09/03/2026
🎓🌏 ဂုဏ်ယူစရာ သတင်းကောင်း
New Generation Myanmar (NGM) International Online School ဟာ Johns Hopkins University School of Education ရဲ့ Official Extended Learning Partner ဖြစ်လာပါပြီ။ 💙
ဒီ partnership ကနေ Johns Hopkins ရဲ့ International Teaching & Global Leadership (ITGL) Program မှ MSEd Students များဟာ NGM ရဲ့ Education Leaders များထံမှ Mentorship ရယူပြီး Real-World Setting မှာ Graduate-Level Learning ကို လက်တွေ့အသုံးချနိုင်ကြမှာ ဖြစ်ပါတယ်။ Teaching & Learning, Educational Leadership, Research, Educational Technology & AI နဲ့ School Operations စတဲ့ နယ်ပယ်တွေမှာ projects များ လုပ်ဆောင်ရင်း International Education Experience များ ရရှိနိုင်ကြမှာပါ။
တစ်ဖက်မှာလည်း JHU Graduate Students များရဲ့ Knowledge, Research Capacity နဲ့ Global Perspectives တွေကို NGM ရဲ့Curriculum, Innovation နဲ့ Organizational Growth တွေမှာ ချိတ်ဆက်အသုံးချနိုင်မှာဖြစ်လို့ NGM ကျောင်းသားလူငယ်များအတွက် ပိုကောင်းတဲ့ Learning Experiences နဲ့ Opportunities များ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအခွင့်အလမ်းက ဘယ်လိုရလာတာလဲ?
NGM Founder & President ဆရာဝေယံအောင် ဟာ Johns Hopkins မှာ ပညာသင်ယူနေစဉ်တစ်လျှောက် NGM ရဲ့ လုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေနဲ့ NGM ရဲ့Impact တွေကို Faculty Members, Classmates နဲ့ University Community အတွင်း အခွင့်အခါသင့်တိုင်း မျှဝေခဲ့ပါတယ်။
Graduate Coursework နဲ့ Projects တွေမှာလည်း NGM ကို Real-World Education Organization နဲ့ Educational Innovation Model တစ်ခုအဖြစ် ချိတ်ဆက်အသုံးပြုပြီး NGM ရဲ့ Challenges, Solutions နဲ့ Impact တွေကို Academic Setting ထဲမှာ ဆက်တိုက်ပြသနိုင်ခဲ့ပါတယ်။
ဒီလို ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့်
တစ်ချိန်က မြန်မာလူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ စတင်ခဲ့တဲ့ NGM ဟာ ဒီကနေ့မှာတော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုက Graduate Students တွေပါ လာရောက်သင်ယူ၊ Research လုပ်၊ Mentorship ရယူနိုင်တဲ့ Learning Organization တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 🌏
ဒါဟာ ဆရာဝေယံအောင်တစ်ဦးတည်းရဲ့ Achievement မဟုတ်ဘဲ NGM ကျောင်းသား၊ မိဘ၊ ဆရာ/ဆရာမ၊ ဝန်ထမ်းများနဲ့ NGM Community အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိလာတဲ့ အောင်မြင်မှုအသီးအပွင့်ပါ။
NGM ကို မြန်မာလူငယ်တွေအတွက် ကမ္ဘာ့အဆင့်မီ ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ Global Learning Organization တစ်ခုအဖြစ် ဆက်လက်တည်ဆောက်သွားပါမယ်ခင်ဗျာ။ 🌏🎓