျကော နင့်Case ပိတ်လိုက်ပြီအချက်အလက်မစုံလို့တဲ့ လူက ဒေါသထောင်းခနဲပဲ စကားကိုအမျိုးမျိုးပြောတာ ဒါနဲ့ပဲချက်ချင်းဖုန်းဆက် ရန်တွေ့ ဘာလို့လဲမေးတော့ ရဲလက်ရေးမူမပါလို့ပါတဲ့ ဆိုပြီး ဒါဆိုချက်ချင်းသွားယူမယ်အခုချက်ချင်းပိတ်တာပြန်ဖွင့်ပေး မပေးရင် နင်တို့အထက် FCCကိုတိုင်ဖို့ပြင်ဆင်ပြီးပြီပြောလိုက်တယ် FCCဆိုတာ California က consumer စားသုံးသူဘက်က ရှိနေတဲ့အသင်း အဲ့အဖွဲ့ကိုအကြောင်းကြားတာနဲ့သူတို့ ကအမြန်ဖြေရှင်းရတယ်ပြောရရင် သူတို့စီးပွါးရေးသမားတွေလန့်တယ်ပေါ့ မဖြေရှင်းဘူးငြင်းတာနဲ့ကိုယ်က တိုင်လို့ရတယ် ကိုယ့်ဘက်ကသာမှန်နေရင်ပေါ့ ဘယ်သူမှကြောက်စရာမလိုဘူး ဒါနဲ့ပြန်ဖွင့်ပေးတဲ့သူတို့ကcaseကို ကျွန်မဖွင့်ပေးလို့ တောင်းဆိုလို့မှ မဖွင့်ပေးရင်သူတို့ကွိုင်တက်မှာမို့လို့ အသစ်ပြန်ရလာတယ် 14ရက်ထပ်စောင့်ပါတဲ့ ဘာ ဆိုပြီး ၁၀ရက်စောင့်ပြီးပြီ ဘာမှမထူးပဲ ဆက်မစောင့်နိုင်ဘူးအမြန်လုပ်ပေးဆိုပြီး ညဘက်ချက်ချင်းရဲစခန်းထပ်သွားတယ် သွားပြီးလက်ရေးမူယူတော့ စခန်းမှုးက Mondayမှပြန်ရောက်မယ်တဲ့ Agentက အချိန်၇၂နာရီအတွင်းလက်ရေးမူ(print)ပေါ့လေ ပို့ပါဆိုတော့ အချိန်ကကျော်သွားပြီဒါနဲ့စခန်းမှုးကို email လေးပို့ပြီး မြန်ခိုင်းတော့ တာပေါ့ ညထဲကစိတ်ချအောင် သူတို့Agentက အချက်အလက်တင်ခိုင်းတဲ့ linkထဲဝင်
pdf fileဆောက်တယ် ရှိသမျှသက်သေအကုန်ထဲ့ စခန်းမှုးလိပ်စာကဒ်ပါထဲ့ ရဲစခန်းရောက်ကြောင်းနံပါတ်တွေအကုန်ထည့်ပြီးပို့ထားတယ် ရဲလက်ရေးမူက မရသေးတော့ နောက်နေ့ရတာနဲ့ပို့မယ်ပေါ့ဆိုပြီးပြောထားတာပေါ့ ညထဲက credit cardနဲ့ဝယ်ထားတာမို့လို့ credit card companyကိုဖုန်းဆက်ထားတယ် ဒီလိုဒီလိုပဲဖြစ်တယ် ပိုက်ဆံကို မဖြတ်ပါနဲ့ဦး သူတို့ဆီ ဖြတ်ထားတဲ့ငွေပြန်ထည့်ပေးပါ ငါdisputeလုပ်တယ် ရပ်ဆိုင်းထားပေးပါ ငါ့မှာသက်သေအချက်အလက်တွေရှိတယ် ငါအကုန်တင်ပြမယ်နင်တို့ဘက်ကနေ ငါကနင်တို့customer ဖြစ်တဲ့အတွက်ငါ့ငွေမဖြတ်ပေးပါနဲ့ဦးဆိုပြီး disputeလုပ်ထားလိုက်တယ် သူတို့ကလဲ okတဲ့ အကယ်၍ဟိုကောင်တွေက ငွေပြန်မအမ်းခဲ့ရင် ကိုယ့်ဘက်က bankက ငွေပြန်ထည့်ပေးမှာကိုယ်သာမှန်ခဲ့ရင်ပေါ့ ဒါက back up plan အနေနဲ့စီစဉ်ထားခဲ့တာ
မနက်ကျတော့၅နာရီထတယ် အလုပ်က၆ခွဲထပြင်ရမှာမို့ အဲ့ဒါနဲ့ သူတို့ကဖုန်းကိုင်မကိုင်မသေချာတော့ သူတို့ agentရဲ့ live chat ကနေ စာပို့တယ် ရဲခန်းလက်မှတ်ရတာနဲ့ပို့မယ် နင်တို့ကအရေးမပါတာ အချက်အကုန်စုံရဲ့နဲ့ ဘာညာဆိုပြီး သူခိုးကလွယ်လွယ်ခိုးလို့ရနေတယ်နင်တို့ဘာမှအရေးမယူပါလား မဟုတ်ရင်FCC ကို fileလုပ်မယ်ဆိုပြီးပေါ့ ချော့တလှည့်ချောက်တလှည့်စကားကိုပြောရတယ် သူနဲ့စကားပြောပြီး ၅မိနစ်အတွင်း refund ပြန်ပေးပါမယ်ဆိုပြီးစာဝင်လာတယ် ပျော်လိုက်တာဆိုတာ ၅ရက်အတွင်းပိုက်ဆံဝင်ပါမယ်တဲ့ ဟူး လွယ်ခဲ့လား ဆိုတော့ No သူများနိုင်ငံမှာကိုး သူများruleတွေနဲ့လေ
အဲ့အတောအတွင်း စိတ်ဖိစီးမှုတွေ အလုပ်တစ်ဖက် စာတစ်ဖက်နဲ့ရအောင်လိုက်ခဲ့ရတာ စာသင်နေစဉ်အတန်းထဲမှာဖုန်းသုံးလို့မရပေမဲ့ ဖုန်းကိုတစ်ကြည့်ကြည့်နဲ့ ဘုံမ္မာဝတီအရှုပ်တော်ပုံထက်ဆိုးတယ် ပျောက်တဲ့ဖုန်းကအမဖုန်း သူကပြန်ရမှာပါစိတ်မပူပါနဲ့တဲ့ ကိုယ့်ကိုနှစ်သိမ့်တယ် အံမယ် ကိုယ်ကအပူလောင်ဆုံး🥴ကိုယ့်ဖုန်းကရောက်နေပြီ သူ့ဖုန်းကိုလိုက်ပေးနေတာပါ ထွက်ယူတဲ့အချိန်ကိုယ်ရှိရဲ့နဲ့ အထုပ်မစစ်မိလိုက်တာကို guiltyဖြစ်သွားတာ တော်သေးတာက လူကိုယ်တိုင်လက်မှတ်မထိုးတာပဲ ထိုးလဲဗူးကိုသိမှာမဟုတ်ဘူးလေ လူရှိရဲ့နဲ့ထိုးတာလားဆိုပြီးကိုယ့်ဘက်အမှုပိုကြီးနေမယ်
ပြဿနာစဖြစ်တာနဲ့ နောက်ရက်အိမ်နီးချင်းတွေအကုန်ပတ်မေးတယ် နင်တို့မှာCCTVရှိလားလို့ မရှိကြပေမဲ့ ဒင်းလာတာကို မြင်လိုက်တယ်ကားအကြာကြီးရပ်နေတာတဲ့ ဘေးအိမ်ကCCTV တစ်ခုရှိတာပေးတယ် ဒင်းက အဲ့CCTV က ကွယ်ပြီးကားရပ်တာဆိုတော့ သူထွက်လာတာပဲမြင်လိုက်တယ် အဲ့မှာသူထွက်လာတော့ ဗူးကိုတယုတယကိုင်တယ် ရင်ခွင်လေးထဲကလေးလိုပိုက်လို့ ပြီးတစ်ချက်ငုံ့ကြည့်တယ် ပြီးမှကျွန်မကိုမြင်တော့လှမ်းပေးတယ် ဒါပဲဖမ်းမိတယ် CCTVထဲ huuuu…..
နောက်နောင်ဘယ်တော့မှ စျေးကြီးတာကို onlineကမမှာတော့ပါဘူး ရတဲ့သင်ခန်းစာက အကြီးကြီး အကောင်းမြင်စိတ်နဲ့ ကြည့်ရင် ကိုယ့်ရဲ့ problem solving skill, Analytical Skill နဲ့ language skillတွေတော့အတော်တိုးတက်သွားတယ် ဒီပြဿနာအပြီးမှာပေါ့ learn from Mistakes ကနေသင်ယူခဲ့ရတယ် နောက်နောင်သေချာစစ်ဖို့ သူများတွေကို sharing ပေးလိုက်တယ် ဘယ်လိုအမှားမျိုးဖြစ်နိုင်တယ် ဘယ်လိုမလုပ်နဲ့ဆိုတာမျိုး ကဲ ….. finally I am still waiting to get refund from their team Thanks for reading my post and hope you guys have some information from my issue and also , thanks everyone who supported me by asking about the situation while I was going through this
…… ဒီလိုပြဿနာတွေမတင်ချင်ခဲ့ပါဘူး SORRY MY FRIEDNS to bother all of you guys….

09/13/2026

အမေရိကန်မှာ အေးအေးချမ်းချမ်း Preschool ဆရာမလေးလုပ်ချင်တယ်ဆိုရင်???? ဒီဗီဒီယိုလေးနဲ့မေးတဲ့သူတွေများလို့ရှင်းပြပေးလိုက်ပါတယ်ရှင်။

ဗဟုသုတ အဖြစ်နဲ့တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ရှင်

09/05/2026

💁🏻‍♀️👩‍🏫အမေရိကန်မှာ Preschool Teacher ဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ Videoလေးထဲမှာပြောပြပေးထားပါတယ်ရှင် ။ ဘယ်နိုင်ငံမှာမဆို အေးဆေးလေး ကလေးတွေကိုချစ်ပြီး ကလေးတွေနဲ့ထိတွေ့ရတဲ့Preschool Teacherအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင် ကိုယ်လုပ်ချင်တဲ့နိုင်ငံက Requirements တွေကိုသိထားဖို့လိုအပ်ပါတယ်ရှင်။

08/30/2026

🇺🇸💕အမေရိကန်မှာ Preschool Teacher တစ်ယောက်နဲ့ College ကျောင်းသူတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကတော့ ပင်ပန်းပါတယ် ဒါပေမဲ့ပျော်ပါတယ် အချိန်မရတဲ့ကြားထဲကပဲ ဒီVlogလေးကို အမှတ်တရရိုက်ထားတာဖြစ်ပါတယ်ရှင် 💁🏻‍♀️💕

08/30/2026

💁🏻‍♀️✨Vallejo ဆိုတဲ့ မြို့ကိုသိကြလား CA မှာရှိနေတဲ့ မြို့ကြီးတစ်မြို့ပါရှင် ဒီမြို့မှာလဲ ဒီလိုစားသောက်ဆိုင်ကောင်းလေးတွေရှိတယ်ဆိုတာ ခေါ်သွားပြချင်လို့ လိုက်ခဲ့နော် 💁🏻‍♀️

08/24/2026

ဆန်ဖရန်ရဲ့ အထင်ကရ Golden Gateတံတားကြီး မြူတွေဖုံးနေချိန်နဲ့ကြုံတာ တစ်ခါတလေအဲ့လိုဖုံးတတ်တယ် အဲ့ကျရင်တံတားထိပ်ကိုတောင်မမြင်ရတော့ဘူး😬💕📸

08/16/2026

💁🏻‍♀️🪾California ရဲ့ နံမည်ကြီး View Pointတစ်ခုဖြစ်တဲ့ Lone Cypress အပင်လေးဆီကိုသွားလည်မယ်နော် ဒီနံမည်ကြီးနေရာလေးကို လိုက်ပြပေးပါမယ်ရှင်📸

08/14/2026

💁🏻‍♀️🪼🪸Monterey ဆိုတဲ့မြို့မှာရှိတဲ့ ဒီAquarium ကြီးက ကယ်လီဖိုးနီးယားပြည်နယ်မှာဆိုရင်တော်တော်လေးနံမည်ကြီးပါတယ် 1948ခုနှစ်မှာဖွင့်လှစ်ထားပြီး အပင်အမျိုးအစားပေါင်း ၃၅၀၀၀ကျော်နဲ့ Species ၅၅၀ကျော်လောက်ကိုတွေ့မြင်ရတဲ့အကြီးဆုံး Aquarium ကြီးတစ်ခု 💁🏻‍♀️ကဲ ဘာတွေပြသထားလဲဘာလို့နံမည်ကြီးလဲဆိုတာခေါ်သွားမယ်နော် လိုက်ကြည့်ပါဦး ✨🐠🐬🪸🪼🦈🦦

08/08/2026

💁🏻‍♀️🇺🇸ဒုတိယကမ္ဘာစစ်မတိုင်ခင်ကထဲက ရှိနေခဲ့တဲ့ ဆန်ဖရန်က နံမည်ကြီး ခံတပ်ကြီးကိုလိုက်ပြပေးမယ်ရှင့် လိုက်ခဲ့နော် 🏯

#ခံတပ်

Address

Benicia, CA

Website

Alerts

Be the first to know and let us send you an email when Ji NA's Views posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Ji NA's Views:

Shortcuts

Share