New Generation Myanmar - NGM Education

Directions Website

New Generation Myanmar - NGM Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Generation Myanmar - NGM Education, College & University, 1000 Hilltop Cir, College Park, MD.

🌟 Leadership Development Program အတွက် Scholarship လျှောက်လွှာများ စတင်လက်ခံနေပါပြီ!New Generation Myanmar (NGM) မှ ခေါင...
10/18/2026

🌟 Leadership Development Program အတွက် Scholarship လျှောက်လွှာများ စတင်လက်ခံနေပါပြီ!

New Generation Myanmar (NGM) မှ ခေါင်းဆောင်မှုအလားအလာ၊ စိတ်အားထက်သန်မှု၊ တာဝန်ယူမှုနှင့် Community အတွက် အကျိုးပြုနိုင်စွမ်းရှိသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို NGM President’s Full Scholarship (100%) ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

🎓 NGM Leadership Development Program ကို New Generation Myanmar ၏ Founder & President ဆရာဝေယံအောင် ကိုယ်တိုင် ဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပြီး လူငယ်များ၏ Leadership, Communication နှင့် Representation Skills များကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပါတယ်။

📚 Program Information
📅 Duration – 3 months
🎓 Leadership Development Certificate (upon successful completion)

🎯 ဘာတွေ သင်ယူခွင့်ရရှိမလဲ။

✅ Emotional Intelligence & Effective Communication

✅ Team Building & Conflict Resolution

✅ Critical Thinking & Decision Making

✅ Project Management & Design Thinking

✅ Ethical Leadership & Digital Citizenship

✅ Mentoring, Coaching & Community Engagement

🏆 Community Impact Capstone Project

👥 Who Can Apply?

• အသက် ၁၃ နှစ်နှင့်အထက်ရှိသူ

• NGM Leadership Fundamentals (Level 1) ပြီးမြောက်ထားသူ

• Leadership Fundamentals Program တွင် Grade B နှင့်အထက် ရရှိထားသူ

📝 Application Requirements

1. Online Application Form ဖြည့်စွက်ခြင်း
2. Video Essay
3. Written Essay
4. Recommendation Letters (၂) စောင်

🏅 Scholarship Selection Process

ပဏာမရွေးချယ်ခံရသူများကို Interview ပြုလုပ်ပြီး နောက်ဆုံးရွေးချယ်ခံရသူများအား NGM President’s Full Scholarship (100%) ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

📅 APPLICATION DEADLINE

🔴 1 November 2026 | 11:59 PM (Myanmar Time)

📩 APPLY NOW!

🔗 Application Form: https://forms.gle/x8aj7MJLnyQkzsqx9

🏆 100% FULL SCHOLARSHIP OPPORTUNITY!
🎓 From Leading Self to Leading Change

ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို Coding နဲ့ အကောင်အထည်ဖော်ကြမယ်!New Generation Myanmar မှ Creative Coders (Scratch Progr...
10/18/2026

ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို Coding နဲ့ အကောင်အထည်ဖော်ကြမယ်!

New Generation Myanmar မှ Creative Coders (Scratch Programming – Level 1) ကို Updated Version ဖြင့် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒီသင်တန်းမှာ ကလေးတွေဟာ Scratch Programming ကို အသုံးပြုပြီး ကိုယ်ပိုင်စိတ်ကူးတွေနဲ့ Animation များ၊ Interactive Stories များနှင့် ရိုးရှင်းတဲ့ Games များ ဖန်တီးနိုင်ဖို့ အခြေခံ Coding Skills တွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

Coding ကို အစမှစတင်လေ့လာလိုတဲ့ ကလေးတွေအတွက် သင့်တော်တဲ့ ဒီအစီအစဉ်ကနေ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ယုတ္တိကျကျတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ Digital Skills တွေကို တစ်ဆင့်ချင်း တိုးတက်လာစေဖို့ ရည်ရွယ်ထားပါတယ်။

📌 သင်တန်းအသေးစိတ်

Class Name: Creative Coders
(Scratch Programming – Level 1)

Class Schedule: Saturday & Sunday

Class Time: 2:00 PM – 3:30 PM

Class Duration: 2 Months

Program Fee: 100,000 MMK

Monthly Fee: 50,000 MMK

Estimated Start Date: November 7, 2026

နည်းပညာကို အသုံးပြုရုံသာမက ကိုယ်တိုင်ဖန်တီးတတ်တဲ့ လူငယ်လေးတွေ ဖြစ်လာစေဖို့ NGM နဲ့အတူ စတင်လေ့လာလိုက်ကြရအောင်။

📩 သင်တန်းအပ်နှံခြင်းနှင့် အသေးစိတ်စုံစမ်းမေးမြန်းခြင်းများအတွက် New Generation Myanmar ၏ Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


“Google မှာရှာတတ်တယ်” ဆိုတာ Research Skill ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။Research လုပ်တဲ့အခါ🔍 ဘာကိုရှာမလဲ?🔍 ဘယ် Source ...
10/17/2026

“Google မှာရှာတတ်တယ်” ဆိုတာ Research Skill ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။

Research လုပ်တဲ့အခါ

🔍 ဘာကိုရှာမလဲ?

🔍 ဘယ် Source ကို ယုံကြည်သင့်လဲ?

🔍 Information က ဘယ်အချိန်က ထုတ်ပြန်ထားတာလဲ?

🔍 Evidence ရှိလား?

🔍 Source နှစ်ခုရဲ့ အချက်အလက်တွေ တူညီလား?

🔍 ကိုယ်တွေ့တဲ့ Information ကို ဘယ်လိုအသုံးပြုမလဲ?

ဆိုတာတွေကို စဉ်းစားဖို့လိုပါတယ်။

Research Skill က Assignment ရေးတဲ့အခါသာမက University, Scholarship, Career နဲ့ Professional Life အတွက်ပါ အရေးကြီးပါတယ်။

NGM ရဲ့ GED Program တွေမှာ Subject Knowledge ကို သင်ယူရုံသာမက မေးခွန်းတစ်ခုကို အချက်အလက်နဲ့ ဖြေရှင်းနိုင်ဖို့၊ Reading Information တွေကို နားလည်ပြီး အဖြေထုတ်နိုင်ဖို့ လေ့ကျင့်ပေးနေပါတယ်။

ထို့အပြင် NGM ရဲ့ Debate Training တွေမှာလည်း Topic တစ်ခုအတွက် Information ရှာဖွေခြင်း၊ Evidence အသုံးပြုခြင်းနဲ့ Argument တည်ဆောက်ခြင်း တွေကို လက်တွေ့လေ့ကျင့်နိုင်ပါတယ်။


NGM Mobile Legends Tournament 2026Semifinal 2 သို့ တက်ရောက်ခွင့်ရရှိသော အသင်းများစာရင်း ကြေညာခြင်းNew Generation Myanmar...
10/16/2026

NGM Mobile Legends Tournament 2026
Semifinal 2 သို့ တက်ရောက်ခွင့်ရရှိသော အသင်းများစာရင်း ကြေညာခြင်း

New Generation Myanmar မှ ကြီးမှူးကျင်းပသော NGM Mobile Legends Tournament 2026 တွင် ပြိုင်ပွဲအဆင့်ဆင့်ကို အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြပြီး Semifinal 2 သို့ တက်ရောက်ခွင့်ရရှိခဲ့သော အသင်းများ၏ စာရင်းကို ကြေညာအပ်ပါတယ်။

Semifinal အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော အသင်းများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါတယ်။ ယခုအဆင့်အထိ ရောက်ရှိလာနိုင်ရန် ကြိုးစားအားထုတ်ခဲ့ကြသော အသင်းဝင်များအားလုံး၏ ဇွဲ၊ လုံ့လနှင့် အသင်းအဖွဲ့စိတ်ဓာတ်တို့ကိုလည်း အသိအမှတ်ပြုအပ်ပါတယ်။

ယခုလာမည့် Semifinal 2 ပွဲစဉ်များတွင်လည်း အသင်းများအနေဖြင့် မိမိတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်များကို ပြသနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းများနှင့် အားပေးသူများအနေဖြင့် နောက်ဆုံးရသတင်းများ၊ ပွဲစဉ်အချိန်ဇယားများနှင့် ရလဒ်များကို New Generation Myanmar ၏ Official Page တွင် ဆက်လက်စောင့်ကြည့်ပေးကြပါရန် အသိပေးအပ်ပါတယ်။

ဘယ်အသင်းက Grand Final သို့ တက်လှမ်းနိုင်မလဲဆိုတာ အားလုံးအတူတူ စောင့်ကြည့်အားပေးလိုက်ကြရအောင်နော်!


Grammar Friends (Batch 2) မကြာခင် စတင်ဖွင့်လှစ်ပါမယ်! အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအတွက် English Grammar အခြေခ...
10/15/2026

Grammar Friends (Batch 2) မကြာခင် စတင်ဖွင့်လှစ်ပါမယ်!

အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအတွက် English Grammar အခြေခံကို ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ လေ့လာနိုင်မယ့် Grammar Friends Class လေး စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

အသက် ၅ နှစ် – ၁၂ နှစ်အတွင်း ကလေးများအတွက် Level 1 | Level 2 | Level 3

အသက်အရွယ်နဲ့ English Level အလိုက် သင့်တော်တဲ့အတန်းမှာ တက်ရောက်နိုင်ပါတယ်။

Grammar ဆိုတာ စာမေးပွဲအတွက်ပဲ မဟုတ်ပါဘူး။ English ကို မှန်မှန်ကန်ကန် ပြောနိုင်၊ ရေးနိုင်ပြီး ယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို့ အရေးကြီးတဲ့ အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။

🌟 Grammar Friends မှာ

✔️ Grammar အခြေခံများကို နားလည်လွယ်အောင် လေ့လာခြင်း

✔️ ကလေးများအတွက် သင့်တော်တဲ့ သင်ကြားမှုပုံစံ

✔️ Practice Activities များဖြင့် လေ့ကျင့်ခြင်း

✔️ English Learning ကို ပျော်ရွှင်စွာ စတင်နိုင်ခြင်း

📌 သင့်ကလေးအတွက် English Grammar အခြေခံကောင်းကောင်း တည်ဆောက်ပေးချင်တယ်ဆိုရင် Grammar Friends (Batch 2)ကို အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Learn Grammar. Build Confidence. Have Fun!



ကလေးတွေအတွက် English Speaking Skill က ဘာကြောင့် အရေးကြီးသလဲ?English ကို စာအုပ်ထဲက Grammar နဲ့ Vocabulary တွေ သိရုံနဲ့ ပြ...
10/14/2026

ကလေးတွေအတွက် English Speaking Skill က ဘာကြောင့် အရေးကြီးသလဲ?

English ကို စာအုပ်ထဲက Grammar နဲ့ Vocabulary တွေ သိရုံနဲ့ ပြည့်စုံသွားပြီလို့ မဆိုနိုင်ပါဘူး။

တကယ်အသုံးချတဲ့အခါမှာ

“ကိုယ့်အကြောင်းကိုယ် ပြောနိုင်လား?”
“မေးခွန်းတွေကို English လို ပြန်ဖြေနိုင်လား?”
“ကိုယ့်အတွေးအမြင်ကို English လို ပြောပြနိုင်လား?”

ဆိုတာတွေကလည်း အရေးကြီးပါတယ်။

ကလေးတွေ English Speaking ကို လေ့လာတဲ့အခါ စာကျက်မှတ်ခြင်းထက် နေ့စဉ်အသုံးပြုနိုင်တဲ့ စကားပြောအလေ့အကျင့်တွေကို တဖြည်းဖြည်း တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

ဥပမာ;

- Greeting & Introducing Yourself
- Everyday Conversations
- Asking & Answering Questions
- Expressing Ideas
- Speaking with Confidence

စတဲ့ Skills တွေကို လေ့ကျင့်ပေးခြင်းက English ကို လက်တွေ့အသုံးချနိုင်ဖို့ အထောက်အကူပြုပါတယ်။

ဒါကြောင့် ကလေးတွေရဲ့ English Speaking နဲ့ Oral Communication Skills ကို တိုးတက်စေဖို့ NGM Online School မှာ

🗣️ Speak Up Kids Batch 1 ကို မကြာခင်မှာ ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။

English ကို သိရုံမက အသုံးချပြီး ယုံကြည်မှုရှိရှိ ပြောနိုင်လာစေဖို့ NGM နဲ့အတူ စတင်လေ့လာလိုက်ပါ။

Class အသေးစိတ်နှင့် Enrollment အတွက် NGM သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


အောင်မြင်မှုဆိုတာ ထိပ်ဆုံး ရောက်မှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့တိုးတက်မှုနဲ့ လျှောက်လှမ်းခဲ့တဲ့ ကြိုးစားမှုရဲ့ ရလဒ်တိုင်းကို တန...
10/14/2026

အောင်မြင်မှုဆိုတာ ထိပ်ဆုံး ရောက်မှ မဟုတ်ပါဘူး။
ကိုယ့်ရဲ့တိုးတက်မှုနဲ့ လျှောက်လှမ်းခဲ့တဲ့ ကြိုးစားမှုရဲ့ ရလဒ်တိုင်းကို တန်ဖိုးထားပြီး ပျော်ရွှင်ဂုဏ်ယူတတ်ဖို့ အရေးကြီးပါတယ်။ ✨💛

📢 NGM IS HIRING: PRIMARY SCIENCE TEACHERNew Generation Myanmar တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို Science ဘာ...
10/14/2026

📢 NGM IS HIRING: PRIMARY SCIENCE TEACHER

New Generation Myanmar တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို Science ဘာသာရပ် သင်ကြားပေးရန် စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိသော Primary Science Teacher များကို ခေါ်ယူနေပါတယ်။

သိပ္ပံပညာကို ကလေးများ စိတ်ဝင်စားပျော်ရွှင်စွာ သင်ယူနိုင်ရန် ကူညီပေးလိုပြီး ပညာရေးကဏ္ဍတွင် မိမိ၏ သင်ကြားရေးစွမ်းရည်များကို အသုံးချလိုသူများအနေဖြင့် လျှောက်ထားနိုင်ပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ Registration Form မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။

Application Form: https://forms.gle/S4Sf3jcWdbxVFuhU7

Job Description: https://drive.google.com/file/d/1NQmIvn4kIj7-JRCnwsF12jdG2QgsAJL9/view?usp=drivesdk

NGM နှင့်အတူ ကလေးများ၏ သိပ္ပံပညာဆိုင်ရာ အသိပညာနှင့် စူးစမ်းလေ့လာလိုစိတ်များကို တိုးတက်အောင် ပံ့ပိုးပေးလိုသူများကို နွေးထွေးစွာ ကြိုဆိုပါသည်။


Graphic Design ဆိုတာ အလှဆင်ပုံဖော်ခြင်းတစ်ခုတည်းမဟုတ်ဘဲ Message တစ်ခုကို Visual အနေနဲ့ ထိရောက်စွာ ဆက်သွယ်ပေးနိုင်ဖို့ De...
10/13/2026

Graphic Design ဆိုတာ အလှဆင်ပုံဖော်ခြင်းတစ်ခုတည်းမဟုတ်ဘဲ Message တစ်ခုကို Visual အနေနဲ့ ထိရောက်စွာ ဆက်သွယ်ပေးနိုင်ဖို့ Design Elements နဲ့ Design Principles တွေကို အသုံးချခြင်းဖြစ်ပါတယ်။

Graphic Design ရဲ့ အခြေခံမှာ

• Color: Content နဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ်အသုံးပြုခြင်း

• Typography: စာလုံးပုံစံ၊ အရွယ်အစားနဲ့ ဖတ်ရှုရလွယ်ကူမှုကို စီမံခြင်း

• Layout: Content တွေကို စနစ်တကျ နေရာချခြင်း

• Contrast: အရေးကြီးတဲ့အချက်တွေကို ပိုမိုထင်ရှားစေခြင်း

• Hierarchy: Audience က ဘာကို အရင်မြင်၊ ဘာကို နောက်မှဖတ်မလဲဆိုတာ စီစဉ်ခြင်း

စတဲ့ အခြေခံတွေက အရေးကြီးပါတယ်။

ဒါ့အပြင် Digital Design အတွက် Software Skills တွေ၊ Social Media Design၊ Image Manipulation၊ Vector Graphics နဲ့ Print Design စတဲ့ Practical Skills တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

ဒီလို Graphic Design အခြေခံနဲ့ Practical Skills တွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်

NGM Online School မှာ
“Creative Core Graphic Design Basic Training (Batch 2)” ကို မကြာခင်မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

3 လတာ Practical-based Training အဖြစ် သင်ကြားပေးမှာဖြစ်ပြီး Design Fundamentals ကနေ Portfolio Development အထိ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Beginner များလည်း တက်ရောက်နိုင်ပါတယ်။

Creative Skill တစ်ခုကို အခြေခံကနေ စတင်လေ့လာပြီး ကိုယ့်ရဲ့ Design Portfolio ကို တည်ဆောက်လိုသူများ NGM သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


YOUNG SPEAKER CHALLENGE 2026 GRAND FINALISTS ANNOUNCEMENTYoung Speaker Challenge 2026 ၏ Grand Final သို့ တက်ရောက်ယှဉ်ပြိ...
10/13/2026

YOUNG SPEAKER CHALLENGE 2026 GRAND FINALISTS ANNOUNCEMENT

Young Speaker Challenge 2026 ၏ Grand Final သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသော ပြိုင်ပွဲဝင်များ၏ စာရင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ ထုတ်ပြန်ကြေညာအပ်ပါသည်။

ပြိုင်ပွဲအဆင့်ဆင့်တွင် မိမိတို့၏ အရည်အချင်း၊ ယုံကြည်မှုနှင့် ပြောဆိုတင်ပြနိုင်စွမ်းများကို အကောင်းဆုံး ကြိုးစားပြသခဲ့ကြပြီး Grand Final သို့ တက်ရောက်ခွင့် ရရှိခဲ့ကြသော ပြိုင်ပွဲဝင်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။

Grand Final သို့ တက်ရောက်ခွင့်ရရှိသူများကို Division အလိုက် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

1. Rising Stars Division (မူလတန်းအောက်ဆင့်) – ၁၀ ဦး
2. Young Voices Division (မူလတန်းအထက်ဆင့်) – ၁၅ ဦး
3. Emerging Speakers Division (အလယ်တန်းအဆင့်) – ၁၁ ဦး
4. Future Leaders Division (အထက်တန်းအဆင့်) – ၁၇ ဦး

စုစုပေါင်း Grand Final သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူ ၅၃ ဦး ဖြစ်ပါသည်။

Grand Final သို့ တက်ရောက်ခွင့် ရရှိခဲ့ကြသော ပြိုင်ပွဲဝင် ၅၃ ဦးလုံးကို အထူးဂုဏ်ပြုအပ်ပါသည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးတွင်လည်း မိမိတို့၏ အတွေးအခေါ်များ၊ အများရှေ့တွင် ယုံကြည်မှုရှိရှိ ပြောဆိုတင်ပြနိုင်စွမ်းများနှင့် ထူးချွန်သော စွမ်းရည်များကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Address

1000 Hilltop Cir
College Park, MD
20742

Alerts

Be the first to know and let us send you an email when New Generation Myanmar - NGM Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share